Connect with us

Hi, what are you looking for?

LuduNwayOo

News

ရွာပေါင်းစုံသပိတ်စစ်ကြောင်းရဲ့ စစ်အာဏာရှင်ဖြုတ်ချရေးသပိတ်

စစ်ကိုင်းတိုင်း ဆားလင်းကြီးမြောက်ခြမ်းနှင့် ယင်းမာပင်အရှေ့ခြမ်းရှိ ကျေးရွာများစုပေါင်း၍ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းမှာ ယနေ့ည​နေပိုင်းတွင် ဆက်လက်ချီတက်ဆန္ဒပြခဲ့ကြသည်။

ဓာတ်ပုံ - ပြည်သူ့မီဒီယာကွန်ယက်-မုံရွာ

တော်လှန်ရေး ၁၄၄ ရက်မြောက် စစ်ကိုင်းတိုင်း ယင်းမာပင် အရှေ့ခြမ်း နှင့် ဆားလင်းကြီးမြောက်ခြမ်းတို့ ရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ “သပိတ်ကိုဖြိုလို့ ပြိုမယ့်အထဲ တော်လှန်ရေးမပါဘူးဘယ်ဒေသထိထိ ငါတို့ကိုငြိတာပဲ “ဆိုတဲ့စာသားများကိုင်ဆောင်ကာ စစ်အာဏာ ရှင်ဆန့်ကျင်ရေး ချီတက်ခဲ့ကြပါတယ် ဟု ပြည်သူ့မီဒီယာကွန်ယက်-မုံရွာက ထုတ်ပြန်သည်။

စစ်ခေါင်းဆောင်များက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက်ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်အာဏာကို မတရားသဖြင့်အတင်းအဓမ္မသိမ်းယူထားသည်မှာ ၁၈၁ ရက်ရှိပြီဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲသုံးလက်နက်များကိုအသုံးပြု၍ ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ် နေသော်လည်းပြည်သူများက စစ်အာဏာရှင်စနစ်အလိုမရှိကြောင်းငြိမ်းချမ်းသောနည်းလမ်းမျိုးစုံဖြင့် လမ်းပေါ် ထွက်၍ နိုင်ငံတစ်ဝန်းဆန္ဒထုတ် ဖော်နေကြသည်မှာလည်း ၁၇၈ ရက်ရှိပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်အံတုခဲ့သည်ကိုအကြောင်းပြုပြီး ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးအား ၁၉၇၆ ဇွန်လ ၂၆ရက်တွင် စစ်အာဏာရှင်အုပ်စုက ရက်စက်စွာ ကြိုးပေးသတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

သတင်း

လက်နက်ကိုင်တော်လှန်ရေးအင်အားစုများ အနေဖြင့် ပြည်သူများနှင့်အတူ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးကို အတူတကွ အဆုံးထိ ဆက်လက်ပါဝင် သွားကြမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်သည်ဟု KA၊ KNDFနှင့် KNPLF တို့က ပူးတွဲသဘောထား ထုတ်ပြန်ခဲ့သည်။

သတင်း

စုစည်းညီညွတ်မှုအား ၊စုစည်းညီညွတ်စွာဖြင့် ဟန်ချက်ညီ လုပ်နိုင်မှသာ စစ်အာဏာရှင်ကို အမြစ်ဖြုတ်နိုင်မည်ဖြစ်​သော​ကြောင့် နှစ်သစ်ကူး​နေ့မှစ၍ ယခင်ထက်အင်တိုက်အားတိုက်ကြိုးပမ်းလုပ်​ဆောင်သွားကြရန်လည်း ညီ​နောင်မဟာမိတ်သုံးဖွဲ့ကတိုက်တွန်းသည်။

သတင်း

AAက ထိုသို့ စစ်ကောင်စီနှင့် အပစ်ရပ်ခဲ့သော်လည်း AA အပေါ် သံသယမရှိကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) ခေါင်းဆောင် ဗိုလ်ချုပ်ဂွန်မော်က မကြာသေးမီက ထုတ်ဖော်ပြောဆိုခဲ့ပြီး တချိန်တွင် တိုင်းရင်းသားလက်နက်ကိုင်အားလုံး တိုက်ပွဲတွင် ပါလာမည်ဟု ပြောဆိုခဲ့သည်။