Connect with us

Hi, what are you looking for?

News

ကိုဗစ်ကာကွယ်ဆေးအတွက် စာရင်းအမြန်ပေးဖို့ ရုပ်ရှင်အစည်းအရုံး ကြေညာ

ကိုဗစ် တတိယလှိုင်းမှာ အလွှာအသီးသီးက ရုပ်ရှင်လောကသားတွေ အသက်ဆုံးရှုံးတာတွေ ကြုံနေရလို့ အစည်းအရုံးအနေနဲ့ အသက်သေဆုံးမှ ထောက်ပံ့ကြေးပေးတာထက် ထိရောက်တဲ့ ဆောင်ရွက်မှုတွေလုပ်ဖို့ ရုပ်ရှင်လောကသားတွေက တောင်းဆိုထားပါတယ်။

ရုပ်ရှင်အစည်းအရုံးဝင်တွေနဲ့ မိသားစုတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးမှာဖြစ်လို့ ကာကွယ်ဆေးထိုးမယ့်သူတွေ အမြန်စာရင်းပေးဖို့ ရုပ်ရှင်အစည်းအရုံးက ဩဂုတ် ၁၀ ရက်မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။

ကိုဗစ် တတိယလှိုင်းမှာ အလွှာအသီးသီးက ရုပ်ရှင်လောကသားတွေ အသက်ဆုံးရှုံးတာတွေ ကြုံနေရလို့ အစည်းအရုံးအနေနဲ့ အသက်သေဆုံးမှ ထောက်ပံ့ကြေးပေးတာထက် ထိရောက်တဲ့ ဆောင်ရွက်မှုတွေလုပ်ဖို့ ရုပ်ရှင်လောကသားတွေက တောင်းဆိုထားပါတယ်။

ရုပ်ရှင်အစည်းအရုံးမှာ ရန်ပုံငွေ အမြောက်အမြားရှိတာကြောင့် အဲဒီငွေတွေကို လက်ရှိအချိန်မှာ အသုံးပြုသင့်တယ်လို့ လောကသားတွေကထောက်ပြထားပါတယ်။

Public Service Announcement

ကိုဗစ် တတိယလှိုင်းကာလအတွင်း အစည်းအရုံးအနေနဲ့ ရုပ်ရှင်၊ သဘင်၊ ဂီတ စာ​ပေအနုပညာရှင်တွေ ဆေးရုံတတ်ရောက်ဖို့လိုရင် ရုံးအဖွဲ့မှုးကို ဆက်သွယ်နိုင်တယ်လို့ ဇူလိုင် ၃၀ ရက်ကညထုတ်ပြန်ထားတာကလွဲလို့ အခြားကူညီဆောင်ရွက် မှုတွေမတွေ့ရပါဘူး။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ပြီးခဲ့တဲ့လအတွင်းကလည်း ကိုဗစ် ရောဂါ ကာကွယ်ရေး ထိန်းချုပ်ရေးစည်း ကမ်းချက်တွေနဲ့အညီ လူ ၃၀ ထက်မပိုဘဲ ရိုက်ကူးရေးပြုလုပ်နိုင်တယ်လို့ စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာနက ကြညာတဲ့စာကို ပြန်တင်ခဲ့ရာမှာ ဝေဖန်တာတွကြုံရလို့ စာကို အသင်းဖေ့စ်ဘွတ်ခ်စာမျက်နှာကနေ ပြန်ဖြုတ်ချသွားခဲ့ပါတယ်။

အခုလည်း ပြည်သူနဲ့အတူရပ်တည်တဲ့အနုပညာရှင်တွေကို စစ်ကောင်စီက မတရားပုဒ်မတွေတပ်ဖမ်းဆီးတာ ဝရမ်းထုတ်တာတွေလုပ်ထားချိန်မှာ စစ်ကောင်စီထိုးပေးမယ့်ကာကွယ်ဆေးကို ထိုးပေးမယ်လို့ ကြေညာတဲ့အပေါ်လောကသားတွေဘယ်လို တုန့်ပြန်မယ်ဆိုတာကို စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။