Connect with us

Hi, what are you looking for?

News

ဖမ်းဆီးခံပြည်သူနှစ်ဦး စစ်ကြောရေးအတွင်း ထပ်မံသေဆုံး၊ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သည့်ပြည်သူ ၉၄၈ဦးအထိရှိလာ

၅၄၉၇ ဦးရှိပြီး ၎င်းတို့အနက်မှ ၂၅၅ ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထိုပြစ်ဒဏ်ကျခံရသူများအနက်မှ အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦး အပါအဝင်၂၆ ဦးမှာ သေဒဏ် ချမှတ်ခံထားရသည်ဟု ပါရှိသည်။

မွန်ပြည်နယ် ရေးမြို့နယ်နှင့်စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်တို့မှ အပြစ်မဲ့ပြည်သူနှစ်ဦး ထပ်မံကျဆုံး၍ စစ်အာဏာရှင်တော်လှန်ရေး(နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့ (သြဂုတ်၄ရက်)အထိ ၉၄၈ ဦး ရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ယနေ့ညတွင် ထုတ်ပြန်သည်။

အဆိုပါအရေအတွက်သည် အေအေပီပီက ကောက်ယူရရှိထားသည့် အရေအ တွက်ဖြစ်ပြီး ထိုအရေအတွက်ထက် ပိုများနေနိုင်သည်ဟု အေအေပီပီက ဆိုသည်။

ဖေဖော်ဝါရီ၁ ရက်မှ ယနေ့(သြဂုတ်၅)ရက်အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၅၄၉၇ ဦးရှိပြီး ၎င်းတို့အနက်မှ ၂၅၅ ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။ ထိုပြစ်ဒဏ်ကျခံရသူများအနက်မှ အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦး အပါအဝင်၂၆ ဦးမှာ သေဒဏ် ချမှတ်ခံထားရသည်ဟု ပါရှိသည်။

ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ ၁၉၈၄ဦးရှိပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ဦး အပါအဝင်၁၁၈ ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရ၍ သေဒဏ် ချမှတ်ခံထားရသူ စုစုပေါင်း ၆၅ ဦးရှိပြီဟု အေအေပီပီက ဆိုသည်။

Public Service Announcement

Public Service Announcement

မတ်လ ၂၂ ရက်တွင် မွန်ပြည်နယ် ရေးမြို့နယ်၌ ဆန္ဒထုတ်ဖော်နေစဉ် ဖမ်းဆီးခြင်းခံခဲ့ရပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခြင်းခံထားရကာ ကျိုက်မရောအကျဉ်းထောင်၌ ချုပ်နှောင်ခြင်းခံထားရသော ကိုပြေသိမ်းသည် ယမန်နေ့ (ဩဂုတ် ၄) တွင် အကျဉ်းထောင်အတွင်း၌ ကျဆုံးသွားခဲ့ကြောင်း ထုတ်ပြန်သည်။

ကိုပြေသိမ်းသည် ဆီးချိုရောဂါကြောင့် ကွယ်လွန်သွားသည်ဟု ရဲများမှ ပြောကြားသော်လည်း ကိုပြေသိမ်းတွင် ဆီးချိုရောဂါရှိသည်ဟု မကြားမိကြောင်း မိသားစုနှင့် နီးစပ်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်ဟု ဖော်ပြထားသည်။

ထို့အပြင် စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တောင်ဖြူကျေးရွာတွင် ဇူလိုင် ၂၈ ရက်က ထောင်ချောက်ဆင်ကာ ဖမ်းဆီးခြင်းခံခဲ့ရသည့် မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် (PDF) ၅၀ ကျော်အနက် အဖွဲ့ဝင်တစ်ဦးဖြစ်သော ကိုမျိုးချစ်သည် ကလေးမြို့စစ်ကြောရေးအတွင်း သြဂုတ်၃ ရက်က ကျဆုံးသွားခဲ့သည်ဟု ထပ်မံဖော်ပြထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ မိုးညှင်းမြို့နယ် အမှတ်(၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်ထားနှောင်းအား စစ်သားများနှင့်အတူ အရပ်ဝတ်များက ယမန်နေ့(ဩဂုတ် ၄)နံနက် ၂နာရီဝန်းကျင်က ရိုက်နှက် ဖမ်းဆီးသွားခဲ့ပြီး ဒေါ်သက်ထားနှောင်းနှင့်အတူ ၎င်းနေထိုင်ရာအိမ်တွင်ရှိသူ ခြောက်ဦးခန့်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ပါရှိသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

၈၈ မျိုးဆက်​ကျောင်းသား​ခေါင်း​ဆောင်လည်းဖြစ် ၊ ​နွေဦး​တော်လှန်​ရေးမှာ ဦး​ဆောင်ပေး​နေသူတဦးလည်းဖြစ်တဲ့ ဦးမင်းကိုနိုင်နဲ့ လူထု​နွေဦး တို့ရဲ့ သီးသန့်​​မေးမြန်းခန်းကို တင်ဆက်​ပေးလိုက်ပါတယ်။

သတင်း

သေဆုံးသူတွေက​တော့ ကိုကောင်းမြတ်သူ၊ကိုသန်းတင့်၊မသန်းတင့်၊ကိုအောင်မျိုးခန့်၊ကို အောင်မျိုးသန့်တို့ဖြစ်ကြပါတယ်။

သတင်း

စစ်ကောင်စီတပ်၏ အရပ်သားပြည်သူ စစ်ဘေးရှောင်များအပေါ် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ရက်စက်မှုနှင့် စစ်ရာဇဝတ်မှုများဟုလည်း ၎င်းက အသိပေးသည်။

သတင်း

တော်လှန်ရေးရဲဘော်၂ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့၍ ပြန်လည်ဆုတ်ခွာခဲ့ကြောင်း မြိုင်ပကဖတာဝန်ရှိသူက ပြောသည်။