Connect with us

Hi, what are you looking for?

News

သပိတ်ကျင်းမြို့အနီး ဗဟိုပြု အင်အားပြင်းငလျှင်လှုပ်

မြန်မာနိုင်ငံ ပြည် တွင်း (သပိတ်ကျင်းမြို့၏ အရှေ့တောင်ဘက် (၅)မိုင်ခန့်အကွာ) အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၆.၃)အဆင့်ရှိ အင်အားပြင်းငလျှင်လှုပ်တာလို့ဆိုပါတယ် ။

ဒီ​နေ့ မွန်းလွှဲ ၃ နာရီ ၉ မိနစ်အချိန်မှာ ​သပိတ်ကျင်းမြို့ အနီးဗဟိုပြုပြီး ပြင်းအားရစ်ချ်တာစ​ကေး ၆ ဒသမ ၃ ရှိတဲ့အင်အားပြင်းထန်တဲ့​မြေငလျင်လှုပ်ခတ်သွား​ကြောင်း စစ်​ကောင်စီလက်​အောက်ခံ မိုး​လေဝသနဲ့ဇလ​ဗေဒညွန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

​မြေငလျှင် လှုပ်တာကို မန္တ​လေး ၊စစ်ကိုင်း ၊မ​ကွေး ၊ရှမ်းပြည်နယ်စတဲ့ ​ဒေသ​တွေက မြို့နယ်​ပေါင်း ဆယ်နဲ့ချီပြီး သိရှိခံစားရပါတယ်။

မန္တလေးတိုင်းအတွင်းက မန္တလေး၊ တံတားဦး၊ငါန်းဇွန်၊ ကျောက်ဆည်၊ မြစ်သား၊ မြင်းခြံ၊ မိတ္ထီလာ၊ သာစည်၊ ရမည်းသင်း၊ နေပြည်တော်၊ ပြင်ဦးလွင်၊ မိုးကုတ်၊ သပိတ်ကျင်း၊ စဥ့်ကူး၊ တကောင်းစတဲ့မြို့​တွေနဲ့ စစ်ကိုင်းတိုင်းအတွင်းက စစ်ကိုင်း၊ မုံရွာ၊ ချောင်းဦး၊ ရေဦး၊ ရွှေဘို၊ ကျောက်မြောင်း၊ ပင်လယ်ဘူး၊ ကျွန်းလှ၊ အရာတော်၊ အင်းတော်၊ မင်းကင်းစတဲ့ မြို့နယ်​တွေမှာပါ လှုပ်ရှား ခံစားရတယ်လို့ ​ဒေသခံ​တွေက ​ပြောပါတယ် ။

ဒါ့အပြင် ရှမ်းပြည်နယ်က မိုးမိတ်၊ ညောင်ရွှေ၊ ကျိုင်းတုံ၊ ညောင်ရွှေ၊ လားရှိုး၊ တောင်ကြီး၊ အောင်ပန်း၊ နမ့်ဆန်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ ရပ်စောက် စတဲ့မြို့နယ်​တွေ ၊မကွေးတိုင်းထဲက ရေစကြို စတဲ့ဒေသတွေမှာ သိသိသာသာ လှုပ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တစ်ကမ္ဘာလုံးမှာ ​မြေငလျှင်လှုပ်တာ​တွေကို မှတ်တမ်းတင်​ပေးတဲ့ အ​မေရီကန် အ​ခြေစိုက် USGS က​တော့ ​ရွှေဘိုမြို့ရဲ့ အ​ရှေ့​မြောက် ၄၆ ကီလိုမီတာကို ဗဟိုပြုပြီး ​မြေအနက် ၁၀ ကီလိုမီတာ မှာ လှုပ်ခဲ့တာ ဖြစ်ကာ ပြင်းအား ရစ်ချ်တာစ​ကေး ၅ ဒသမ ၅ ရှိတယ် လို့ထုတ်ပြန်ပါတယ်။​မြေအနက် ၁၀ ကီလိုမီတာမှာ လှုပ်တာ​ကြောင့် ​ဇောက်တိမ် ငလျှင်ဖြစ်ပြီး ဖျက်ဆီးနိုင်စွမ်းပိုကြီးမား​လေ့ရှိပါတယ်။​ လော​လောဆယ်မှာ​တော့ ငလျှင်လှုပ်တာ​ကြောင့် ပျက်စီးဆုံးရှုံးမှု သတင်း​တွေတက်မလာ​သေးပါဘူး။

မိုးဇလက​တော့ ကန့်ဘလူမြေငလျင်စခန်းမှ အရှေ့ တောင်ဘက် (၄၂)မိုင်ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံ ပြည် တွင်း (သပိတ်ကျင်းမြို့၏ အရှေ့တောင်ဘက် (၅)မိုင်ခန့်အကွာ) အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၆.၃)အဆင့်ရှိ အင်အားပြင်းငလျှင်လှုပ်တာလို့ဆိုပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေး PDF က သိမ်းပိုက်ထားသော စဥ့်ကူးနှင့်သပိတ်ကျင်းမြို့နယ်တို့တွင် အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်းပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၏ ပြောရေးဆိုခွင့်ရှိသူ ကိုအော်စမွန်က ပြောသည်။

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့အနီးတွင် အင်အားအသင့်အတင့်ရှိ​မြေငလျင် ငလျင်လှုပ်ခတ်သွားကြောင်း​ဒေသခံများက​ပြောသည်။

သတင်း

မန္တ​လေးတိုင်း၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၆ ရွာအား ဆန်အိတ် အပိုင်း ၃၀၀ နှင့် ကျပ်သိန်း ၅၀၀ မတည်လှူဒါန်းပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့(အောက်တိုဘာ၉ရက်)တွင် သတင်းထုတ်ပြန်သည်။

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ရွှေကျွန်းပင်ကျေးရွာအား စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ရာ ဒေသခံပြည်သူတစ်ဦးသေဆုံး၍ ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

Trending

Facebook