Connect with us

Hi, what are you looking for?

News

ဖမ်းဆီးခံပြည်သူနှစ်ဦး စစ်ကြောရေးအတွင်း ထပ်မံသေဆုံး၊ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သည့်ပြည်သူ ၉၄၈ဦးအထိရှိလာ

၅၄၉၇ ဦးရှိပြီး ၎င်းတို့အနက်မှ ၂၅၅ ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထိုပြစ်ဒဏ်ကျခံရသူများအနက်မှ အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦး အပါအဝင်၂၆ ဦးမှာ သေဒဏ် ချမှတ်ခံထားရသည်ဟု ပါရှိသည်။

မွန်ပြည်နယ် ရေးမြို့နယ်နှင့်စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်တို့မှ အပြစ်မဲ့ပြည်သူနှစ်ဦး ထပ်မံကျဆုံး၍ စစ်အာဏာရှင်တော်လှန်ရေး(နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့ (သြဂုတ်၄ရက်)အထိ ၉၄၈ ဦး ရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယနေ့ညတွင် ထုတ်ပြန်သည်။

အဆိုပါအရေအတွက်သည် အေအေပီပီက ကောက်ယူရရှိထားသည့် အရေအ တွက်ဖြစ်ပြီး ထိုအရေအတွက်ထက် ပိုများနေနိုင်သည်ဟု အေအေပီပီက ဆိုသည်။

ဖေဖော်ဝါရီ၁ ရက်မှ ယနေ့(သြဂုတ်၅)ရက်အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၅၄၉၇ ဦးရှိပြီး ၎င်းတို့အနက်မှ ၂၅၅ ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထိုပြစ်ဒဏ်ကျခံရသူများအနက်မှ အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦး အပါအဝင်၂၆ ဦးမှာ သေဒဏ် ချမှတ်ခံထားရသည်ဟု ပါရှိသည်။

ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ ၁၉၈၄ဦးရှိပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ဦး အပါအဝင်၁၁၈ ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရ၍ သေဒဏ် ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ဦးရှိပြီဟု အေအေပီပီက ဆိုသည်။

Public Service Announcement

Public Service Announcement

မတ်လ ၂၂ ရက်တွင် မွန်ပြည်နယ် ရေးမြို့နယ်၌ ဆန္ဒထုတ်ဖော်နေစဉ် ဖမ်းဆီးခြင်းခံခဲ့ရပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခြင်းခံထားရကာ ကျိုက်မရောအကျဉ်းထောင်၌ ချုပ်နှောင်ခြင်းခံထားရသော ကိုပြေသိမ်းသည် ယမန်နေ့ (ဩဂုတ် ၄) တွင် အကျဉ်းထောင်အတွင်း၌ ကျဆုံးသွားခဲ့ကြောင်း ထုတ်ပြန်သည်။

ကိုပြေသိမ်းသည် ဆီးချိုရောဂါကြောင့် ကွယ်လွန်သွားသည်ဟု ရဲများမှ ပြောကြားသော်လည်း ကိုပြေသိမ်းတွင် ဆီးချိုရောဂါရှိသည်ဟု မကြားမိကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်ဟု ဖော်ပြထားသည်။

ထို့အပြင် စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တောင်ဖြူကျေးရွာတွင် ဇူလိုင် ၂၈ ရက်က ထောင်ချောက်ဆင်ကာ ဖမ်းဆီးခြင်းခံခဲ့ရသည့် မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) ၅၀ ကျော်အနက် အဖွဲ့ဝင်တစ်ဦးဖြစ်သော ကိုမျိုးချစ်သည် ကလေးမြို့စစ်ကြောရေးအတွင်း သြဂုတ်၃ ရက်က ကျဆုံးသွားခဲ့သည်ဟု ထပ်မံဖော်ပြထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ မိုးညှင်းမြို့နယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်းအား စစ်သားများနှင့်အတူ အရပ်ဝတ်များက ယမန်နေ့(ဩဂုတ် ၄)နံနက် ၂နာရီဝန်းကျင်က ရိုက်နှက် ဖမ်းဆီးသွားခဲ့ပြီး ဒေါ်သက်ထားနှောင်းနှင့်အတူ ၎င်းနေထိုင်ရာအိမ်တွင်ရှိသူ ခြောက်ဦးခန့်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ပါရှိသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့အခြေစိုက် Ramon Magsaysay Award Foundation က ဂုဏ်ပြုချီးမြှင့်တဲ့ ၂၀၂၆ ခုနှစ် ရာမွန်မက်ဆေဆေဆုကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ပူးတွဲတည်ထောင်သူ ဦးဘိုကြည် ရရှိခဲ့ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

Facebook