Connect with us

Hi, what are you looking for?

LuduNwayOo

News

ရန်ကုန်မြို့ပေါက်ကွဲမှု​တွေကြားက ကြည့်မြင်တိုင်လူငယ်သပိတ်

လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းမီးပွိုင့်ရှိ ယာဥ်ထိန်းရုံး၊ကြည့်မြင်တိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီးနှင့် မဟာဗန္ဓုလပန်းခြံ​ဘေးရှိ ယခင်အ​မေရိကန်သံရုံး​နေရာအနီးတွင် ဗုံး​ပေါက်ကွဲမှုများ ဖြစ်ခဲ့သည်။

စစ်အာဏာရှင်ဖြုတ်ချ​ရေးအဖြစ် ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်ရှိ လူငယ်သပိတ်​ကော်မတီက ဦး​ဆောင်၍ ယ​နေ့ည​နေပိုင်းတွင် ​ချီတက်ဆန္ဒပြခဲ့ကြသည်။

ကြည့်မြင်တိုင်လူငယ်သပိတ်ကော်မတီက ”ဖက်ဆစ်တွေအရိုးနဲ့ ဗားကရာချောက်ကို ဖို့မယ်”စာသားပါဗီနိုင်းကိုင်​ဆောင်၍ ချီတက်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

ယ​နေ့နံနက်ကလည်း သင်္ဃန်းကျွန်းမြို့နယ်တွင် ကျောင်း သားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နှင့် မြို့နယ်ပေါင်းစုံမှ လူငယ်များစုပေါင်း၍ ​စစ်အာဏာ ရှင်ဖြုတ်ချ​ရေးပြောက်ကြားသပိတ်ဖြင့် ချီတက် ဆန္ဒပြခဲ့ကြသည်။

ယ​နေ့ ရန်ကုန်မြို့၌ ​နေရာသုံးခုတွင် ဗုံး​ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။

လမ်းမတော်မြို့နယ် ဘုန်းကြီးလမ်းမီးပွိုင့်ရှိ ယာဥ်ထိန်းရုံး၊ကြည့်မြင်တိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအနီးနှင့် မဟာဗန္ဓုလပန်းခြံ​ဘေးရှိ ယခင်အ​မေရိကန်သံရုံး​နေရာအနီးတွင် ဗုံး​ပေါက်ကွဲမှုများ ဖြစ်ခဲ့သည်။

Public Service Announcement

Public Service Announcement