ကရင်ခေါင်းဆောင်ကြီး စောဘဦး၏ဇာတိ ဘဲဂရက်ရွာတွင်ကျင်းပမည့် (၇၁)နှစ်မြောက် ကရင့်အာဇာနည်နေ့အခမ်းအနားကို စစ်ကောင်စီတပ်များက လာရောက် တားမြစ်ခဲ့ကြောင်း ဧရာဝတီကရင်လူများအဖွဲ့က သတင်း ထုတ်ပြန်သည်။
ဧရာဝတီတိုင်း ကန်ကြီးဒေါင့်မြို့နယ် ဘဲဂရစ်ရွာအဝင်သို့ စစ်ကောင်စီ၏လက်နက်ကိုင်တပ်များဖြစ်သည့် ရဲနှင့် စစ်သားများက နံနက် ၅ နာရီခန့်တွင်လာရောက်ကာ လမ်းပိတ်ဆို့မှုများလုပ်ဆောင်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကားနှင့် ရဲကားများကို ရွာအဝင်လမ်းတစ်နေရာတွင် ရပ်တန့်ပိတ်ဆို့ထားပြီး အထက်အမိန့်အရဟုဆိုကာ အထိမ်းအမှတ်ကျောက်တိုင်နေရာ၌ လွမ်းသူ့ပန်းခွေချခြင်း ဂါရဝပြုခြင်း အလေးပြုခြင်းမပြုလုပ်ရန်တားမြစ်ခဲ့သည်။
ထို့ကြောင့် ဧရာဝတီကရင်လူငယ်များအဖွဲ့မှာ ကျောင်းကုန်းမြို့ အနောက်စုကျေးရွာ မန်းသန်းရှိန်ဘောလုံးကွင်ရှိ မန်းသန်းရှိန်အထိမ်းအမှတ်ကျောက်တိုင်တွင် ကော်ခိုစောဘဦးကြီးနှင့်တကွ ကရင်အာဇာနည်အပေါင်းအား လွမ်းသူပန်းခွေချခြင်း၊ ဂါရဝပြုခြင်း၊ အလေးပြုခြင်းများ ပြုလုပ်ခဲ့ကြသည်။

Public Service Announcement
ကရင်အာဇာနည်ခေါင်းဆောင်တစ်ဦးဖြစ်သည့် စောဘဦးကြီးကို ကန်ကြီးဒေါင့်မြို့နယ်(ယခင်ပုသိမ်မြို့နယ်)ဘဲဂရက်ကျေးရွာ၌ ၁၉၀၃ ခုနှစ်တွင် မွေဖွားခဲ့သည်။
ဘဲဂရက်ရွာအဝင်လမ်းမပေါ်တွင် စစ်ကောင်စီတပ်များက လမ်းပိတ်ဆို့ထားခဲ့သည်။


















































