Connect with us

Hi, what are you looking for?

News

KIAဌာနချုပ်နယ်မြေသို့ ဝင်လာသူတစ်ဦးတွင် ကိုဗစ်ပိုးတွေ့၊လိုင်ဇာရှိပြည်သူများအား ရောဂါပိုးရှိ၊မရှိစစ်ဆေး

ဆေးက နှစ်ခါထိုးတဲ့ဟာမျိုးရှိသလို တစ်ခါပဲထိုးတာ မျိုးလည်းရှိပါတယ်။ ကျွန်တော်တို့မိုင်ဂျာယန် ဘက်မှာတော့ တစ်ခါပဲထိုးတဲ့ ဆေးမျိုးတွေကို ထိုးကြတာ။ ကျွန်တော်တို့ လိုင်ဇာဘက်မှာ နှစ်ခါထိုးတာမျိုးတွေ ထိုးတာဖြစ်ပါတယ်။အားလုံးက တစ်သောင်းကျော် ထိုးပြီးသွားတာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ကချင်လက်နက်ကိုင်အဖွဲ့(KIO/KIA) ဌာနချုပ် လိုင်ဇာမြို့သို့ ဝင်ရောက်လာသူတစ်ဦးတွင် COVID-19 ရောဂါ ပိုးတွေ့ခဲ့၍ လက်ရှိတွင် မြို့တွင်းနေ ပြည်သူများအား ရောဂါပိုးရှိ၊မရှိ စစ်ဆေးနေကြောင်း KIO/KIA သတင်းနှင့်ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“အပြင်ကနေ ဝင်လာတဲ့ လူတစ်ယောက်ဆီက တွေ့ထားတာရှိပါတယ်။ ဒါပေမဲ့ မြို့တွင်းမှာ မနေ့က တစ်နေ့က တော်တော်များများတော့ စစ်ပါတယ်။ တို့ဖက်တွေ စစ်တာရှိပါတယ်။ ဒါပေမဲ့အခုထက်ထိတော့ ပိုးတွေ့တဲ့လူနာတွေ ထပ်တိုးတာမတွေ့ပါဘူး။ ဒီညတော့ ဘယ်လိုဖြစ်မလဲတော့ စောင့်နေတာဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ယနေ့ညနေပိုင်းတွင် ပြောကြားသည်။

ရောဂါပိုးရှိ၊မရှိ စစ်ဆေးမှုအပိုင်းကို ရပ်ကွက်အလိုက် ဆောင်ရွက်နေပြီး ပြည်သူလူထုအားလုံးကို စစ်ဆေးပေးသွားမည်ဟုဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ထို့ပြင် KIAနယ်မြေတွင်းရှိ ပြည်သူများအား COVID-19 ရောဂါကာကွယ်ဆေးများလည်းထိုးပေးလျက်ရှိကြောင်း ၎င်း ကဆိုသည်။

Public Service Announcement

Public Service Announcement

လက်ရှိအချိန်ထိ လူဦးရေတစ်သောင်းကျော်ကို ကာ ကွယ်ဆေး ထိုးနှံပေးပြီးဖြစ်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ကာကွယ်ဆေးက နှစ်ခါထိုးတဲ့ဟာမျိုးရှိသလို တစ်ခါပဲထိုးတာ မျိုးလည်းရှိပါတယ်။ ကျွန်တော်တို့မိုင်ဂျာယန် ဘက်မှာတော့ တစ်ခါပဲထိုးတဲ့ ဆေးမျိုးတွေကို ထိုးကြတာ။ ကျွန်တော်တို့ လိုင်ဇာဘက်မှာ နှစ်ခါထိုးတာမျိုးတွေ ထိုးတာဖြစ်ပါတယ်။အားလုံးက တစ်သောင်းကျော် ထိုးပြီးသွားတာဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

ကာကွယ်ဆေးကို တရုတ်နိုင်ငံ ကြက်ခြေနီအသင်းမှ ကူညီပေးသကဲ့သို့ အဖွဲ့အစည်းအနေဖြင့်လည်း ကာ ကွယ်ဆေးများကို ဝယ်ယူခဲ့ကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ကိုဗစ်ကပ်ရောဂါ တတိယလှိုင်းတွင် KIO နယ်မြေ မိုင်ဂျာယန်ဒေသ၌ ရောဂါပိုးတွေ့ရှိသူ ရာနှင့်ချီ ရှိခဲ့၍ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများကို ပိုမိုတင်းကြပ်စွာ လုပ်ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။