မုံရွာမြို့ပင်မသပိတ်စစ်ကြောင်းသည် လူအင်အားအများအပြားဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ယနေ့နံနက်အစောပိုင်းတွင် အာရုဏ်ဦးသပိတ်အဖြစ် အဆိုပါမြို့လယ်မီးပွိုင့်အထိ ချီတက်ဆန္ဒပြခဲ့သည်။
“တိုက်ပိတ်လို့ ငြိမ်သွားမယ့်အထဲမှာအမှန်တရားမပါဘူး”စာသားပါ ဗီနိုင်းကိုင်ဆောင်၍ စစ်အာဏာရှင်အလိုမရှိကြောင်း ကြွေးကြော်ပြီး မီးတုတ်များကိုင်ဆောင် ချီတက်ဆန္ဒပြခြင်းဖြစ်သည်။
‘အတားအဆီး အမျိုးမျိုးကြားမှ မုံရွာပင်မသပိတ်စစ်ကြောင်းအပါအဝင် ရပ်ကွက်စစ်ကြောင်းများ သည်လည်း ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ တော်လှန်ရေး လှုပ်ရှားမှုများကို ဆောင်ရွက်လျှက်ရှိသည်’ဟု ပြည်သူ့ မီဒီယာကွန်ယက်-မုံရွာက ထုတ်ပြန်သည်။
စစ်ခေါင်းဆောင်များက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက်ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်အာဏာကို မတရားသဖြင့်အတင်းအဓမ္မသိမ်းယူထားသည်မှာ ၁၈၀ ရက်ရှိပြီဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲသုံးလက်နက်များကိုအသုံးပြု၍ ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ်နေသော်လည်းပြည်သူများက စစ်အာ ဏာရှင်စနစ်အလိုမရှိကြောင်းငြိမ်းချမ်းသောနည်းလမ်းမျိုးစုံဖြင့် လမ်းပေါ်ထွက်၍ နိုင်ငံတစ်ဝန်း ဆန္ဒထုတ်ဖော်နေကြသည်မှာလည်း ၁၇၇ ရက်ရှိပြီဖြစ်သည်။