မကွေးတိုင်း မြိုင်မြို့နယ်တွင် ရှစ်လေးလုံးလူထုအရေး တော်ပုံအထိမ်းအမှတ်အဖြစ် ‘မပြီးဆုံးသေးတဲ့ ရှစ်လေးလုံး လူထုလွတ်မြောက်ရေး ဒို့အတူရုန်း’ ဆိုင်းဘုတ်ကိုင်ဆောင်ကာ စစ်အာဏာရှင်ဖြုတ်ချရေး ချီတက်ဆန္ဒပြခဲ့ကြသည်။

ယနေ့ကျရောက်သည့် ရှစ်လေးလုံးလူထုအရေး တော်ပုံကြီး(၃၃)နှစ်မြောက်နှစ်ပတ်လည်နေ့အဖြစ် လူထုသပိတ်လှုပ်ရှားမှု ဆောင်ရွက်ကြရန် အွန်လိုင်းကတစ်ဆင့် တိုက်တွန်းနှိုးဆော်နေကြသည်။
‘၈၈က သွေးကြွေးဟောင်း ၂၁ မှာအပြီးတောင်း’ ဆိုသည့် ကြွေးကြော်သံနှင့် တိုက်တွန်းနှိုးဆော်နေခြင်းလည်းဖြစ်သည်။
ရှစ်လေးလုံးဂုဏ်ပြု သပိတ်လှုပ်ရှားမှုများကို လက်ရှစ်ချောင်းထောင်ခြင်း ၊ အနီရောင် လှုပ်ရှားမှု ပြုလုပ်၍ ဆောင်ရွက်ကြရန် နှိုးဆော်ထားသည်။

Public Service Announcement



















































