Connect with us

Hi, what are you looking for?

LuduNwayOo

News

တောင်ဥက္ကလာနဲ့ သင်္ဃန်းကျွန်းမှာ စစ်​ကောင်စီတပ်​တွေဝင်​မွှေလို့ ဖမ်းဆီးခံရသူ​တွေရှိပြီး တစ်ဦး​သေဆုံး

“မြင်နေရတယ်။ သေနတ်ဒင်တွေနဲ့ထု၊ အော်ဟစ်နေတာ။ သေနတ်သံတွေကလည်း အကျယ်ကြီး၊ လက်နက်အားကိုးနဲ့ သေချင်းဆိုးတွေ” ဟု ယင်းရပ်ကွက်တွင်နေထိုင်သူတစ်ဦးကပြောသည်။

People's Spring
People's Spring

တောင်ဥက္ကလာနှင့် သင်္ဃန်းကျွန်းမြို့နယ်များ၌ ယနေ့ညအ​စောပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များက အိမ်များအတွင်းဝင်ရောက်၍ပစ်ခတ်ဖမ်းဆီးခဲ့သောကြောင့် လူငယ်တစ်ဦးသေဆုံးကာ ခြောက်ဦးခန့်အဖမ်းခံခဲ့ရကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁၆ ရက် ညနေ ၆ နာရီ ခွဲကျော်တွင် တောင်ဥက္ကလာပမြို့နယ် ၉ ရပ်ကွက် ရှိ တိုက်ခန်းတစ်ခန်းကို အာဏာသိမ်းစစ်ကောင်စီများက ဝင်ရောက်စီးနင်းခဲ့ပြီး လူငယ်လေးဦးခန့်ဖမ်းဆီးသွားကြောင်း ယင်းရပ်ကွက်နေသူများကပြောသည်။

“မြင်နေရတယ်။ သေနတ်ဒင်တွေနဲ့ထု၊ အော်ဟစ်နေတာ။ သေနတ်သံတွေကလည်း အကျယ်ကြီး၊ လက်နက်အားကိုးနဲ့ သေချင်းဆိုးတွေ” ဟု ယင်းရပ်ကွက်တွင်နေထိုင်သူတစ်ဦးကပြောသည်။

ထို့အပြင် သင်္ဃန်းကျွန်းမြို့နယ် ကြီးပွားရေးရပ်ကွက်ရှိ အိမ်တစ်အိမ်ကိုလည်း ယနေ့ည ကိုးနာရီခွဲ အချိန်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက်၍ ဝင်ရောက်ခဲ့ရာ လူငယ်တစ်ဦးသေဆုံးပြီး နှစ်ဦးခန့် ဖမ်းဆီးခံခဲ့ရကြောင်း ယင်းနေရာတွင်နေထိုင်သူများကပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။