Connect with us

Hi, what are you looking for?

News

နွေဦးတော်လှန်ရေးကာလအတွင်း စစ်တပ်ကပစ်သတ်မှုကြောင့် ပြည်သူ ၉၃၆ဦး သေဆုံးပြီး သေဒဏ်ချမှတ်ခံရသူ ၆၅ဦးရှိဟု အေအေပီပီထုတ်ပြန်

ကောက်ခံရရှိသည့် မှတ်တမ်းများအရ ဇူလိုင်၂၉ရက်တွင် ဆုံးသွားခဲ့သူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့် အတွက် အမှန်တကယ်ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ကြောင်း အေအေပီပီက ဆိုသည်။

-ဖမ်းဆီးချုပ်နှောင်ထားသူ ၅၄၂၅ဦးရှိပြီး ၂၅၅ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရ

စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး)ကာလအတွင်း စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့သည့် ပြည်သူအရေအတွက်မှာ ဇူလိုင်၂၈ရက်အထိ ၉၃၆ဦးရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ယမန်နေ့တွင် ထုတ်ပြန်သည်။

ကောက်ခံရရှိသည့် မှတ်တမ်းများအရ ဇူလိုင်၂၉ရက်တွင် ဆုံးသွားခဲ့သူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့် အတွက် အမှန်တကယ်ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ကြောင်း အေအေပီပီက ဆိုသည်။

အေအေပီပီ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီ၁ ရက်မှ ဇူလိုင်၂၉ ရက်အထိ ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသူ စုစုပေါင်း ၅၄၂၅ ဦးရှိပြီး ၎င်းတို့အနက်မှ ၂၅၅ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုပြစ်ဒဏ်ကျခံရသူများအနက်မှ အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦး အပါအဝင်၂၆ ဦးမှာ သေဒဏ်ချမှတ် ခံထားရသည်ဟုဆိုသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ ၁၉၆၃ ဦးရှိကြောင်း၊ ၎င်းတို့အနက်မှ မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ဦး အပါအဝင် ၁၁၈ ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရကာ ထို့ကြောင့်သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ဦးရှိပြီဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၂၈ရက်က မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် ဟံသာတိုက်ကျေးရွာမှ လူငယ်တစ်ဦးကို PDF နှင့်ချိတ်ဆက်သည်ဟုဆိုကာ လာရောက်ဖမ်းဆီးရာ မတွေ့သည့်အတွက် ၎င်း၏ဖခင်ဖြစ်သူ ကိုဖိုးဇော်ကို ဖမ်းဆီးသွားခဲ့ကြောင်း အေအေပီပီက ဖော်ပြထားသည်။

ထို့ပြင် ဇူလိုင် ၂၈ကလည်း ပရဟိတလုပ်ငန်းများတွင်ဦးဆောင်ပါဝင်နေသူတစ်ဦးဖြစ်သည့် တောင်ငူတက္ကသိုလ် သင်္ချာဌာနမှ ကိုဇင်ကိုကိုခန့်သည် အောက်စီဂျင်လိုအပ်နေသူများအတွက် ကူညီပေးနေစဉ် ဖမ်းဆီးခြင်း ခံခဲ့ရသည်ဟု ဆိုသည်။ ၎င်းနှင့်အတူ ကိုခန့်ဇော်ပိုင်ဦး (မျောက်ကြီး) အပါအဝင် ပြည်သူလေးဦးတို့လည်း ဖမ်းဆီးခြင်းခံခဲ့ရပြီး ကိုဇင်ကိုကိုခန့် နှင့် ကိခန့်ဇော်ပိုင်ဦး (မျောက်ကြီး)တို့ကို ဆက်လက်ထိန်းသိမ်းထားပြီး ပြည်သူသုံးဦးကို ပြန်လည်လွှတ်ပေးခဲ့သည်ဟု ဖော်ပြထားသည်။

ပျဉ်းမနားမြို့ရှိ ဘုန်းကြီးကျောင်း၌ တိမ်းရှောင်နေသော နေပြည်တော် ကျောင်းသားများသမဂ္ဂစစ်ကြောင်း၏ ဦးဆောင်သူတစ်ဦးဖြစ်သည့် ရမည်းသင်းနည်းပညာတက္ကသိုလ် ဒုတိယနှစ်ကျောင်းသား ကိုကျော်ဘိုဘိုခန့် ကိုလည်း အကြမ်းဖက်စစ်အုပ်စုမှ ဇူလိုင် ၂၇ ရက်တွင် ရိုက်နှက်ဖမ်းဆီးသွားပြီး ဖမ်းဆီးခြင်းခံရချိန်တွင် ကိုကျော်ဘိုဘိုခန့်မှာ ကျန်းမာရေးမကောင်းကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်ထားတဲ့ နယ်မြေ များလာပြီး စစ်တပ် ဆုံးရှုံးမှုများလာလို့ အများပြည်သူ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်မှု ဆက်တိုက် ပြုလုပ်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်မှာရှိတဲ့ကြသောင်းဆိပ်ရွာက စာသင်ကျောင်းကိုမနေ့ (စက်တင်ဘာ ၁၉ ရက်)ညပိုင်းကအာဏာသိမ်းစစ်တပ်ကဗုံးကြဲတာကြောင့်စာသင်ကျောင်းနဲ့ နေအိမ်အချို့ ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။