Connect with us

Hi, what are you looking for?

News

တိုက်ပိတ်လို့ ငြိမ်သွားမယ့်အထဲမှာ အမှန်တရားမပါဘူးဆိုတဲ့ လှိုင်သာယာကလူငယ်တွေရဲ့ သပိတ်

ယနေ့နံနက်က မန္တလေးမြို့တွင်ပြုလုပ်သည့် စစ်အာဏာရှင်ဖြုတ်ချရေး မဟာတပ်ပေါင်းစုသပိတ်စစ်ကြောင်းနှင့် မုံရွာမြို့ပင်မသပိတ်စစ်ကြောင်းကလည်း အဆိုပါစာသားပါဗီနိုင်းကို ကိုင်ဆောင်ဆန္ဒပြခဲ့ကြသည်။

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်တွင် လူငယ်များဦးဆောင်၍ စစ်အာဏာရှင်ဖြုတ်ချရေးသပိတ်အဖြစ်ယနေ့(ဇူလိုင်၃၀ရက်)နံနက်က ချီတက်ဆန္ဒပြခဲ့ကြသည်။

ဆန္ဒပြလူငယ်များက ‘တိုက်ပိတ်လို့ ငြိမ်သွားမယ့်အထဲမှာ အမှန်တရားမပါဘူး’ စာသားပါဗီနိုင်းကိုင်ဆောင်၍ချီတက်ဆန္ဒပြခဲ့သည်။

ယနေ့နံနက်က မန္တလေးမြို့တွင်ပြုလုပ်သည့် စစ်အာဏာရှင်ဖြုတ်ချရေး မဟာတပ်ပေါင်းစုသပိတ်စစ်ကြောင်းနှင့် မုံရွာမြို့ပင်မသပိတ်စစ်ကြောင်းကလည်း အဆိုပါစာသားပါဗီနိုင်းကို ကိုင်ဆောင်ဆန္ဒပြခဲ့ကြသည်။

စစ်ခေါင်းဆောင်များက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက်ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်အာဏာကို မတရားသဖြင့်အတင်းအဓမ္မသိမ်းယူထားသည်မှာ ၁၈၀ ရက်ရှိပြီဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲသုံးလက်နက်များကိုအသုံးပြု၍ ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ်နေသော်လည်းပြည်သူများက စစ်အာ ဏာရှင်စနစ်အလိုမရှိကြောင်းငြိမ်းချမ်းသောနည်းလမ်းမျိုးစုံဖြင့် လမ်းပေါ်ထွက်၍ နိုင်ငံတစ်ဝန်း ဆန္ဒထုတ် ဖော်နေကြသည်မှာလည်း ၁၇၇ ရက်ရှိပြီဖြစ်သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး)ကာလအတွင်း စစ်တပ်၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့သည့် ပြည်သူအရေအတွက်မှာ ဇူလိုင်၂၈ရက်အထိ ၉၃၆ဦးရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

ကောက်ခံရရှိသည့် မှတ်တမ်းများအရ ဇူလိုင်၂၉ရက်တွင် ဆုံးသွားခဲ့သူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့် အတွက် အမှန်တကယ်ကျဆုံးသွားသူများမှာ အဆိုပါအရေအတွက်ထက် ပိုများနေနိုင်ကြောင်း အေအေပီပီက ဆိုသည်။

အေအေပီပီ၏ မှတ်တမ်းပြုချက်များအရ ဖေဖော်ဝါရီ၁ ရက်မှ ဇူလိုင်၂၉ ရက်အထိ ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသူ စုစုပေါင်း ၅၄၂၅ ဦးရှိပြီး ၎င်းတို့အနက်မှ ၂၅၅ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ကမ္ဘာ့အကြီးဆုံးအနုပညာစင်မြင့်ဖြစ်တဲ့ အော်စကာ (Oscars) ဆုပေးပွဲကြီး ပြီးဆုံးသွားခဲ့ပါပြီ။ ဒီနှစ်မှာလည်း ရုပ်ရှင်တွေရဲ့ ဖျော်ဖြေရေးသက်သက်ထက် ကမ္ဘာမြေပေါ်က နာကျင်မှုတွေကို အော်စကာဆုပေးပွဲရဲ့ စင်မြင့်ပေါ်ကနေ ပြသပေးခဲ့ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်မှာ ညအချိန်ကင်းပတ်ပြီးပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နဲ့ ပျူစောထီးတွေ လိုက်ပါလာတဲ့ယာဉ်ကို နည်းပညာမြင့်အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ꩻ လှိုင်သာယာအနောက်ပိုင်းမြို့နယ်က အ.မ.က (၂၃) မူလတန်း စာသင်ကျောင်း ဒီကနေ့ (ဖေဖော်ဝါရီ ၁၆) နံနက်မှာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်ရှိ ဒဂုံဧရာအဝေးပြေးတွင် အရပ်ဝတ်များဖြင့် ပေါ်တာအဆွဲခံရသည့်ဖြစ်စဉ်ကြုံခဲ့ရကြောင်း ကာယကံရှင် ကိုထက်ဝေယံဖြိုးက ပြောသည်။