Connect with us

Hi, what are you looking for?

News

ကနီသို့ပို့​သော ​ဆေးဝါးနှင့်စားနပ်ရိက္ခာများကို စစ်​ကောင်စီကဖမ်းဆီး

လတ်တလောတွင် ဆေးဝါးပစ္စည်းနှင့် စားနပ်ရိက္ခာပစ္စည်းများ အရေးပေါ်လိုအပ်နေသည့်အတွက် မုံရွာမြို့မှ ဝယ်ယူတင်ပို့ရာ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း နယ်ခံများက ပြော သည်။

စစ်ကိုင်းတိုင်း ကနီမြို့နယ် ဆယ်ရွာချောင်ဒေသကိုပို့မည့် အရေးပေါ်သုံးဆေးဝါးပစ္စည်းများနှင့် စားသောက် ကုန်များ တင်ဆောင်လာသော ကုန်ကားတစ်စီးသည် ကနီမြို့နယ် မုံရွာ-ယာကြီး-ကလေးဝ ကားလမ်း ကွမ်းပင်ရေစစ်ဆေးရေးဂိတ် အနီး သြဂုတ်၈ရက် ညနေပိုင်းတွင်အာဏာသိမ်းစစ်​ကောင်စီက ဖမ်းဆီးခဲ့ကြောင်း ကနီ​ဒေသခံများက ပြောသည်။

တိုက်ပွဲများကြောင့် ကနီဒေသတွင် လမ်းပန်းဆက်သွယ် ရေးခက်ခဲပြီး သွားလာရခက်ခဲလျက်ရှိရာ ဆယ်ရွာချောင်ဒေသသည် ကနီမြို့နယ်အတွင်း လမ်းပန်းဆက်သွယ် ရေး အခက်ခဲဆုံးဒေသဖြစ်သည်။ လတ်တလောတွင် ဆေးဝါးပစ္စည်းနှင့် စားနပ်ရိက္ခာပစ္စည်းများ အရေးပေါ်လိုအပ်နေသည့်အတွက် မုံရွာမြို့မှ ဝယ်ယူတင်ပို့ရာ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း နယ်ခံများက ပြော သည်။

ဆယ်ရွာချောင်ဒေသသည် လာပို့အုပ်စု ၊ ယင်းသွင်အုပ်စု ၊ဒိုင်ကြီးအုပ်စု ၊ကူးဆိပ်အုပ်စု စသည့် ကျေးရွာအုပ်စုကြီးလေးခု တည်ရှိသည့် ဒေသတစ်ခုဖြစ်သည်။ အဆိုပါ ကျေးရွာအုပ်စုများတွင် တုပ်ကွေးရောဂါနှင့် အပူလွန်ရောဂါများ အဖြစ်များနေပြီးစားသောက်ကုန်နှင့်ဖုန်းဘေလ်ဝယ်ယူရန် ခက်ခဲနေကြောင်း ဒေသခံတစ်ဦးက ပြော သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကနီမြို့နယ်မှာ သပိတ်အင်အားစုနဲ့ ဒေသခံပြည်သူတွေ ပူးပေါင်းပြီး ရွှေဝါရောင်တော်လှန်ရေး (၁၉)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှု စက်တင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။