Connect with us

Hi, what are you looking for?

LuduNwayOo

News

တောင်ဥက္ကလာကရွှေအိုးဆေးဆိုင် ပုံမှန်အတိုင်းပြန်ဖွင့်မယ်

စစ်ကောင်စီရဲ့လက်နက်ကိုင်တပ် မြို့နယ်ရဲတပ်ဖွဲ့က ကိုဗစ်စည်းကမ်းနဲ့မညီလို့ဆိုပြီး လာရောက်တားမြစ်တာကြောင့် တိုကင် ၁၀၀ လောက်အရောက်မှာ ဆေးဆိုင်ပိတ်ပြီး ရောင်းဝယ်မှုရပ်ဆိုင်းခဲ့ရတာပါ။

(ဆေးဝယ်ဖို့လာတန်းစီတဲ့သူတွေများတာကြောင့်လို့ အကြောင်းပြပြီး စစ်ကောင်စီရဲ့လက်နက် ကိုင်တွေက ဆိုင်ပိတ်ခိုင်းတဲ့ဖြစ်စဉ် ဇူလိုင် ၃၁ ရက်က ဖြစ်ပွားခဲ့ပါတယ်၊ ဓာတ်ပုံ - CJ)

တောင်ဥက္ကလာပမြို့နယ် နန္ဒဝန်ဈေးအနီးမှာရှိတဲ့ ရွှေအိုးဆေးဆိုင်ကို ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်ပေးသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

“ဆိုင်အားပိတ်သိမ်းခဲ့ခြင်းမဟုတ်ဘဲ အဆိုပါ ရွှေအိုးဆေးဆိုင်(နန္ဒဝန်ဈေးအနီးဆိုင်ခွဲ)အားလည်း မနက်ဖြန် 01/August/2021 မှစ၍ ပုံမှန်အတိုင်း ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ပါသည်”လို့ ရွှေအိုးဆေးဆိုင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ယမန်နေ့(ဇူလိုင် ၃၁)က ရွှေအိုးဆေးဆိုင်မှာ Enoxaparin သွေးကျဲဆေးကို မူရင်းရောင်းဈေးအတိုင်း လူတစ်ဦးလျှင် ဆရာဝန်ဆေးစာပါလာပါက (၂)လုံးနှုန်းနဲ့ ရောင်းချပေးခဲ့ရာ ဆေးဝယ်ယူဖို့ လာရောက်တန်းစီသူများပြားခဲ့ပါတယ်။

ဒါကို စစ်ကောင်စီရဲ့လက်နက်ကိုင်တပ် မြို့နယ်ရဲတပ်ဖွဲ့က ကိုဗစ်စည်းကမ်းနဲ့မညီလို့ဆိုပြီး လာရောက်တားမြစ်တာကြောင့် တိုကင် ၁၀၀ လောက်အရောက်မှာ ဆေးဆိုင်ပိတ်ပြီး ရောင်းဝယ်မှုရပ်ဆိုင်းခဲ့ရတာပါ။

Public Service Announcement

Public Service Announcement

ဆေးဆိုင်ကို ပြန်လည်ဖွင့်လှစ်ရောင်းချတဲ့အခါ လိုအပ် ချက်တွေ ပြုပြင်ဆောင်ရွက်သင့်တာတွေရှိပါက သင်ခန်းစာယူပြီး နောင်မှာ ယခုထက်ပိုမိုကောင်းမွန်စေဖို့နဲ့ Covid-19 စည်းကမ်းတွေနဲ့အညီ စနစ်တကျ ကြိုးစားဆောင်ရွက်သွားမယ့်အကြောင်းကိုလည်း ရွှေအိုးဆေးဆိုင်က အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

News

"မြင်နေရတယ်။ သေနတ်ဒင်တွေနဲ့ထု၊ အော်ဟစ်နေတာ။ သေနတ်သံတွေကလည်း အကျယ်ကြီး၊ လက်နက်အားကိုးနဲ့ သေချင်းဆိုးတွေ" ဟု ယင်းရပ်ကွက်တွင်နေထိုင်သူတစ်ဦးကပြောသည်။

News

နိုဝင်ဘာ ၂ ရက်မနက် ၅နာရီ မိနစ် ၄၀တွင် ပထမအကြိမ်ပေါက်ကွဲမှုဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်သားများရောက်ရှိလာချိန် ၅နာရီ ၄၅ မိနစ်တွင် ဒုတိယအကြိမ်ထပ်မံပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

ဗီဒီယို

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်ကောင်စီက မတရားသဖြင့် အာဏာသိမ်းပိုက်ထားသည်မှာ ယနေ့ ၁၄၃ ရက် ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။