Connect with us

Hi, what are you looking for?

News

ဖားကန့်လမ်းတွင် စစ်ကောင်စီတပ်ကို KIAက ခြုံခို တိုက်ခိုက်

“ခြုံခိုတိုက်ပွဲဖြစ်တယ်ဆိုတာ တက်ပါတယ်။ အခြားနေရာမှာ တိုက်ပွဲဖြစ်တယ်ဆိုတာတော့ မရှိပါဘူး” ဟု KIA သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ KIA က စစ်ကောင်စီတပ်ကို ချောင်းမြောင်း တိုက်ခိုက်သည့်အပေါ် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်ဟု ၎င်းကဆိုသည်။

ဖားကန့်မြို့နယ်တွင်း စစ်ရေးလှုပ်ရှားလာသည့် အာဏာ သိမ်းစစ်ကောင်စီတပ်ကို ကချင်လက်နက်ကိုင်အဖွဲ့(KIA) က ခြုံခိုတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း KIA သတင်းနဲ့ ပြန်ကြားရေးဌာန Kachinnet Burmese က သတင်းဖော်ပြသည်။

KIA တပ်မဟာ(၉) တပ်ရင်း (၄၄) နယ်မြေ ကားမိုင်း- ကပ်မော်- ဖားကန့်လမ်းရှိ ပျားအုံနှင့် ကျောက်ထုရွာကြားတွင် ယနေ့ မနက် ၈နာရီမှ ၉နာရီအထိ KIA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

“ခြုံခိုတိုက်ပွဲဖြစ်တယ်ဆိုတာ တက်ပါတယ်။ အခြားနေရာမှာ တိုက်ပွဲဖြစ်တယ်ဆိုတာတော့ မရှိပါဘူး” ဟု KIA သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ KIA က စစ်ကောင်စီတပ်ကို ချောင်းမြောင်း တိုက်ခိုက်သည့်အပေါ် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်ဟု ၎င်းကဆိုသည်။

ဩဂုတ် ၁ရက်ကလည်း နမ်ယာရွာမှ ဖားကန့်လမ်းအတိုင်း တိုက်လာသည့် စစ်ကောင်စီတပ်နှင့် KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၊ နမ့်တိန့် နှင့် နမ်ယာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာ နေရာအနီးသို့ လက်နက်ကြီးများ ပစ်ကူခဲ့ကြောင်း Kachinnet Burmese သတင်းတွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဇူလိုင်၁ရက်မှစပြီး ဖားကန့်လမ်းပေါ်၌ တိုက်ပွဲ ​လေးကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်။
တိုက်ပွဲဖြစ်တိုင်း အာဏာသိမ်းစစ်တပ်မှ တိုက်ပွဲဖြစ်ရာအနီးဝန်းကျင်ရှိ ကျေးရွားများသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့၍ ရွာသားများ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုများ ရှိခဲ့သည်ဟုဆိုသည်။

KIA တပ်မဟာ(၅) တပ်ရင်း (၂၅) နယ်မြေ ကုန်လောနှင့် နမ့်သိန်းကျေးရွာကြားရှိ ချောင်းကူးတံတားတွင်လည်း ဩဂုတ် ၁ရက် မွန်းလွဲပိုင်းက KIA နှင့် အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ အာဏာသိမ်းစစ်တပ်မှ တိုက်ပွဲဖြစ်ရာ အနီးပတ်ဝန်းကျင်သို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်ဟု ဖော်ပြထားသည်။

KIA အနေဖြင့် ဇူလိုင်လကုန်ပိုင်းက ကချင်ပြည်နယ်နှင့် ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်းနှင့် စစ်ဆေးရေးဂိတ် ​ခြောက်ခုထက်မနည်းကို တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီဘက်က တပ်အင်အားများ ဖြည့်တင်းလာခြင်း၊ လူထုအားအနှောက်အယှက်ပေးသည့် စစ်ဆေးမှုများ ပြုလုပ်ခြင်းတို့ကြောင့် မြေပြင် KIA တပ်များက တိုက်ခိုက်ခြင်းဖြစ်နိုင်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။