ပြည်သူများက စစ်ကောင်စီကို လက်နက်ကိုင်ခုခံမှုအပါ အဝင်မြန်မာနိုင်ငံ၌ ပြီးခဲ့သည့်ဇူလိုင်လအတွင်းလက်နက် ကိုင်တိုက်ပွဲနှင့် ပဋိပက္ခဖြစ်စဉ် ၃၅၅ကြိမ်ရှိခဲ့ရာ စစ်ကောင်စီဘက်က ၇၀၀ ကျော်သေဆုံးခဲ့ကြောင်း အမျိုး သားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဌာနက ယနေ့ထုတ်ပြန်သည်။
ပြည်တွင်းသတင်းမီဒီယာ ၃၀၌ ဖော်ပြထားချက်များကို အခြေခံပြုစုပြီး ယခုကဲ့သို့ထုတ်ပြန်ခြင်းဖြစ် သည်ဟု ဆိုသည်။ မြေပြင်၌ ယခုထက် ကိန်းကဏ္ဍန်းအရေ အတွက်ပိုများနိုင်သည်ဟုလည်း ထုတ်ပြန်ခဲ့သည်။
တိုက်ပွဲနှင့် ပဋိပက္ခဖြစ်စဉ် ၃၅၅ကြိမ်ရှိခဲ့သည့်အနက် လက်နက်ကိုင်တိုက်ပွဲ ၆၀ကြိမ်၊ လက်နက်ကိုင်ခုခံမှု ၆၂ကြိမ်ပါရှိသည်ဟု ဆိုသည်။
ထို့ပြင် စစ်ကောင်စီလက်တံများ လုပ်ကြံခံရမှု ၈၇ ကြိမ်၊ ပေါက်ကွဲမှု ၇၅ကြိမ်၊ စစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှု ၂ကြိမ်၊ စစ်ကောင်စီက အရပ်သားများအပေါ် အကြမ်းဖက်မှု ၆၉ကြိမ်ရှိခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

Public Service Announcement
အဆိုပါဖြစ်စဉ်များ၌ စစ်ကောင်စီဘက်က သေဆုံးသူ ၇၄၃ဦး၊ ဒဏ်ရာရသူ ၃၆၉ဦးရှိခဲ့ပြီးပြည်သူ ၁၉၉ ဦး ကျဆုံးပြီး ၄၇ဦးဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။
တိုက်ပွဲနှင့် ပဋိပက္ခဖြစ်စဉ်များမှာ စစ်ကိုင်းတိုင်းတွင် ၁၀၇ ကြိမ်ဖြင့်အများဆုံးဖြစ်ခဲ့ပြီး ရခိုင်ပြည်နယ်တွင် ၂ကြိမ်ဖြင့်အနည်းဆုံးဖြစ်ခဲ့သည်။
မန္တလေးတိုင်းတွင် ၄၄ကြိမ်၊ ကချင်ပြည်နယ်တွင် ၄၀ ကြိမ်၊ ရန်ကုန်တိုင်းတွင် ၃၅ကြိမ်၊ မကွေးတိုင်းတွင် ၂၂ကြိမ်၊ ရှမ်းပြည်နယ်တွင် ၂၀ကြိမ်၊ကရင်ပြည်နယ်၌ ၁၉ကြိမ်၊ မွန်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် ၁၃ကြိမ်စီ၊ ဧရာ၀တီတိုင်းနှင့် ကယားပြည်နယ်တွင် ၁၁ကြိမ်စီ၊ ပဲခူးတိုင်းတွင် ၁၀ကြိမ်နှင့် တနင်္သာရီတိုင်းတွင် ၈ကြိမ်ဖြစ်ပွားခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် စစ်ကောင်စီတပ်များအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲဖြစ်စဉ်များကို ဖော်ပြထားခြင်းမရှိပေ။ ဇူလိုင်လအတွင်းက ကရင်လက်နက်ကိုင်အဖွဲ့(KNU)နှင့်စစ်ကောင်စီတပ်အကြား ၌ပင် တိုက်ပွဲပေါင်း ၁၈၀ နီးပါး ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅၀ ခန့်သေဆုံးခဲ့ကြောင်း KNU၏ ထုတ်ပြန်ချက်အရ သိရသည်။။
ကချင်လက်နက်ကိုင်အဖွဲ့(KIA)၊ ကိုးကန့်လက်နက် ကိုင်အဖွဲ့(TNLA)၊ ကရင်နီလက်နက်ကိုင် ပူးပေါင်းအဖွဲ့ (KNPP/KNDF) တအာင်းလက်နက်ကိုင်အဖွဲ့ (TNLA) တို့နှင့် စစ်ကောင်စီတပ်အကြားတိုက် ပွဲများဖြစ်ပွားခဲ့သည်။
