Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီဗဟိုဘဏ်က ဘဏ်များတွင်နိုင်ငံခြားသားခန့်အပ်မှုကိုကန့်သတ်

အဲဒီအစီအစဥ်​တွေကို ဒီ​နေ့စာထုတ်တဲ့ သြဂုတ် ၂ ရက်မှာပဲစပြီးအသက်ဝင်မှာဖြစ်ပြီး သတ်မှတ်အ​ရေအတွက်ထက်နိုင်ငံခြားသားပိုခန့်ထားတဲ့ ဘဏ်​တွေကလည်း သုံးလအတွင်း​လျှော့ချရမယ်လိုဆိုပါတယ်။

စစ်​​ကောင်စီရဲ့ ဗဟိုဘဏ်က ပြည်တွင်းဘဏ်​တွေမှာ နိုင်ငံခြားသားခန့်အပ်မှု​တွေကို ကန့်သတ်လိုက်ပါတယ်။

ဥက္ကဌ​တွေကို နိုင်ငံခြားသား​တွေမခန့်ဖို့ တားမြစ်လိုက်ပြီး ၊ ဘဏ်တစ်ဘဏ်မှာ နိုင်ငံခြားသားဝန်ထမ်း ခန့်အပ်နိုင်တဲ့အ​ရေအတွက်ကိုလည်း ဘဏ်ကြီးဆိုရင် အများဆုံး ၂၅ ​ဦး ၊ဘဏ်လတ် ဆိုရင် ၁၅ဦး ၊ဘဏ်​သေးဆိုရင် ရှစ်ဦး အများဆုံးသာခန့်ရမယ်လို့ဆိုပါတယ်။

ခန့်အပ်တဲ့ နိုင်ငံခြားသား​တွေကို အချက်အလက်​တွေကို စစ်​ကောင်စီကို အကုန်ပို့ထားရမှာဖြစ်သလို နိုင်ငံ​ရေးကင်းရှင်းဖို့လည်း ဘဏ်ကတာဝန်ခံရမယ်ဆိုပါတယ်။

ထိုနိုင်ငံခြားသားဝန်ထမ်း​တွေပြည်ပသွားရင် စစ်​ကောင်စီကို ကြိုတင်သတင်းပို့ရမှာဖြစ်သလို ပြန်​ရောက်ရင်လည်းသတင်းပို့ရမယ်ဆိုပါတယ်။ အဲဒီဝန်ထမ်း​တွေရဲ့ အ​ခြေအ​နေကို စစ်​ကောင်စီရဲ့ဗဟိုဘဏ်ကို သုံးလတစ်ကြိမ် သတင်းပို့ရဦးမှာဖြစ်ပြီး ၊နိုင်ငံခြားသားဘဏ်ဝန်ထမ်း​တွေကို စစ်​ကောင်စီက အနီးကပ်​နဲ့တင်းတင်းကြပ်ကြပ်​စောင့်ကြည့်​နေမယ့်အစီအစဥ်​တွေဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီအစီအစဥ်​တွေကို ဒီ​နေ့စာထုတ်တဲ့ သြဂုတ် ၂ ရက်မှာပဲစပြီးအသက်ဝင်မှာဖြစ်ပြီး သတ်မှတ်အ​ရေအတွက်ထက်နိုင်ငံခြားသားပိုခန့်ထားတဲ့ ဘဏ်​တွေကလည်း သုံးလအတွင်း​လျှော့ချရမယ်လိုဆိုပါတယ်။

ပြည်တွင်းပုဂ္ဂလိကဘဏ်​တွေဟာ စစ်တပ်အာဏာသိမ်းမှု​ကြောင့် လူထုယုံကြည်မှုမရှိ​တော့ဘဲ ပြိုလဲ​​နေပြီဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။