Connect with us

Hi, what are you looking for?

News

အပြစ်မဲ့ပြည်သူ ငါဦးထပ်မံကျဆုံးခဲ့ကြောင်း အေအေပီပီထုတ်ပြန်၊ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်း ၉၄၅ ဦးအထိရှိလာ

ယနေ့တွင်ကျဆုံးသွားခဲ့ ရသူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ ၉၄၅ ဦး ရှိခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

မန္တလေးမြို့၊ကလေးမြို့နယ်နှင့် ကနီမြို့နယ်တို့မှ အပြစ်မဲ့ပြည်သူ ငါးဦးထပ်မံကျဆုံးခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ယနေ့ညတွင် ထုတ်ပြန်သည်။

အဆိုပါမြို့နယ်များမှ ယခင်နေ့ရက်များအတွင်း ကျဆုံးသွားခဲ့သူများ၏ အချက်အလက်များကို ယနေ့ကောက်ယူ ခဲ့ခြင်းဖြစ်သည်ဟု အေအေပီပီက ဆိုသည်။

ယနေ့တွင်ကျဆုံးသွားခဲ့ ရသူများကို အတည်ပြုနိုင်ခြင်းမရှိသေးသည့်အတွက် စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ ၉၄၅ ဦး ရှိခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

အဆိုပါအရေအတွက်သည် အေအေပီပီမှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး အဆိုပါအရေအတွက် ထက် ပိုများနေနိုင်သည်ဟု အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဖေဖော်ဝါရီလ ၁ ရက်မှ ယနေ့ (သြဂုတ်၂ ရက်)အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၅၄၇၄ ဦးရှိပြီး ၎င်းတို့အနက်မှ ၂၅၅ ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု ထုတ်ပြန်သည်။ ထိုပြစ်ဒဏ်ကျခံရသူ များအနက်မှ အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦး အပါအဝင်၂၆ ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်ဟု ဖော်ပြထားသည်။

ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ ၁၉၆၄ ဦးရှိပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ဦး အပါအဝင် ၁၁၈ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရ၍ သေဒဏ်ချ မှတ်ခံထားရသူ စုစုပေါင်း ၆၅ဦးရှိပြီဟု ထုတ်ပြန်သည်။

ဇူလိုင်၃၁ ရက် နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ်ရှိ သပိတ်စစ်ကြောင်းအဖွဲ့ဝင်များ စုစည်းနေထိုင်ရာ နေအိမ်ကို အကြမ်းဖက်စစ်အုပ်စုမှ စီးနင်းပြီး ပစ်ခတ်ဖမ်းဆီးခဲ့၍ ဆီးခုံထိမှန်ဒဏ်ရာဖြင့် ဖမ်းဆီးခြင်းခံခဲ့ရသော ကိုစိုင်းရဲရင့် (ခ) ကိုမျိုးချစ်သူသည် ယင်းနေ့ နံနက်ပိုင်းတွင် ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်ဟု ပါရှိသည်။ ကိုစိုင်းရဲရင့်၏ ရုပ်အလောင်းကို မိသားစုထံ ပြန်လည်ပေးအပ်ခြင်းမရှိကြောင်း လည်း ဖော်ပြထားသည်။ ထို့ပြင် ၎င်းနှင့်အတူ ခြေထောက်တွင် ကျည်ထိမှန်ဒဏ်ရာရရှိပြီး ဖမ်းဆီးခြင်းခံခဲ့ရသော ကိုခိုင်ထွန်း၏ အခြေအနေကိုလည်း သိရှိရခြင်း မရှိသေးကြောင်း ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် သာယာကုန်းကျေးရွာမှ ကိုလန်ခန့်ထန် နှင့် ကိုလာလ်ကိမ်တို့သည် တရုတ်နိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်ပြီး နေရပ်သို့ ပြန်လာစဉ် ဇူလိုင် ၃၀ ရက်က ကလေးမြို့အဝင် အရောက်တွင် ၎င်းတို့စီးနင်းလာသည့် အိမ်စီးကားပေါ်၌ လက်နက်များတွေ့ရှိသည်ဟုဆိုကာ သံသယဖြင့် ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု ထုတ်ပြန်သည်။

လန်ခန့်ထန်သည် ကိုဗစ်-၁၉ ရောဂါကြောင့် ကျဆုံးသွား ခဲ့ပြီဖြစ်ကြောင်း ဇူလိုင်လ ၃၁ ရက်နေ့တွင် မိသားစုထံ အကြောင်းကြားလာကြောင်း သိရှိရသည်ဟု ဖေည်ပြထားသည်။
သို့သော်လည်း ကိုလန်ခန့်ထန်၏ ခြေ၊လက်များ ကျိုးနေပြီး ခေါင်း၊နောက်ကျော၊ ခြေထောက် နှင့် လည်ပင်း တို့တွင် ဒဏ်ရာများစွာ ရရှိထားကြောင်း သိရှိရသည်ဟု ထပ်မံဖော်ပြထားသည်။ ၎င်းနှင့်အတူ ဖမ်းဆီးခြင်း ခံခဲ့ရသည့် ကိုလာလ်ကိမ်ကိုလည်း ဆက်လက်ထိန်းသိမ်းထားကြောင်း သိရှိရသည်ဟု ပါရှိသည်။

ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်၌ ဇူလိုင် ၂၆ ရက်နှင့် ဇူလိုင် ၂၇ ရက် တို့တွင် အကြမ်းဖက် စစ်အုပ်စု၏ တပ်များက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သော အမျိုးသား၁၂ဦးသည် ညှဉ်းပန်းနှိပ်စက်ခြင်းခံရသည့် ဒဏ်ရာများဖြင့် သတ်ဖြတ်ခြင်းခံခဲ့ရသည်ဟု ဆက်လက်ဖော်ပြထားသည်။ အဆိုပါ အမျိုးသား ၁၂ ဦးမှာ ကနီမြို့မှ ညီအစ်ကို သုံးဦးဖြစ်ကြသည့် ကိုအောင်မြင့်သူ၊ ကိုချင်းတွင်းမောင် နှင့် ကိုဖြိုးကျော်အောင်၊ သရက်တောကျေးရွာမှ အသက် ၁၄ နှစ်အရွယ် ကလေး တစ်ဦးအပါအဝင် အမျိုးသား ခုနှစ်ဦး၊ ခိုတွင်းကျေးရွာမှ အမျိုးသားနှစ်ဦးတို့ ဖြစ်ကြပြီး ဇူလိုင် ၃၁ ရက်တွင် ၎င်းတို့၏ ရုပ်အလောင်းများကို ကနီမြို့နယ်၊ တောင်ပေါက်အရှေ့ရွာ အနီးရှိ တောတွင်း၌ တွေ့ရှိခဲ့ရသည်ဟု အေအေပီပီက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကတိုင်းပြည်အနာဂတ်သည်တအာင်းတပ်မတော်(TNLA) အထွေထွေ အတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်အပါအဝင် ခေါင်းဆောင်များ၏ ပုခုံးပေါ်ရောက်ရှိနေကြောင်း ပြောကြားခဲ့ရာ ဗိုလ်ချုပ်တားဘုန်းကျော်ကလည်း အတူတူ ပူးပေါင်းလုပ်ဆောင်ကြစို့ဟု တုန့်ပြန်ပြောကြားခဲ့သည်။

အတွေးအမြင်

လတ်တလော အခင်းအကျင်းကို နိုင်ငံသားတစ်ယောက်နေရာက မဟုတ်ဘဲ အပြင်နိုင်ငံခြားသားတစ်ယောက်နေရာက ကြည့်ကြည့်ရင် တော်လှန်ရေးဗွက်ထနေတာကိုသာ မြင်ပြီး စကစရဲ့ "ငြိမ်းချမ်းရေးနဲ့ ရွေးကောက်ပွဲ"ကသာ မြန်မာနိုင်ငံ အနာဂတ်အတွက် အလားအလာ ရှိနေသယောင် မြင်ကြတာဟာ သိပ်တော့လည်း အဆန်းတကြယ် မဟုတ်ဘူးလို့ ဆိုရမှာပါပဲ။

သတင်း

ကရင်နီပြည်နယ်၊ဘောလခဲမြို့နယ်ရှိဝမ်မလန်းစခန်းကုန်းသိမ်းတိုက်ပွဲတွင် ရဲဘော်သုံးဦးကျဆုံးခဲ့ကြောင်း ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(BPDF) တပ် ရင်းအမှတ်-1105 က ယနေ့သတင်းထုတ် ပြန်သည်။

Facebook