Connect with us

Hi, what are you looking for?

News

အာဏာသိမ်းပြီးခြောက်လအတွင်း နိုင်ငံရေးနဲ့ ပြည်သူ့ကျန်းမာရေးဆိုးရွားလာတယ်လို့ ကုလအဖွဲ့အစည်းနှစ်ခုပူးတွဲ ထုတ်ပြန်

Women တို့ဟာ မိတ်ဖက်အဖွဲ့တွေနဲ့အတူ အသက်ကယ်ဆယ်ရေး လူမှုဘ၀ဆိုင်ရာနဲ့ ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုတွေကို မြန်မာနိုင်ငံရှိ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ ရရှိစေဖို့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

(ရန်ကုန်မြို့တွင် ကိုဗစ်လူနာများအတွက် ​အောက်ဆီဂျင်ဖြည့်ရန် တန်းစီ​စောင့်ဆိုင်း​နေသူများကို ​တွေ့ရစဥ်၊ဓါတ်ပုံ - CJ)

မြန်မာနိုင်ငံဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် ခြောက်လတာကာလအတွင်း နိုင်ငံရေးနဲ့ ပြည်သူ့ကျန်းမာရေးဆိုင်ရာ အကျပ်အတည်းတွေကို ဆိုးရွားစွာ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂအဖွဲ့အစည်းနှစ်ခုဖြစ်တဲ့ UNFPA နဲ့ UN Women တို့က ဒီနေ့ ပူးတွဲထုတ်ပြန်ပါတယ်။

ပဋိပက္ခဖြစ်ပွားမှုတွေ မြင့်တက်လာမှုနဲ့အတူ အမျိုး သမီးတွေနဲ့ မိန်းကလေးငယ်တွေရဲ့ ဘဝတွေဟာ လွန်စွာစိုးရိမ်ရဖွယ်ရှိနေပြီး လူမှုစီးပွားဆိုင်ရာ အခြေအနေများ ယိုယွင်းပျက်စီးလာခြင်းကြောင့် အရင်က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့ပေးမှုအောက်မှာ မပါဝင်ခဲ့တဲ့ လူပေါင်းသိန်းချီကာ လူသားချင်း စာနာထောက်ထားမှုအကူအညီတွေ လိုအပ်နေတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ၁ ရက်ကစလို့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ အရပ်ဘက်လူမှုအဖွဲ့အစည်း ခေါင်းဆောင်များ၊ ပြည်သူ့ ဝန်ထမ်းများ၊ တက်ကြွလှုပ်ရှားသူများ၊ သတင်းသမားများ၊ အနုပညာရှင်များနဲ့ လူထုကိုသြဇာလွှမ်းမိုးသူတွေအဖြစ် ရှေ့တန်းကနေ နိုင်ငံတော်ရဲ့ အနာဂတ်အတွက် မျှော်လင့်ချက်တွေကို ထုတ်ဖော်ခဲ့ကြပါတယ်။

UNFPA နဲ့ UN Women အဖွဲ့တို့ဟာ မြန်မာနိုင်ငံရှိ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေနဲ့အတူ တသားတည်း ရပ်တည်နေပြီး သူတို့ရဲ့ အသံကို နား ထောင်ကြဖို့နဲ့ လူသားအားလုံးနဲ့သက်ဆိုင်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကတိကဝတ်တွေကို လိုက်နာဖော်ဆောင်ဖို့ ပြည်တွင်း၊ ပြည်ပ သက်ဆိုင် ရာ ဆက်စပ်ပတ်သက်သူများအားလုံးကို တိုက်တွန်းလိုက်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် မတရားဖမ်းဆီးထိန်းသိမ်းထားသူများအားလုံးကို ပြန်လွှတ်ဖို့ ကုလသမဂ္ဂ အထွေအထွေအတွင်းရေးမှူးချုပ်ရဲ့ တောင်းဆိုမှုနဲ့ အမျိုးသမီးနဲ့ မိန်းကလေးတွေအပေါ် အကြမ်းဖက်မှုအားလုံးကို အဆုံးသတ်ဖို့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ လိင်ပိုင်းအကြမ်းဖက်မှုဆိုင်ရာ အထူးကိုယ်စားလှယ်ရဲ့ တောင်းဆိုမှုကို UNFPA နဲ့ UN Women တို့က ထပ်လောင်းဖော်ပြပါတယ်။

UNFPA နဲ့ UN Women တို့ဟာ မိတ်ဖက်အဖွဲ့တွေနဲ့အတူ အသက်ကယ်ဆယ်ရေး လူမှုဘ၀ဆိုင်ရာနဲ့ ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုတွေကို မြန်မာနိုင်ငံရှိ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေ ရရှိစေဖို့ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

ဆောင်းပါး

စစ်တပ်က​တော်လှန်​ရေးတပ်ဖွဲ့​တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့​ဒေသ​တွေကို အင်အားအများအပြားနဲ့တန်ပြန်ထိုးစစ်ဆင်လာတာမှာ ​တော်လှန်​ရေးတပ်​တွေရဲ့ခုခံတိုက်ခိုက်မှု​ကြောင့် ​ဒေသအနှံအပြားမှာတိုက်ပွဲ​တွေပြင်းထန်​နေပါတယ်။

သတင်း

ရွေးကောက်ခံအရပ်သားအစိုးရကို ဖြုတ်ချအာဏာသိမ်းချိန်ကတည်းက မတရားဖမ်းဆီးထားတဲ့ သမ္မတ ဦးဝင်းမြင့်ကို အာဏာသိမ်းခေါင်းဆောင်က ဒီနေ့ မြန်မာနှစ်ဆန်းတစ်ရက်မှာ လွှတ်ပေး လိုက်တယ်လို့ စစ်တပ်အတွက် ဝါဒဖြန့်ပေးနေတဲ့သတင်းမီဒီယာအချို့က ဖော်ပြလာပါတယ်။

သတင်း

ကုလသမဂ္ဂက အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၀ ကျော်ရဲ့ နိုင်ငံ့အကြီးအကဲ၊ အစိုးရခေါင်းဆောင်၊ နိုင်ငံခြားရေးဝန်ကြီးတွေကို အသိအမှတ်ပြုစာရင်းထုတ်ပြန်ရာမှာ မြန်မာနိုင်ငံရဲ့ နိုင်ငံ့အကြီးအကဲနေရာမှာ သမ္မတဦးဝင်းမြင့်၊ နိုင်ငံခြားရေးဝန်ကြီးနေရာမှာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ကို ဆက်လက်ထားရှိပါတယ်။