Connect with us

Hi, what are you looking for?

News

စစ်အာဏာရှင်ဖြုတ်ချ​ရေး ​နေ့စဥ်ချီတက်​နေတဲ့ မုံရွာမြို့ပင်မသပိတ်

မုံရွာမြို့​ဒေသခံများသည် စစ်အာဏာရှင်ဆန့်ကျင်​ရေး ​နေ့စဥ်မပျက်ဆင်နွှဲ​နေပြီး ​နေ့လည်ပိုင်းကလည်း ​ဒေသခံအချို့က ​ပြောက်ကြားသပိတ်ဖြင့် ချီတက်ဆန္ဒပြ​နေသည်။

စစ်အာဏာရှင်ဆန့်ကျင်​ရေးအဖြစ် မုံရွာမြို့ပင်မသပိတ်စစ်​ကြောင်းသည် ယ​နေ့ည​နေပိုင်းတွင် ချီတက်ဆန္ဒပြခဲ့ကြသည်။

မုံရွာမြို့​ဒေသခံများသည် စစ်အာဏာရှင်ဆန့်ကျင်​ရေး ​နေ့စဥ်မပျက်ဆင်နွှဲ​နေပြီး ​နေ့လည်ပိုင်းကလည်း ​ဒေသခံအချို့က ​ပြောက်ကြားသပိတ်ဖြင့် ချီတက်ဆန္ဒပြ​နေသည်။

‘မုံရွာမြို့တွင် ပင်မသပိတ်စစ်ကြောင်းသည် ယနေ့ ညနေပိုင်းတွင် ကျောင်းသားပြည်သူများ စစ်ကြောင်းနဲ့ အတူပူးပေါင်း၍ စစ်အာဏာရှင် အလိုမရှိကြောင်း ကြွေး ကြော်သံများနဲ့ ချီတက်ခဲ့ကြပြီး အောင်မြင်စွာ လူစုခွဲခဲ့ကြပါတယ် ၊မုံရွာမြို့တွင် မည်မျှပင် အတားအဆီးအမျိုးမျိုးရှိစေကာမူ စစ်အာဏာရှင်ကို အလိုမရှိကြသော လူငယ်များသည်မရရတဲ့နည်းနဲ့ အာဏာရှင်ကို တော်လှန်နေဆဲဖြစ်သည်’ဟု ပြည်သူ့ မီဒီယာကွန်ယက်-မုံရွာက ထုတ်ပြန်ထားသည်။

စစ်ခေါင်းဆောင်များက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက်ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်အာဏာကို မတရားသဖြင့်အတင်းအဓမ္မသိမ်းယူထားသည်မှာ ၁၇၉ ရက်ရှိပြီဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲသုံးလက်နက်များကိုအသုံးပြု၍ ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ်နေသော်လည်းပြည်သူများက စစ်အာဏာ ရှင်စနစ်အလိုမရှိကြောင်းငြိမ်းချမ်းသောနည်းလမ်းမျိုးစုံဖြင့် လမ်းပေါ်ထွက်၍ နိုင်ငံတစ်ဝန်း ဆန္ဒထုတ် ဖော်နေကြသည်မှာလည်း ၁၇၆ ရက်ရှိပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာမြို့နယ်အတွင်းက လယ်ဇင်ကျေးရွာနဲ့ သက္ကယ်ကျင်းကျေးရွာတွေမှာ လူတစုက Kpay နဲ့ Wavepay အကောင့်တွေကို တစ်ခု ကျပ် ၅၀,၀၀၀ ကနေ ၆၀,၀၀၀ ခန့်အထိပေးကာ လိုက်လံဝယ်ယူသူတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ် စစ်ကောင်စီတပ်ဂိတ်အနီးသေဆုံးနေတဲ့ အမျိုးသမီးဟာ ကြာပိုင်ကျေးရွာကနေ ဘုန်းကြီးမွေးနေ့ပွဲသွားရင်း ပျောက်ဆုံးသွားသူဖြစ်နေကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က ခရီးသည်တင်ယာဥ်တစ်စီးကို သေနတ်နဲ့ပစ်ခတ်လို့ ယာဥ်မောင်းသေဆုံးခဲ့ရပါတယ်။

ဆောင်းပါး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကိုရောက်ရင် ဒလီဗာရီ(ပစ္စည်းပို့)ဝန်ထမ်းတွေကိုကြည့်ပြီးစာဖတ်သူအနည်းငယ်အံ့သြနိုင်ပါတယ်။တခြားကြောင့်မဟုတ်ပါဘူး။ဒလီဗာရီဝန်ထမ်းတွေဟာ များသောအားဖြင့် လူငယ်လေးတွေ လုပ်ကြတာများပါတယ်။ ၂၀ ကျော် ၃၀ ကျော်တွေပေါ့။မုံရွာမြို့မှာတော့ တခြားဒေသက ဒလီဗာရီတွေထက် မတူတာက ပစ္စည်းပို့သူအများစုဟာ အသက်လေးဆယ်ကျော်တွေနဲ့ လူကြီးပိုင်းတွေ ဖြစ်နေတာပဲ။