Connect with us

Hi, what are you looking for?

News

မြတောင်အပါအဝင် သပိတ်စစ်ကြောင်းများမှ လူငယ်များစုစည်းနေသည့် နေအိမ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က စီးနင်းပစ်ခတ်ဖမ်းဆီးရာ ၁၁ဦးဖမ်းဆီးခံရ

ဖေဖော်ဝါရီလ ၁ ရက်မှ ယနေ့ ဇူလိုင်၃၁ ရက်အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၅၄၄၄ ဦးရှိပြီး ၎င်းတို့အနက်မှ ၂၅၅ ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု ထုတ်ပြန်သည်။ ထိုပြစ်ဒဏ်ကျခံရ သူများအနက်မှ အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦးအပါအဝင် ၂၆ ဦးမှာ သေဒဏ်ချမှတ်ခံထားရကြောင်း ထပ်မံဖော်ပြထားသည်။

နွေဦးတော်လှန်ရေးကာလအတွင်းကျဆုံးခဲ့သည့် ပြည်သူ ၉၄၀ဦးရှိဟု အေအေပီပီထုတ်ပြန်

မန္တလေးမြို့တွင် မြတောင်၊ဘုရားကြီးနှင့် မန္တလေးလူငယ်သပိတ်စစ်ကြောင်းများမှ လူငယ်များ စုစည်း နေထိုင်နေထိုင်ရာ နေအိမ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က စီးနင်းပစ်ခတ်ဖမ်းဆီးရာ လူငယ်၁၁ဦး ဖမ်းဆီးခံခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်သည်။

ယနေ့(ဇူလိုင်၃၁ရက်)နံနက်အစောပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီး မြို့နယ်ရှိ သပိတ်စစ်ကြောင်း အဖွဲ့ဝင်များ စုစည်းနေထိုင်ရာနေအိမ်ကို အကြမ်းဖက်စစ်အုပ်စုမှ စီးနင်း၍ ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်သည်။ အဆိုပါပစ်ခတ်ဖမ်းဆီးမှုတွင် ကျည်ထိဒဏ်ရာရရှိသည့် လူငယ်တစ်ဦးအပါအဝင်၁၁ ဦး ဖမ်းဆီးခြင်းခံခဲ့ရကြောင်း ကနဦးသိရပြီး အဆိုပါလူငယ်များမှာ မြတောင်၊ ဘုရားကြီး နှင့်မန္တလေးလူငယ်သပိတ် စစ်ကြောင်းများမှ လူငယ်များဖြစ်ကြောင်း အေအေပီပီက ဆိုသည်။

ထို့အပြင် ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်အတွင်း ဆန္ဒထုတ် ဖော်နေသည့် မန္တလာတက္ကသိုလ်သပိတ်စစ်ကြောင်း လူစုခွဲ၍ အိမ်ပြန်ချိန်တွင် လူငယ်သုံးဦး စီးနင်းလာသည့် ဆိုင်ကယ်တစ်စီးကို အရပ်ဝတ်ဖြင့် အကြမ်းဖက်စစ်အုပ်စု၏ တပ်ဖွဲ့ဝင်တချို့မှ အိမ်စီးကားဖြင့် တိုက်၍ ဖမ်းဆီးခဲ့ရာ အသက် ၁၇ နှစ် အရွယ်မောင်ဇင်မျိုးခန့် ဖမ်းဆီးခြင်းခံခဲ့ရကြောင်း အေအေပီပီက ထုတ်ပြန်သည်။

ထို့အပြင် ယနေ့နံနက်အစောပိုင်းတွင် ကချင်ပြည်နယ် မိုးကောင်းမြို့နယ် နမ္မတီးမြို့အနောက်ဘက်ရှိ ဆီးဒင်ယန် ကျေးရွာတွင် အကြမ်းဖက်စစ်အုပ်စုနှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ ပြီးနောက် မိုးကောင်းမြို့အနီးတွင် တပ်စွဲထားသောအမြောက်တပ်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ဆီးဒင်ယန် ကျေးရွာဒေသခံ ဦးမိုးကျော်၏ ဦးခေါင်းကို ထိမှန်ကာကျဆုံးသွားခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ရန်ကုန်)နှင့် မြို့နယ်သပိတ်အင်အားစုများ စုပေါင်း၍ ယမန်နေ့ (ဇူလိုင် ၃၀) ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်တွင် ချီတက်ဆန္ဒထုတ်ဖော်နေစဉ် အိမ်စီးကားဖြင့် ရောက်ရှိနေသော အရပ်ဝတ်များ ဝတ်ဆင်ထားသည့် အကြမ်းဖက်စစ်အုပ်စုမှ သေနတ်ဖြင့် ပစ်ဖောက်၍ အကြမ်းဖက် ဖြိုခွင်းရာ သပိတ်စစ်ကြောင်း၌ ပါဝင်သည့် လူငယ်သုံးဦးထက်မနည်း ရိုက်နှက် ဖမ်းဆီးခြင်း ခံခဲ့ရသည်ဟု ထုတ်ပြန်သည်။

စစ်အာဏာရှင်တော်လှန်ရေး(နွေဦးတော်လှန်ရေး) ကာလအတွင်းကျဆုံးခဲ့ရသည့် ပြည်သူများမှာ ယနေ့ (ဇူလိုင်၃၁ရက်)အထိ ၉၄၀ဦး ရှိပြီဖြစ်ကြောင်း အေအေပီပီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါအရေအတွက်သည် အေအေပီပီမှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး ထိုအရေအတွက်ထက် ပိုများနေနိုင်ကြောင်း အေအေပီပီက ဆိုသည်။

ဖေဖော်ဝါရီလ ၁ ရက်မှ ယနေ့ ဇူလိုင်၃၁ ရက်အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၅၄၄၄ ဦးရှိပြီး ၎င်းတို့အနက်မှ ၂၅၅ ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု ထုတ်ပြန်သည်။ ထိုပြစ်ဒဏ်ကျခံရ သူများအနက်မှ အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦးအပါအဝင် ၂၆ ဦးမှာ သေဒဏ်ချမှတ်ခံထားရကြောင်း ထပ်မံဖော်ပြထားသည်။

ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ ၁၉၆၄ ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ဦး အပါအဝင်၁၁၈ ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရ၍ သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း၆၅ ဦးရှိပြီဟု အေအေပီပီက အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။