Connect with us

Hi, what are you looking for?

News

လက်နက်ဖြင့်လာပူးပေါင်းသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကျပ်သိန်း ၅၀ပေးမည်ဟု CDF ​ကြေညာ၊ စစ်သားများကို မမုန်းဘဲ ကြိုဆိုဆို​နေဟု CDF ​ပြော

လာရောက်ပူးပေါင်းလိုသူများအနေဖြင့် CDF ပြောရေး ဆိုခွင့်ရှိသူများ၏ တယ်လီဖုန်းနံပါတ်များ၊ သက်ဆိုင်ရာဒေသအလိုက် မြို့နယ်အလိုက် CDF တပ်များထံသို့ ဆက်သွယ်၍ ရကြောင်း CDF ပြောရေးဆိုခွင့်ရှိသူက ပြောပြသည်။

အာဏာရှင်၏ လက်ပါးစေဘ၀မှ လွတ်မြောက်ခွင့်ရလိုပြီး ပြည်သူနှင့်အတူရတပ်တည်လိုသည့် အာဏာသိမ်းစစ်ကောင်စီ တပ်ဖွဲ့ဝင်များကို နွေးထွေးစွာကြိုဆိုသွားမည်ဖြစ်ပြီး လက်နက်အပြည့်အစုံဖြင့် လာရောက်ပါက ကျပ်သိန်း ၅၀ ပေးသွားမည်ဟု ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF) တာဝန်ရှိသူကပြောသည်။

ထိုသို့လာရောက်ပူးပေါင်းရန် ဖိတ်ခေါ်ချက်ကို မင်းတပ်မြို့နယ် CDF ကလည်း ယနေ့ထုတ်ပြန်ခဲ့ရာ “ Full Equipment နဲ့ ရောက်လာတဲ့ ရဲဘော်တွေကို ဆုငွေ သိန်း ၅၀ ပေးမှာဖြစ်ပြီး ပြည်ပ / သွားလိုရာ အရပ်သို့ သွားနိုင်အောင် စီမံပေးနိုင်ပါတယ်” ဟု ဖော်ပြခဲ့သည်။

CDF ပြောရေးဆိုခွင့်ရှိသူကလည်း “ကျွန်တော်တို့ အစကတည်းက ကြိုဆိုပြီးသား။ ကျွန်တော်တို့ ပြည်သူတွေနဲ့ပူးပေါင်းပြီးတော့ အာဏာရှင်စနစ်ကို တိုက်ထုတ်ရမယ်ပေါ့။ ကျွန်တော်တို့ စစ်သားတွေကို မုန်းလို့လည်း မဟုတ်ဘူး မကြိုက်လို့လည်း မဟုတ်ဘူး။ ကျွန်တော်တို့ မကြိုက်တာက အာဏာရှင်စနစ်ကိုမကြိုက်လို့ အဲဒီအပေါ်မှာ ပြည်သူတွေနဲ့ ပူးပေါင်းပြီးတော့ ကျွန်တော်တို့ဘက်မှာလာရပ်တည်ပေးဖို့ပေါ့။ အမြဲတမ်းလည်း ကြိုဆိုမှာပါ” ဟု ပြောသည်။

ချင်းပြည်နယ်တွင် စစ်ကောင်စီတပ်မှ ပြည်သူနှင့်အတူ ပူးပေါင်းခဲ့သည့် တပ်ဖွဲ့ဝင် ၂၀ဦးနီးပါး ရှိပြီး အချို့သည် CDF ဖြင့်အတူ ပူးပေါင်းပါဝင်ပြီး အချို့သည် လုံခြုံရာနေရာများ၌ နေထိုင်နိုင်ရန် စီစဉ်ပေးထားကြောင်း ၎င်း ကဆိုသည်။

Public Service Announcement

Public Service Announcement

လာရောက်ပူးပေါင်းလိုသူများအနေဖြင့် CDF ပြောရေး ဆိုခွင့်ရှိသူများ၏ တယ်လီဖုန်းနံပါတ်များ၊ သက်ဆိုင်ရာဒေသအလိုက် မြို့နယ်အလိုက် CDF တပ်များထံသို့ ဆက်သွယ်၍ ရကြောင်း CDF ပြောရေးဆိုခွင့်ရှိသူက ပြောပြသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ စစ်သားတွေရဲ့ အသက်ကိုစတေးပြီး အသေခံ စစ်ဗျူဟာ အသုံးပြုနေတာဖြစ်လို့ အသုံးချခံနေရတဲ့ စစ်သည်တွေအနေနဲ့ ကိုယ့်ဘ၀ ကိုယ်ကယ်ဆယ်ကြဖို့ လိုအပ်ကြောင်း ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် စစ်သားတွေ ပိုပင်ပန်းတော့မယ် ပိုအလုပ်ရှုပ်တော့မယ်ဆိုတာ ခံစားခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ စစ်သုံ့ပန်းဖြစ်နေတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေက ပြောပါတယ်။

Facebook