Connect with us

Hi, what are you looking for?

News

သံအမတ်ကြီးဦးကျော်မိုးထွန်း လုပ်ကြံခြိမ်းခြောက်မှု အမေရိကန်ပြည်တွင်းရေးလို့ အကြမ်းဖက်စစ်ကောင်စီဆို

“ဒီအဖြစ်အပျက်ဟာ အမေရိကန်ရဲ့ ပြည်တွင်းအရေးပါ။ အမေရိကန်ဥပဒေအရ သူ့နိုင်ငံအတွင်း တရားစီရင်ရမှာပါ။ ဒါက မြန်မာနိုင်ငံနဲ့မသက်ဆိုင်ပါဘူး” လို့ အကြမ်းဖက်စစ်ကောင်စီလက် အောက်ခံ MRTV က ထုတ်ပြန်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းကို လုပ်ကြံခြိမ်းခြောက်တဲ့ကိစ္စဟာ မြန်မာနိုင်ငံနဲ့မသက်ဆိုင်ဘဲ အမေရိကန်ရဲ့ ပြည်တွင်းရေးဖြစ်တယ်လို့ အကြမ်းဖက်စစ်ကောင်စီ ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့ကပြောပါတယ်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ခြိမ်းခြောက်မှုနဲ့ဆက်စပ်တဲ့ မြန်မာနိုင်ငံသားနှစ်ဦး ဖမ်းဆီးခံရပြီးနောက်ပိုင်း အကြမ်းဖက်စစ်ကောင်စီရဲ့ ပထမဆုံးအကြိမ်ထုတ်ပြန်ချက်ဖြစ်ပြီး ကုလဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield ရဲ့ ကန့်ကွက်ရှုတ်ချမှု ကိုလည်း ပယ်ချတယ်လို့ ဆိုပါတယ်။“ဒီအဖြစ်အပျက်ဟာ အမေရိကန်ရဲ့ ပြည်တွင်းအရေးပါ။ အမေရိကန်ဥပဒေအရ သူ့နိုင်ငံအတွင်း တရားစီရင်ရမှာပါ။ ဒါက မြန်မာနိုင်ငံနဲ့မသက်ဆိုင်ပါဘူး” လို့ အကြမ်းဖက်စစ်ကောင်စီလက် အောက်ခံ MRTV က ထုတ်ပြန်ပါတယ်။

မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းအပေါ် ခြိမ်းခြောက်မှုကို ပြတ်သားစွာကန့်ကွက်ရှုတ်ချပြီးအမေရိကန်ဟာ ဒီမိုကရေစီပြန်လည်ရရှိရေးတောင်းဆိုနေတဲ့ မြန်မာပြည်သူလူထုအတွက် ကိုယ်စားပြုပြောဆိုရာမှာ အာဂရဲရင့်မှုနဲ့သတ္တိကိုဆက်လက်ပြသနေတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့အတူ ခိုင်မာစွာရပ်တည်တယ်လို့ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield က ဩဂုတ် ၇ ရက်က ထုတ်ပြန်ခဲ့ပါတယ်။

ကုလသမဂ္ဂစင်မြင့်ကနေ စစ်အာဏာသိမ်းမှုကို ဆန့်ကျင့်ကန့်ကွက်ခဲ့ပြီး မြန်မာပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ခဲ့တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတော်သစ္စာဖောက်သူအဖြစ်သတ်မှတ်ခဲ့ပြီး အလုပ်ကနေ ထုတ်ပယ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့ ကုလသမဂ္ဂဟာ လက်ရှိအချိန်အထိ ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံအမြဲတမ်းကိုယ်စား လှယ်၊ သံအမတ်ကြီးအဖြစ် အသိအမှတ်ပြုထားပြီး ဦးကျော်မိုးထွန်းကလည်း ပြည်သူရွေးချယ် တင်မြှောက်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကို ကိုယ်စားပြုနေပါတယ်။

အဲဒီအချိန်မှာ ထိုင်းနိုင်ငံရှိ လက်နက်ပွဲစားက အမေရိကန်ရောက် မြန်မာနိုင်ငံသားနှစ်ဦးကို သံ အမတ်ကြီးဦးကျော်မိုးထွန်းအား အသက်အန္တရာယ်ပြုဖို့ ခိုင်းစေတယ်လို့ အမေရိကန်တရားရေးဌာန က စစ်ဆေးတွေ့ရှိထားပြီး လုပ်ကြံခြိမ်းခြောက်မှုနဲ့ပတ်သက်သူ နှစ်ဦးကို ဖမ်းဆီးထားပါတယ်။

ကိုးကား – Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်ကျူးလွန်ခဲ့တဲ့ ကိစ္စတွေ၊ ဖန်တီးခဲ့တဲ့ စစ်ပွဲတွေမှာ ထိခိုက်နာကျင်ခဲ့ရတဲ့၊ သေဆုံးခဲ့ရသူ တစ်ဦးချင်းစီအတွက် အီရန် အစိုးရက နစ်နာကြေး ပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ တောင်းဆိုမှုတွေကို အမေရိကန်က မလိုက်လျောဘဲနဲ့တော့ ဟောမုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးမှာ မဟုတ်ဘူးလို့ အီရန်က သတိပေး ပြောကြားလိုက်ပါတယ်။

သတင်း

မြန်မာနဲ့ တောင်ဆူဒန် နိုင်ငံသားတွေအတွက် ယာယီ အကာအကွယ်ပေးမှု သတ်မှတ်ချက် (TPS)ကို အမေရိကန် အစိုးရ ရုပ်သိမ်းနိုင်ဖို့ အမေရိကန် တရားရုံး နှစ်ခုက လမ်းဖွင့်ပေးလိုက်ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။