Connect with us

Hi, what are you looking for?

News

အမရပူရမြို့နယ်ကျောင်းသားများသမဂ္ဂရဲ့ စစ်အာဏာရှင်ဖြုတ်ချရေးသပိတ်

စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲသုံးလက်နက်များကိုအသုံးပြု၍ ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ် နေသော်လည်းပြည်သူများက စစ်အာဏရှင်စနစ်အလိုမရှိကြောင်း ငြိမ်းချမ်းသောနည်းလမ်းမျိုးစုံဖြင့် လမ်းပေါ်ထွက်၍ နိုင်ငံတစ်ဝန်း ဆန္ဒထုတ်ဖော်နေကြသည်မှာလည်း၁၇၈ ရက်ရှိပြီဖြစ်သည်။

မန္တလေးမြို့ရှိ မန္တလေး-စစ်ကိုင်းလမ်းမပေါ်တွင် စစ်အာဏာရှင်ဖြုတ်ချရေးအဖြစ်သပိတ်အဖြစ် အမရပူရမြို့နယ် ကျောင်းသားများသမဂ္ဂအဖွဲ့က ယနေ့တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။
မန္တလေးမြို့တွင် စစ်အာဏာရှင်ဖြုတ်အဖြစ် သပိတ်စစ်ကြောင်းအသီးသီးက နေ့စဥ်မပျက်ချီတက်ဆန္ဒပြ နေကြသည်။

စစ်ခေါင်းဆောင်များက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက်ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်အာဏာကို မတရားသဖြင့်အတင်းအဓမ္မသိမ်းယူထားသည်မှာ ၁၈၁ ရက်ရှိပြီဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲသုံးလက်နက်များကိုအသုံးပြု၍ ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ် နေသော်လည်းပြည်သူများက စစ်အာဏရှင်စနစ်အလိုမရှိကြောင်း ငြိမ်းချမ်းသောနည်းလမ်းမျိုးစုံဖြင့် လမ်းပေါ်ထွက်၍ နိုင်ငံတစ်ဝန်း ဆန္ဒထုတ်ဖော်နေကြသည်မှာလည်း၁၇၈ ရက်ရှိပြီဖြစ်သည်။

စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း အာဏာ သိမ်းစစ်တပ်၏ ပစ်သတ်မှုကြောင့် ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ဇူလိုင်၂၉ရက်အထိ ၉၃၉ ဦးကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ယနေ့ညပိုင်းတွင် ထုတ်ပြန်သည်။
အဆိုပါအရေအတွက်သည် အေအေပီပီမှ ကောက်ယူရရှိထားသည့် အရေ အတွက်ဖြစ်ပြီး အဆိုပါအရေ အတွက်ထက် ပိုများနေနိုင်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့က ကျဆုံးသွားခဲ့သည့် မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်နှင့် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်တို့မှ အပြစ်မဲ့ ပြည်သူသုံးဦး၏ အချက်အလက်များကို ယမန်နေ့တွင်ကောက်ယူရရှိနိုင်ခဲ့ပြီး ယင်းနေ့ ကျဆုံးသွား ခဲ့သူများကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း အေအေပီပီက ထုတ်ပြန်သည်။

အေအေပီပီ၏ မှတ်တမ်းများအရ ဖေဖော်ဝါရီ၁ ရက်မှ ဇူလိုင်၃၀ ရက်အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၅၄၄၂ ဦးရှိပြီး ၎င်းတို့အနက်မှ ၂၅၅ ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း ဖော်ပြ ထားသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦး အပါအဝင် ၂၆ ဦးမှာ သေဒဏ်ချ မှတ်ခံထား ရကြောင်း အေအေပီပီက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ငလျင်ရှောင်ကလေးငယ်တစ်ဦး ပိုးထိခဲ့လို့ ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ငလျင်ကြောင့် လူ ၂၀၀ ဝန်းကျင် သေဆုံးခဲ့ရတဲ့ မန္တလေးတိုင်း ၊ အမရပူရမြို့နယ် ထဲက ဗုံးအိုးရွာမှာ အသက်ရှင်ကျန်ရစ်သူတွေအတွက် နေထိုင်စားသောက်ရေး အကူအညီ လိုအပ်နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာ စစ်ကောင်စီရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးအိမ်အနီးက ပိုးထည်တိုက် ဖောက်ထွင်းခံရပြီး ကျပ်သိန်းလေးရာဖိုးနီးပါး ဆုံးရှုံးခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။

သတင်း

မေလ ၅ရက် ညနေ ၄ နာရီခန့်တွင် ယင်းစစ်ဆင်ရေးကို NMD နှင့်အတူ Demon Revolution Army အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။