Connect with us

Hi, what are you looking for?

LuduNwayOo

News

၀ိုင်းမော်ရှိ စစ်ကောင်စီတပ်ရင်းကို KIA ကထပ်မံတိုက်ခိုက်ခြင်းမဟုတ်ဘဲ စစ်​ကောင်စီတပ်က တစ်ဖက်တည်းပစ်ခတ်

“ပြောရမယ်ဆိုရင် KIAရဲ့ လာရာလမ်းကို ခြောက်ပစ်တာ၊ KIA လာများလာမလားဆိုတဲ့သဘော ပစ်တာဖြစ်မယ်”ဟု ဒေသခံက ပြောသည်။

ကချင်ပြည်နယ် ၀ိုင်းမော်မြို့နယ်အခြေစိုက် ခလရ(၅၈) တပ်ရင်းကို ကချင်လက်နက်လွတ်လပ်​ရေးတပ်မ​တော် (KIA)က ယမန်​နေ့ညတွင် တိုက်ခိုက်ခြင်းမဟုတ်ကြောင်း KIA သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ယနေ့ ပြောကြားသည်။

KIA က ခလရ (၅၈)တပ်ကို ဇူလိုင်၂၉ရက် ညပိုင်းက တိုက်ခိုက်ခဲ့​သော်လည်း ထို​နောက်ပိုင်းတိုက်ခိုက်ခြင်းမရှိ​ကြောင်း၊ ဩဂုတ် ၂ရက်နှင့် ဩဂုတ် ၃ရက် ညများတွင် ထိုစခန်းမှ လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်မှုများ မှာ KIA က တိုက်ခိက်ခြင်းမဟုတ်ဟု ၎င်းက​ ပြောသည်။

“ကျွန်တော်တို့ ၀ိုင်းမော်မှာ KIA နဲ့ တိုက်ပွဲဖြစ်တာ မရှိပါဘူး။ ကျွန်တော်တို့ KIA တပ်တွေကို ၀ိုင်းမော် ၅၈ တပ် ရင်းတွေကို တိုက်ဖို့ ညွှန်ကြားတာလည်းမရှိဘူး။ အဲဒီဘက်မှာ ကျွန်တော်တို့ ရှေ့တန်းတပ်မတွေ လှုပ်ရှားတာလည်းမရှိဘူး။ စစ်ကြောင်းတွေလည်းမရှိဘူး အဲဒီဘက်မှာ။ ဒီတော့ မနေ့က ၀ိုင်းမော်မှာ ကြားတဲ့အသံတွေက ကျွန်တော်တို့ KIA နဲ့ တိုက်ပွဲတော့ မဟုတ်ဘူးလို့ ကျွန်တော်ပြောလိုတာပါ့”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ယမန်နေ့ညက ထိုတပ်ရင်း၌ ပစ်ခတ်မှုဖြစ်ပွားခြင်းမှာ စစ်ကောင်စီက စစ်ဆင်ရေး ပြုလုပ်လို၍ KIA အမည် တပ် တိုက်ပွဲဖော်ခြင်းလားစသဖြင့် စဉ်းစားစရာအချက်များစွာရှိသည်ဟု ၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

“စစ်ကောင်စီတပ်တွေက သူတို့အချင်းချင်း ပစ်ခတ်တာလား စဉ်းစားစရာပေါ့။ နောက်တစ်ခု ရှိတာက တပ်လှန့်တာ။ တပ်လှန့်ပစ်တာကနေ အချင်းချင်း ပြန်ပြီးမှ စစ်ပွဲပုံစံဖြစ်သွားတာလည်း ဖြစ်နိုင်ပါတယ်။ နောက်တစ်ခုက သူတို့လည်း စစ်ဆင်ရေး လုပ်ချင်လို့ တမင်တကာ ရန်စတဲ့ ပုံစံမျိုးနဲ့ KIAကို နာမည်ပေးပြီး တိုက်ပွဲ ပုံစံဖော်တာလည်းဖြစ်နိုင်ပါတယ်။ ဒါက သုံးသပ်စရာအများကြီး ရှိပါတယ်”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

ကချင်ဒေသခံတစ်ဦးကလည်း “ပထမ တစ်ခေါက်ဟာတော့ သေချာတယ် KIA ကလာပစ်သွားလို့။ ဒါကို သူတို့(စစ်ကောင်စီ)လည်း သတိဝိရိယနဲ့ နေပြီးမှ အသံ တစ် ခုခုကြားလို့ လန့်လို့ ပစ်တဲ့ဟာကနေ လက်နက်ငယ် လက်နက်ကြီးတွေနဲ့ တောက်လျှောက်ပစ်ပြီးမှ ခြောက်တဲ့ပုံစံမျိုးနဲ့ ပစ်တာလို့ ဒီလိုပဲ ထင်တာပဲ။ တစ်ဖက်က မပစ်ဘူးဆိုရင် ဒီလိုပဲမြင်တယ်” ဟု ပြောသည်။

KIA အနေဖြင့် ၎င်းတို့ ပစ်သည်ကို ပစ်ခတ်သည်ဟု ပြောပြီး လိမ်ညာလေ့မရှိဟု အဆိုပါ​ဒေသခံက​ ပြော သည်။

ယမန်နေ့ည ၇နာရီခန့်ကစ၍ ၀ိုင်းမော်တွင် လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံ အချက်ပေါင်းများစွာ ကြားခဲ့ရကြောင်း၊ အပြန်အလှန် တိုက်ပွဲဖြစ်သည့် သဘောမဟုတ်ဘဲ စစ်ကောင်စီတပ်မှ တစ်ဖက်သတ် ပစ်နေသည်ဟု ယူဆကြောင်း ဒေသခံတစ်ဦးက ဩဂုတ် ၃ရက် ညပိုင်းတွင် ပြောကြားသည်။

“ပြောရမယ်ဆိုရင် KIAရဲ့ လာရာလမ်းကို ခြောက်ပစ်တာ၊ KIA လာများလာမလားဆိုတဲ့သဘော ပစ်တာဖြစ်မယ်”ဟု ဒေသခံက ပြောသည်။

ယမန်နေ့ညပိုင်း ပစ်ခတ်မှုများကြောင့် ၀ိုင်းမော်မြို့ရှိ နေအိမ်အဆောက်အဦးများ လက်နက်ကြီး ကျည် ထိမှန်ခဲ့သည်။ ထို့အပြင် ဝက်ခြံကိုလက်နက်ကြီးကျ၍ ဝက် ၁၀ကောင်ခန့် သေဆုံးခဲ့သည်ဟု ဒေသခံအချို့က ပြော သည်။

ထိုအပြင် စစ်ကောင်စီက KIA ဌာနချုပ် လိုင်ဇာမြို့အနီးဝန်းကျင်သို့ ယမန်နေ့ညပိုင်းက လက်နက်ကြီးဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့သည်။ လက်နက်ကြီးကျည် ​ခြောက်လုံးခန့် ပစ်ခတ်ခဲ့ရာ တရုတ်နိုင်ငံဘက်သို့ လက်နက်ကြီးကျည်အချို့ ကျရောက်ခဲ့သည်ဟု သိရကြောင်း ဒေသခံ အချို့က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။