Connect with us

Hi, what are you looking for?

News

မီးလိုက်ဖြတ်နေသည့် တောင်ဥက္ကလာပလျှပ်စစ်ရုံး ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်

နိုဝင်ဘာ ၂ ရက်မနက် ၅နာရီ မိနစ် ၄၀တွင် ပထမအကြိမ်ပေါက်ကွဲမှုဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်သားများရောက်ရှိလာချိန် ၅နာရီ ၄၅ မိနစ်တွင် ဒုတိယအကြိမ်ထပ်မံပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

(တောင်ဥက္ကလာပမြို့နယ် လျှပ်စစ်ဝန်ထမ်းများ မီးလိုက်လံဖြတ်တောက်နေသည်ကို အောက်တိုဘာလကတွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

မီတာခမဆောင်သည့် အိမ်များကို မီးလိုက်လံတောက်ဖြတ်နေသည့် တောင်ဥက္ကလာပမြို့နယ် လျှပ်စစ်မီတာရုံးကို ယနေ့နံနက်က နှစ်ကြိမ်တိုင်ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသည်။

နိုဝင်ဘာ ၂ ရက်မနက် ၅နာရီ မိနစ် ၄၀တွင် ပထမအကြိမ်ပေါက်ကွဲမှုဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်သားများရောက်ရှိလာချိန် ၅နာရီ ၄၅ မိနစ်တွင် ဒုတိယအကြိမ်ထပ်မံပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

(တောင်ဥက္ကလာပမြို့နယ် လျှပ်စစ်ဝန်ထမ်းများ မီးလိုက်လံဖြတ်တောက်နေသည်ကို အောက်တိုဘာလကတွေ့ရစဥ်၊ ဓာတ်ပုံ – CJ)

ထိုပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်းနှင့် အကြမ်းဖက်စစ်ကောင်စီများ အင်အားအများအပြားလည်း ချထားသည်ဟု ဒေသခံများက ပြောသည်။

“ပေါက်ကွဲပြီးတော့ မီးခိုးတွေထွက်လာတယ်။ပြီးတော့ လုံခြုံရေးတွေရောက်လာပြီး ဟိုရှာဒီရှာလုပ်နေကြတယ်”ဟု တောင်ဥက္ကလာပမြို့နယ်တွင်နေထိုင်သူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

တောင်ဥက္ကလာပမြို့နယ် လျှပ်စစ်မီတာရုံးသည် ပြီးခဲ့သည့် အောက်တိုဘာအတွင်း မီတာခမဆောင်သည့် နေအိမ်များကို လျှပ်စစ်မီးလိုက်ခံဖြတ်တောက်နေသည့် လျှပ်စစ်မီတာရုံးဖြစ်သည်။ အောက်တိုဘာ ၂၂ ရက်တွင် တောင်ဥက္ကလာပ (၇)ရပ်ကွက်အတွင်း နေအိမ် ၁၀၀ကျော်ကို မီတာခမဆောင်ဟုဆိုကာ လျှပ်စစ်မီးဖြတ်တောက်ခဲ့ခြင်းဖြစ်သည်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့(NUG)က လျှပ်စစ်မီတာခအတင်းအကျပ်ကောက်ခံသူများကို နိုင်ငံတော်ကျေးဇူးသစ္စာဖောက်ဖျက်ပုန်ကုန်သူအဖြစ် အရေးယူမည်ဟု အောက်တိုဘာ ၂၅ ရက် သတိပေးထားသည်။

စစ်တပ်အာဏာသိမ်းခြင်းကို ဆန့်ကျင်သည့်အနေဖြင့် လစဉ်ပေးဆောင်နေရသည့် မီတာခများကို အများပြည်သူက မပေးဆောင်ဘဲ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်နေကြခြင်း ဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီနေ့ စက်တင်ဘာလ ၉ရက် ညနေ ၆နာရီခန့်က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ အဆိုပါ မြို့ခံတွေက ပြောပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဘိုလီးဗီယားနိုင်ငံက စစ်တန်းလျား တစ်ခုမှာ ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

Facebook