Connect with us

Hi, what are you looking for?

News

အခုထိုးပေးနေတဲ့ ကိုဗစ်ကာကွယ်ဆေးက WHO ခွင့်ပြုစာရင်းထဲက Sinopharm ဟုတ်၊ မဟုတ် စစ်ကြည့်နိုင်

တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး Sinopharm ဟာ အခေါ်အဝေါ်တူ ကိုဗစ်ကာကွယ်ဆေး ၂ မျိုးရှိရှိလို့ မြန်မာနိုင်ငံမှာ လက်ရှိထိုးပေးနေတဲ့ဆေးက WHO အသိအမှတ်ပြုဟုတ်၊ မဟုတ် စိုးရိမ်နေတာတွေရှိနေပါတယ်။

Sinopharm ဆေးကုမ္ပဏီအုပ်စုကြီးကထုတ်တဲ့ ကိုဗစ်ကာကွယ်ဆေး နှစ်မျိုးစလုံးကို Sinopharm လို့ အလွယ်ခေါ်ကြပေမယ့် WHO ရဲ့ ကိုဗစ်ကာကွယ်ဆေးအရေးပေါ်သုံးစွဲခွင့်စာရင်းထဲပါတဲ့ဆေးက Sinopharm BBIP-CorV ဖြစ်ပါတယ်။

BBIP-CorV က Sinopharm ဆေးကုမ္ပဏီအုပ်စုအောက်က Bejing Institute of Biological Product က ထုတ်တာဖြစ်ပါတယ်။

WHO ရဲ့ ကိုဗစ်ကာကွယ်ဆေးအရေးပေါ်သုံးစွဲခွင့်စာရင်းထဲ မပါသေးတဲ့ဆေးက Sinopharm WIBP-CorV ဖြစ်ပြီးတော့ Wuhan Institute of Biological Product က ထုတ်တာဖြစ်ပါတယ်။

စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာနကနေပြီးတော့ အခုထိုးပေးနေတာက Sinopharm BBIP-CorV ဖြစ်တယ်လို့ အဲဒီဝန်ကြီးဌာနရဲ့ ညွှန်ကြားရေးမှုးတစ်ဦးဖြစ်တဲ့ ဒေါက်တာခင်ခင်ကြီးက ပြောထားပါတယ်။

Public Service Announcement

Public Service Announcement

“ ကျွန်​တော်တို့ဆီမှာထိုး​ပေးတဲ့ ကာကွယ်​ဆေးဘူး​တွေမှာ​ Bejing Institute of Biological Product ဆိုတဲ့စာတန်းပါပါတယ်” လို့ ​ဆေးဘူး​တွေကိုကြည့်ရှုခွင့်ရခဲ့တဲ့ရှမ်းပြည်နယ်​မြောက်ပိုင်းက လူငယ်တစ်ဦးက​ပြောပါတယ်။

စစ်ကောင်စီက ပြည့်သူ့ဘဏ္ဍာနဲ့ Sinopharm BBIP-CorV အလုံးရေ ၂ သန်းဝယ်ထားတယ်လို့ ကြေညာထားပြီးတော့ တရုတ်နိုင်ငံထုတ် Sinovac အလုံးရေ ၁ သန်းလည်းဝယ်ထား​ကောင်း​​ကြေညာထားပါတယ်။

ဘူးခွံမှာ Bejing Institute of Biological Product စာတန်းကိုကြည့်ပြီး Sinopharm BBIP-CorV ဟုတ်၊ မဟုတ် စစ်ကြည့်နိုင်မှာဖြစ်ပါတယ်။

“ စာရွက်မှာ Sinopharm လို့ပဲရေးပေးလိုက်တယ်။ ထိုးပြီးတဲ့အခါမှာ အခုထိ​တော့ ဖျားနာတာမရှိဘူး။ အခြားကောင်းတဲ့ဆေးတွေက ကိုယ့်နိုင်ငံဘယ်အချိန်ရောက်လာမယ်မသိဘူး။ ခုကတော့ ရတဲ့ဆေးထိုးပြီး ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်ကိုကာကွယ်တာပါပဲ ” လို့ လွန်ခဲ့တဲ့ နှစ်ရက်က ကာကွယ်ဆေးထိုးခဲ့တဲ့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

Sinopharm BBIP-CorV ကို WHO က ၂၀၂၁ ခုနှစ် မေ ၇ ရက်ကမှ ကိုဗစ်ကာကွယ်ဆေးအရေးပေါ်သုံးစွဲခွင့်ပြုခဲ့တာပါ။

လက်ရှိမြန်မာနိုင်ငံမှာ Sinophram BBIP-CorV ကို အသက် ၆၅ နှစ်အရွယ်တွေကို ထိုးနှံပေးနေတာဖြစ်ပါတယ်။ ဒါပေမယ့် Sinophram BBIP-CorV က အသက် ၆၀ အထက်အရွယ်တွေ၊ ကိုယ်ဝန်ဆောင်တွေထိုးနှံရင် ဆေးရဲ့ဆိုးကျိုးနဲ့ ကာကွယ်နိုင်မှုတွေဘယ်လိုရှိတယ်ဆိုတာကို လုံလောက်တဲ့စမ်းသပ်မှုအချက်အလက်တွေမရှိသေးဘူးလို့ WHO က ပြောထားပါတယ်။

Public Service Announcement

ဒါပေမယ့် အသက် ၆၀ အထက်တွေမထိုးရဘူးလို့တော့ယတိပြတ် ပြောမထားပါဘူး။ ဒီဆေးတွေကို အသက် ၆၀ အထက်တွေ ထိုးပေးမယ့်နိုင်ငံတွေအနေနဲ့ ထိုးနှံထားသူ​တွေရဲ့အ​ခြေအ​နေကိုတော့ အနီးကပ်စောင့်ကြည့်ရမယ်လို့ WHO က ပြောထားပါတယ်။

“ စစ်ကောင်စီ စီစဉ်တာကြောင့်ရော၊ ဆေးထုတ်တဲ့နိုင်ငံကို အယုံကြည်မရှိတာရော နားလည်ပါတယ်။ ဒါပေမယ့် ဒီရောဂါကို ဘယ်လောက်ရာခိုင်နှုန်းပဲ ကာကွယ် ကာကွယ် စစ်ကောင်စီက ပြည်သူ့ငွေနဲ့ဝယ်ထားတဲ့ဆေးကို ထိုးပါ ” လို့ အတိုင်ပင်ခံသမားတော် အထူးကုဆရာဝန်ကြီး ဒေါက်တာသက်ကိုကိုက တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နီပါဗိုင်းရပ်စ် ကူးစက်မှုတွေဟာ အိန္ဒိယနိုင်ငံရဲ့ ပိုင်နက်ပြင်ပဆီ ရောက်လာဖို့ အလားအလာ အရမ်းနည်းပါးနေဆဲလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ဆီကနေ အမေရိကန် နုတ်ထွက်မှုဟာ လုပ်ထုံးလုပ်နည်းအားလုံး ပြီးစီးခဲ့ပြီလို့ သိရပါတယ်။

နိုင်ငံတကာ

စက်တင်ဘာ-၂၄၊၂၀၂၅။People’s Spring အကိုက်အခဲပျောက်ဆေးကြောင့် ကလေးတွေမှာ လူမှုဆက်ဆံရေး ဖွံ့ဖြိုးမှု မူမမှန်တဲ့ အော်တစ်ဇင် ရောဂါရနိုင်တယ်ဆိုတဲ့အယူအဆကိုကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)၊ ဥရောပသမဂ္ဂ (EU)နဲ့ ဗြိတိန် ကျန်းမာရေးအေဂျင်စီတို့ကပယ်ချခဲ့ပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ ကလေးငယ်တွေမှာ Tylenol ဆေးဝါးကို သုံးစွဲခြင်းက အော်တစ်ဇင်...

နိုင်ငံတကာ

အာဖဂန် နစ္စတန်က ငလျင်ဘေးသင့် ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အမျိုးသမီး ကျန်းမာရေး ဝန်ထမ်းတွေ၊ ကျွမ်းကျင်ပညာရှင်တွေကို လွတ်လွတ်လပ်လပ် ပါဝင်ခွင့်ပေးဖို့ တာလီဘန် အာဏာပိုင်တွေကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က တိုက်တွန်း တောင်းဆိုထားပါတယ်။

Facebook