Connect with us

Hi, what are you looking for?

News

KIAထံ စစ်ကောင်စီက အပစ်ရပ်စဲရေးသဝဏ်လွှာပေးပို့သည်ဆိုခြင်းမှာ သတင်းအမှားသာဖြစ်

“အဲဒါ ကျွန်တော်မသိပါဘူး စာလည်းမရောက်ဘူး။ သတင်းလည်းမရောက်ဘူး။ ရေးတာက ကျွန်တော်ထင်တာ ဘာမှ မှန်ကန်မှုမရှိပါဘူး ။ တပ်မတော်ဘက်မှာလည်း အဲဒါမျိုးလိပ်စာတွေမရှိပါဘူး။ ကျွန်တော်တို့ဘက်မှာလည်းအဲဒါမျိုးလိပ်စာလည်းမရှိပါဘူး။ သူရေးတဲ့ ပုံစံက စာလုံးစာသားတွေက တစ်လုံးမှမှန်ကန်မှုမရှိပါဘူး”

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) ထံသို့ အာဏာသိမ်းစစ်ကောင်စီက အပစ်အခတ်ရပ်စဲရေး သဝဏ်လွှာပေးပို့သည်ဆိုခြင်းမှာ သတင်းအတုသာဖြစ်ကြောင်း KIA သတင်းနှင့်ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

စစ်ကောင်စီ ညှိနှိုင်းကွပ်ကဲရေးဗဟိုက KIA တပ်မတော် (လိုင်ဇာ)သို့အပစ်ရပ်စဲရေး သဝဏ်လွှာပေးပို့သည်ဆိုသည့် သတင်းကို အွန်လိုင်း သတင်းဌာနအချို့အပါ အဝင် လူမှုကွန်ရက်စာမျက်နှာ၌ သတင်းဖော်ပြ ဖြန့်ဝေမှုများ ရှိနေသည်။

ယင်းနှင့်ပတ်သက်၍ ဗိုလ်မှူးကြီးနော်ဘူအား မေးမြန်းရာ၎င်းက “အဲဒါ ကျွန်တော်မသိပါဘူး စာလည်းမရောက်ဘူး။ သတင်းလည်းမရောက်ဘူး။ ရေးတာက ကျွန်တော်ထင်တာ ဘာမှ မှန်ကန်မှုမရှိပါဘူး ။ တပ်မတော်ဘက်မှာလည်း အဲဒါမျိုးလိပ်စာတွေမရှိပါဘူး။ ကျွန်တော်တို့ဘက်မှာလည်းအဲဒါမျိုးလိပ်စာလည်းမရှိပါဘူး။ သူရေးတဲ့ ပုံစံက စာလုံးစာသားတွေက တစ်လုံးမှမှန်ကန်မှုမရှိပါဘူး” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIO/KIA အဖွဲ့အစည်းသည် စစ်အာဏာရှင်ဆန့်ကျင်ရေးကို ပြည်သူလူထုနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိသည် အဖွဲ့အစည်းဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်စခန်းများ၊ ရဲစခန်းများ၊စစ်ကောင်စီယာဉ်တန်းများကို မကြာခဏတိုက်ခိုက်လျက် ရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။