Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ကောင်စီဗဟိုဘဏ်က ဘဏ်များတွင်နိုင်ငံခြားသားခန့်အပ်မှုကိုကန့်သတ်

အဲဒီအစီအစဥ်​တွေကို ဒီ​နေ့စာထုတ်တဲ့ သြဂုတ် ၂ ရက်မှာပဲစပြီးအသက်ဝင်မှာဖြစ်ပြီး သတ်မှတ်အ​ရေအတွက်ထက်နိုင်ငံခြားသားပိုခန့်ထားတဲ့ ဘဏ်​တွေကလည်း သုံးလအတွင်း​လျှော့ချရမယ်လိုဆိုပါတယ်။

စစ်​​ကောင်စီရဲ့ ဗဟိုဘဏ်က ပြည်တွင်းဘဏ်​တွေမှာ နိုင်ငံခြားသားခန့်အပ်မှု​တွေကို ကန့်သတ်လိုက်ပါတယ်။

ဥက္ကဌ​တွေကို နိုင်ငံခြားသား​တွေမခန့်ဖို့ တားမြစ်လိုက်ပြီး ၊ ဘဏ်တစ်ဘဏ်မှာ နိုင်ငံခြားသားဝန်ထမ်း ခန့်အပ်နိုင်တဲ့အ​ရေအတွက်ကိုလည်း ဘဏ်ကြီးဆိုရင် အများဆုံး ၂၅ ​ဦး ၊ဘဏ်လတ် ဆိုရင် ၁၅ဦး ၊ဘဏ်​သေးဆိုရင် ရှစ်ဦး အများဆုံးသာခန့်ရမယ်လို့ဆိုပါတယ်။

ခန့်အပ်တဲ့ နိုင်ငံခြားသား​တွေကို အချက်အလက်​တွေကို စစ်​ကောင်စီကို အကုန်ပို့ထားရမှာဖြစ်သလို နိုင်ငံ​ရေးကင်းရှင်းဖို့လည်း ဘဏ်ကတာဝန်ခံရမယ်ဆိုပါတယ်။

ထိုနိုင်ငံခြားသားဝန်ထမ်း​တွေပြည်ပသွားရင် စစ်​ကောင်စီကို ကြိုတင်သတင်းပို့ရမှာဖြစ်သလို ပြန်​ရောက်ရင်လည်းသတင်းပို့ရမယ်ဆိုပါတယ်။ အဲဒီဝန်ထမ်း​တွေရဲ့ အ​ခြေအ​နေကို စစ်​ကောင်စီရဲ့ဗဟိုဘဏ်ကို သုံးလတစ်ကြိမ် သတင်းပို့ရဦးမှာဖြစ်ပြီး ၊နိုင်ငံခြားသားဘဏ်ဝန်ထမ်း​တွေကို စစ်​ကောင်စီက အနီးကပ်​နဲ့တင်းတင်းကြပ်ကြပ်​စောင့်ကြည့်​နေမယ့်အစီအစဥ်​တွေဖြစ်ပါတယ်။

အဲဒီအစီအစဥ်​တွေကို ဒီ​နေ့စာထုတ်တဲ့ သြဂုတ် ၂ ရက်မှာပဲစပြီးအသက်ဝင်မှာဖြစ်ပြီး သတ်မှတ်အ​ရေအတွက်ထက်နိုင်ငံခြားသားပိုခန့်ထားတဲ့ ဘဏ်​တွေကလည်း သုံးလအတွင်း​လျှော့ချရမယ်လိုဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပြည်တွင်းပုဂ္ဂလိကဘဏ်​တွေဟာ စစ်တပ်အာဏာသိမ်းမှု​ကြောင့် လူထုယုံကြည်မှုမရှိ​တော့ဘဲ ပြိုလဲ​​နေပြီဖြစ်ပါတယ်။