Connect with us

Hi, what are you looking for?

News

ပြည်သူနှစ်ဦးထပ်မံကျဆုံးခဲ့၍ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သူစုစုပေါင်း ၉၆၂ဦးအထိရှိလာ

ဖေဖော်ဝါရီ ၁ ရက်မှ ယနေ့(သြဂုတ် ၉ ရက်)အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၅၅၂၆ ဦးရှိပြီး ၎င်းတို့အနက်မှ ၂၅၅ ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု ဖော်ပြထားသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦး အပါအဝင် ၂၆ ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်ဟု ထပ်မံဖော်ပြထား သည်။

မြင်းခြံမြို့နယ်မှ ပြည်သူတစ်ဦး နှင့် ယမန်နေ့က ကျဆုံးသွားခဲ့သည့် မန္တလေးမြို့မှ အပြစ်မဲ့ ပြည်သူတစ်ဦး ထပ်မံကျဆုံးခဲ့၍ စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယနေ့အထိ ၉၆၂ဦး ရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ယနေ့ထုတ်ပြန်သည်။

အဆိုပါအရေအတွက်သည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး ထိုအရေအတွက်ထက် ပိုများနေနိုင်သည်ဟု အေအေပီပီက ဆိုသည်။

ဖေဖော်ဝါရီ ၁ ရက်မှ ယနေ့(သြဂုတ် ၉ ရက်)အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၅၅၂၆ ဦးရှိပြီး ၎င်းတို့အနက်မှ ၂၅၅ ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု ဖော်ပြထားသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦး အပါအဝင် ၂၆ ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်ဟု ထပ်မံဖော်ပြထား သည်။

ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ ၁၉၈၄ဦးရှိပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ ၃၉ ဦး အပါအဝင် ၁၁၈ ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရ၍ သေဒဏ်ချ မှတ်ခံထားရသူ စုစုပေါင်း ၆၅ဦးရှိပြီဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဇွန်လ ၁၃ ရက်က ဖမ်းဆီးခြင်းခံခဲ့ရပြီး ပုဒ်မသုံးခုဖြင့် တရားစွဲဆိုခြင်းခံထားရသည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသော မန္တလေးဆေးတက္ကသိုလ်၊ ခွဲစိတ်ကုပညာဌာနမှ ကထိက ဒေါက်တာ မောင်မောင်ငြိမ်းထွန်းသည် ယမန်နေ့ (သြဂုတ် ၈) နံနက်ပိုင်းက ကိုဗစ်ရောဂါဖြင့် မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီး၌ ကျဆုံးသွားခဲ့သည်။

ဒေါက်တာမောင်မောင်ငြိမ်းထွန်းသည် မန္တလေး နန်းတွင်းစစ်ကြောရေး၌ ထိန်းသိမ်းခံထားရစဉ် ကိုဗစ်ရောဂါကူးစက် ခံခဲ့ရခြင်းဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုမှ ဒေါက်တာမောင်မောင်ငြိမ်းထွန်းအား ဆေးရုံသို့ ပို့ဆောင်ဆေးကုသခြင်းမပြုဘဲ အမှတ် ၉ ရဲစခန်း၌ နှစ်ပတ်ကြာ ချုပ်နှောင်ထားခဲ့သည်။

အဆိုပါနေရာ၌ လုံလောက်သော ဆေးကုသမှုမရ၍ အခြေအနေပိုမို ဆိုးရွားလာမှသာ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးသို့ တင်ပို့ကုသခြင်းဖြစ်ကြောင်း ကြားသိရသည်ဟု အေအေပီပီက ဆိုသည်။

ဆန္ဒပြလူငယ်များကို လက်ခံပေးထားသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဇူလိုင် ၁၀ ရက်ကတည်းက ဖမ်းဆီးခြင်းခံ ထားရပြီး ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခြင်းခံထားရသော မြင်းခြံမြို့နယ်၊ ကျွဲခြံကျေးရွာမှ ဦးမောင်ဌေးသည် ယနေ့ (သြဂုတ် ၉) နံနက်ပိုင်းတွင် မြင်းခြံအကျဉ်းထောင်အတွင်း၌ ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။

ဦးမောင်ဌေးသည် နှလုံးသွေးကြောကျဉ်း၊ သွေးတိုးရောဂါတို့ဖြင့် ကျဆုံးသွားသည်ဟု အကျဉ်းဦးစီးဌာနမှဆိုသော်လည်း ရုပ်အလောင်းကို အိတ်ဖြင့် ထုတ်ထားပြီး မျက်နှာ တစ်ခုသာ ကြည့်ခွင့်ပေး သည်ဟု ဦးမောင်ဌေး၏ မိသားစုဝင်နှင့် နီးစပ်သူ တစ်ဦးမှ ပြောကြားခဲ့သည်ဟု ထပ်မံဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

လက်ရှိနွေဦးတော်လှန်ရေးရဲ့ ဖြစ်ပေါ်တိုးတက်မှုအခြေအနေတွေအပါအဝင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ချင်းရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(AA)ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်က ဒီကနေ့ ဧပြီ ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

ဧပြီလဆန်းလေပြီ။မကြာခင်သင်္ကြန်ကာလရောက်တော့မည်မို့ ရပ်ဝေးက သားတွေသမီးတွေ အလုပ်တွေနားလို့ မိဘအိမ် ပြန်လာကြလေပြီ။ ဖားကန့်မြို့နယ်၊ကျေးရွာတစ်ရွာက ဒေါ်စိုး(အမည်လွှဲ)တစ်ယောက်လည်း သူ့သားလေး ပြန်အလာကို မျှော်လေပြီ။

သတင်း

ချင်းပြည်နယ် ဖလမ်းမြို့မှာ အာဏာသိမ်းစစ်ကောင်စီတပ် လေကြောင်း ဗုံးကြဲတိုက်ခိုက်လို့ ဗိုလ်ကြီး ၁ဦး အပါအဝင် ချင်းအမျိုးသားတပ်မတော်(CNA) တပ်ဖွဲ့ဝင် ၃ဦး ကျဆုံးခဲ့ကြောင်း CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက အတည်ပြုပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ တော်လှန်ရေးတပ်ဖွဲ့ စခန်း ၂ခု စီးနင်းခံရပြီး ရဲဘော် ၃ဦး ကျဆုံးခဲ့ရကြောင်း ဒေသတွင်းရဲဘော်အချို့က ပြောပါတယ်။