Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖားကန့်လမ်းတွင် စစ်ကောင်စီတပ်ကို KIAက ခြုံခို တိုက်ခိုက်

“ခြုံခိုတိုက်ပွဲဖြစ်တယ်ဆိုတာ တက်ပါတယ်။ အခြားနေရာမှာ တိုက်ပွဲဖြစ်တယ်ဆိုတာတော့ မရှိပါဘူး” ဟု KIA သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ KIA က စစ်ကောင်စီတပ်ကို ချောင်းမြောင်း တိုက်ခိုက်သည့်အပေါ် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်ဟု ၎င်းကဆိုသည်။

ဖားကန့်မြို့နယ်တွင်း စစ်ရေးလှုပ်ရှားလာသည့် အာဏာ သိမ်းစစ်ကောင်စီတပ်ကို ကချင်လက်နက်ကိုင်အဖွဲ့(KIA) က ခြုံခိုတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း KIA သတင်းနဲ့ ပြန်ကြားရေးဌာန Kachinnet Burmese က သတင်းဖော်ပြသည်။

KIA တပ်မဟာ(၉) တပ်ရင်း (၄၄) နယ်မြေ ကားမိုင်း- ကပ်မော်- ဖားကန့်လမ်းရှိ ပျားအုံနှင့် ကျောက်ထုရွာကြားတွင် ယနေ့ မနက် ၈နာရီမှ ၉နာရီအထိ KIA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

“ခြုံခိုတိုက်ပွဲဖြစ်တယ်ဆိုတာ တက်ပါတယ်။ အခြားနေရာမှာ တိုက်ပွဲဖြစ်တယ်ဆိုတာတော့ မရှိပါဘူး” ဟု KIA သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။ KIA က စစ်ကောင်စီတပ်ကို ချောင်းမြောင်း တိုက်ခိုက်သည့်အပေါ် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်ဟု ၎င်းကဆိုသည်။

ဩဂုတ် ၁ရက်ကလည်း နမ်ယာရွာမှ ဖားကန့်လမ်းအတိုင်း တိုက်လာသည့် စစ်ကောင်စီတပ်နှင့် KIA တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ၊ နမ့်တိန့် နှင့် နမ်ယာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာ နေရာအနီးသို့ လက်နက်ကြီးများ ပစ်ကူခဲ့ကြောင်း Kachinnet Burmese သတင်းတွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဇူလိုင်၁ရက်မှစပြီး ဖားကန့်လမ်းပေါ်၌ တိုက်ပွဲ ​လေးကြိမ်ထက်မနည်းဖြစ်ပွားခဲ့သည်။
တိုက်ပွဲဖြစ်တိုင်း အာဏာသိမ်းစစ်တပ်မှ တိုက်ပွဲဖြစ်ရာအနီးဝန်းကျင်ရှိ ကျေးရွားများသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့၍ ရွာသားများ ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုများ ရှိခဲ့သည်ဟုဆိုသည်။

KIA တပ်မဟာ(၅) တပ်ရင်း (၂၅) နယ်မြေ ကုန်လောနှင့် နမ့်သိန်းကျေးရွာကြားရှိ ချောင်းကူးတံတားတွင်လည်း ဩဂုတ် ၁ရက် မွန်းလွဲပိုင်းက KIA နှင့် အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ အာဏာသိမ်းစစ်တပ်မှ တိုက်ပွဲဖြစ်ရာ အနီးပတ်ဝန်းကျင်သို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့သည်ဟု ဖော်ပြထားသည်။

KIA အနေဖြင့် ဇူလိုင်လကုန်ပိုင်းက ကချင်ပြည်နယ်နှင့် ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်စခန်းနှင့် စစ်ဆေးရေးဂိတ် ​ခြောက်ခုထက်မနည်းကို တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီဘက်က တပ်အင်အားများ ဖြည့်တင်းလာခြင်း၊ လူထုအားအနှောက်အယှက်ပေးသည့် စစ်ဆေးမှုများ ပြုလုပ်ခြင်းတို့ကြောင့် မြေပြင် KIA တပ်များက တိုက်ခိုက်ခြင်းဖြစ်နိုင်သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။