Connect with us

Hi, what are you looking for?

News

တောင်ဥက္ကလာနဲ့ သင်္ဃန်းကျွန်းမှာ စစ်​ကောင်စီတပ်​တွေဝင်​မွှေလို့ ဖမ်းဆီးခံရသူ​တွေရှိပြီး တစ်ဦး​သေဆုံး

“မြင်နေရတယ်။ သေနတ်ဒင်တွေနဲ့ထု၊ အော်ဟစ်နေတာ။ သေနတ်သံတွေကလည်း အကျယ်ကြီး၊ လက်နက်အားကိုးနဲ့ သေချင်းဆိုးတွေ” ဟု ယင်းရပ်ကွက်တွင်နေထိုင်သူတစ်ဦးကပြောသည်။

People's Spring
People's Spring

တောင်ဥက္ကလာနှင့် သင်္ဃန်းကျွန်းမြို့နယ်များ၌ ယနေ့ညအ​စောပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်များက အိမ်များအတွင်းဝင်ရောက်၍ပစ်ခတ်ဖမ်းဆီးခဲ့သောကြောင့် လူငယ်တစ်ဦးသေဆုံးကာ ခြောက်ဦးခန့်အဖမ်းခံခဲ့ရကြောင်း သတင်းရရှိသည်။

နိုဝင်ဘာ ၁၆ ရက် ညနေ ၆ နာရီ ခွဲကျော်တွင် တောင်ဥက္ကလာပမြို့နယ် ၉ ရပ်ကွက် ရှိ တိုက်ခန်းတစ်ခန်းကို အာဏာသိမ်းစစ်ကောင်စီများက ဝင်ရောက်စီးနင်းခဲ့ပြီး လူငယ်လေးဦးခန့်ဖမ်းဆီးသွားကြောင်း ယင်းရပ်ကွက်နေသူများကပြောသည်။

“မြင်နေရတယ်။ သေနတ်ဒင်တွေနဲ့ထု၊ အော်ဟစ်နေတာ။ သေနတ်သံတွေကလည်း အကျယ်ကြီး၊ လက်နက်အားကိုးနဲ့ သေချင်းဆိုးတွေ” ဟု ယင်းရပ်ကွက်တွင်နေထိုင်သူတစ်ဦးကပြောသည်။

ထို့အပြင် သင်္ဃန်းကျွန်းမြို့နယ် ကြီးပွားရေးရပ်ကွက်ရှိ အိမ်တစ်အိမ်ကိုလည်း ယနေ့ည ကိုးနာရီခွဲ အချိန်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ပစ်ဖောက်၍ ဝင်ရောက်ခဲ့ရာ လူငယ်တစ်ဦးသေဆုံးပြီး နှစ်ဦးခန့် ဖမ်းဆီးခံခဲ့ရကြောင်း ယင်းနေရာတွင်နေထိုင်သူများကပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။

Facebook