Connect with us

Hi, what are you looking for?

News

ကနီသို့ပို့​သော ​ဆေးဝါးနှင့်စားနပ်ရိက္ခာများကို စစ်​ကောင်စီကဖမ်းဆီး

လတ်တလောတွင် ဆေးဝါးပစ္စည်းနှင့် စားနပ်ရိက္ခာပစ္စည်းများ အရေးပေါ်လိုအပ်နေသည့်အတွက် မုံရွာမြို့မှ ဝယ်ယူတင်ပို့ရာ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း နယ်ခံများက ပြော သည်။

စစ်ကိုင်းတိုင်း ကနီမြို့နယ် ဆယ်ရွာချောင်ဒေသကိုပို့မည့် အရေးပေါ်သုံးဆေးဝါးပစ္စည်းများနှင့် စားသောက် ကုန်များ တင်ဆောင်လာသော ကုန်ကားတစ်စီးသည် ကနီမြို့နယ် မုံရွာ-ယာကြီး-ကလေးဝ ကားလမ်း ကွမ်းပင်ရေစစ်ဆေးရေးဂိတ် အနီး သြဂုတ်၈ရက် ညနေပိုင်းတွင်အာဏာသိမ်းစစ်​ကောင်စီက ဖမ်းဆီးခဲ့ကြောင်း ကနီ​ဒေသခံများက ပြောသည်။

တိုက်ပွဲများကြောင့် ကနီဒေသတွင် လမ်းပန်းဆက်သွယ် ရေးခက်ခဲပြီး သွားလာရခက်ခဲလျက်ရှိရာ ဆယ်ရွာချောင်ဒေသသည် ကနီမြို့နယ်အတွင်း လမ်းပန်းဆက်သွယ် ရေး အခက်ခဲဆုံးဒေသဖြစ်သည်။ လတ်တလောတွင် ဆေးဝါးပစ္စည်းနှင့် စားနပ်ရိက္ခာပစ္စည်းများ အရေးပေါ်လိုအပ်နေသည့်အတွက် မုံရွာမြို့မှ ဝယ်ယူတင်ပို့ရာ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း နယ်ခံများက ပြော သည်။

ဆယ်ရွာချောင်ဒေသသည် လာပို့အုပ်စု ၊ ယင်းသွင်အုပ်စု ၊ဒိုင်ကြီးအုပ်စု ၊ကူးဆိပ်အုပ်စု စသည့် ကျေးရွာအုပ်စုကြီးလေးခု တည်ရှိသည့် ဒေသတစ်ခုဖြစ်သည်။ အဆိုပါ ကျေးရွာအုပ်စုများတွင် တုပ်ကွေးရောဂါနှင့် အပူလွန်ရောဂါများ အဖြစ်များနေပြီးစားသောက်ကုန်နှင့်ဖုန်းဘေလ်ဝယ်ယူရန် ခက်ခဲနေကြောင်း ဒေသခံတစ်ဦးက ပြော သည်။

ဆက်စပ်သတင်းများ

သတင်း

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော မြို့နယ်များကို စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကိုအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇန်နဝါရီလအတွင်း ပြည်သူ၁၃ ဦးသေဆုံးခဲ့ပြီး ၂၆ဦးဒဏ်ရာရရှိခဲ့ဟု TNLAက သတင်းထုတ်ပြန်သည်။

သတင်း

၃ ရက်အတွင်းစစ်​ရှောင်ပြည်သူ ၉ ဦး​သေဆုံး

သတင်း

ညနက်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်ခဲ့

သတင်း

စစ်ကောင်စီဘက်က အင်အားအလုံးအရင်းဖြင့် ထိုးစစ် ဆင်နေသော မိုးဗြဲ မြို့ကို တော်လှန်ရေးပူးပေါင်းတပ် များ ထိန်းချုပ်ထားနိုင်ဆဲဖြစ်​ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ယနေ့ ထုတ်ပြန်သည်။