Connect with us

Hi, what are you looking for?

News

နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သည့်ပြည်သူ စုစုပေါင်း ၉၆၆ဦးအထိရှိလာ

လမ်းဖြစ်စဥ်နှင့်ပတ်သက်ပြီး မပန်းသီးတစ်ဦးသာ သေဆုံးသွားခဲ့သည်ဟု အတည်ပြုနိုင်ခဲ့သဖြင့် အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ကျန်ရှိနေသော အချက်အလက်များအား ဆက်လက်စုံစမ်းအတည်ပြုနိုင်ပါက ထပ်မံ၍ ဖော်ပြပေးသွားမည်ဟု အေအေပီပီက ဆိုသည်။

ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ၄၄ လမ်းရှိ တိုက်ခန်းတစ်ခုကို အကြမ်းဖက်စစ်အုပ်စုမှ ဝင်ရောက်စီးနင်းမှု ကြောင့် တိုက်ပေါ်မှခုန်ချသွားခဲ့သည့်လူငယ်များအနက် မဝေဝေမြင့် (ခ)ပန်းသီးအပါအဝင် စစ်အာဏာရှင် တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသည့်ပြည်သူ စုစုပေါင်းမှာ ယမန်နေ့အထိ ၉၆၆ ဦးရှိပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်သည်။

၄၄လမ်းဖြစ်စဥ်နှင့်ပတ်သက်ပြီး မပန်းသီးတစ်ဦးသာ သေဆုံးသွားခဲ့သည်ဟု အတည်ပြုနိုင်ခဲ့သဖြင့် အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ကျန်ရှိနေသော အချက်အလက်များအား ဆက်လက်စုံစမ်းအတည်ပြုနိုင်ပါက ထပ်မံ၍ ဖော်ပြပေးသွားမည်ဟု အေအေပီပီက ဆိုသည်။

အဆိုပါ အရေအတွက်သည် အေအေပီပီမှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး ထိုအရေအတွက်ထက် ပိုများနေနိုင်သည်ဟု ထုတ်ပြန်အသိပေးထားသည်။

ဖေဖော်ဝါရီ ၁ ရက်မှ ယနေ့(သြဂုတ် ၁၂ ရက်)အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၅၅၆၂ ဦးရှိပြီး ၎င်းတို့အနက်မှ ၂၅၅ ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။

Public Service Announcement

Public Service Announcement

ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦး အပါအဝင် ၂၆ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်း ထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ ၁၉၈၄ဦးရှိပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချ မှတ်ခြင်းခံထားရသူ ၃၉ ဦး အပါအဝင် ၁၁၈ ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရ၍ သေဒဏ်ချ မှတ်ခံထားရသူ စုစုပေါင်း ၆၅ ဦးရှိပြီဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

Public Service Announcement

ယမန်နေ့ (ဩဂုတ် ၁၁) နံနက်ပိုင်းက ဧရာဝတီတိုင်း ဝါးခယ်မမြို့တွင် ကိုနိုင်လင်းဦး နှင့် မဂျူးမာ အပါအဝင် ပရဟိတသမား ငါးဦးကျော်သည် ချို့တဲ့သူများအတွက် ဆန်ဝေရန် စီစဉ်နေစဉ် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ၎င်းတို့ကို မည်သည့်အတွက်ကြောင့် ဖမ်းဆီးသွားသည်ကို သိရှိရခြင်းမရှိကြောင်း ဒေသခံတစ်ဦးမှ ပြောကြားခဲ့သည်ဟု ဖော်ပြထားသည်။

PDF နှင့် ဆက်သွယ်သည်ဟု စွပ်စွဲခံခြင်းခံထားရသည့် မန္တလေးမြို့မှ ကိုအောင်ကျော်ထက် (ခ) တရုတ်လေးကို ဖမ်းဆီးရမိခြင်းမရှိသဖြင့် ဖျားနာနေသည့် ဇနီးဖြစ်သူ မပိုးအိခိုင်နှင့် တစ်နှစ်အရွယ်သမီးငယ်ကို အကြမ်းဖက် စစ်အုပ်စုမှ ဓားစာခံအဖြစ် ဇူလိုင်၃၁ ရက် ညနေပိုင်းက ဖမ်းဆီးသွားခဲ့ပြီး နှစ်ရက်အကြာတွင် ကလေးငယ်ကို ပြန်လည် လွှတ်ပေးခဲ့သည်။

ကလေးငယ်ကို ပြန်လွှတ်သည့် ဩဂုတ် ၂ ရက်တွင် မိခင်နို့ အချိန်ပိုင်း တိုက်ကျွေးခွင့်ပြုမည်ဟု ရဲစခန်းက ပြောကြားသော်လည်း နောက်တစ်ရက်၌မူ မပိုးအိခိုင်တွင် ကိုဗစ်ဖြစ်နေပြီဟုဆိုကာ ပိတ်ပင်ခဲ့ပြီး ထိုနောက်ပိုင်း၌ ဇနီးဖြစ်သူနှင့်ပတ်သက်၍ စုံစမ်း၍မရတော့ကြောင်း ကိုအောင်ကျော်ထက်မှ ပြောကြားခဲ့ကြောင်း ထပ်မံဖော်ပြထားသည်။

ရာဇသတ်ကြီးပုဒ်မ (၅၀၅) ဖြင့် အမှုဖွင့်ခြင်းခံထားရသော ပဲခူးတိုင်း ပဲခူးမြို့၊ ကျောက်ကြီးစုရပ်ကွက် NLDပါတီဝင် ရပ်ကျေးအတွင်းရေးမှူးဖြစ်သူ ကိုနေမျိုးအား အကြမ်းဖက်စစ်အုပ်စုမှ ဩဂုတ် ၅ ရက် ညအချိန်က ၎င်း၏နေအိမ်၌ လာရောက် ရှာဖွေဖမ်းဆီးရာ မတွေ့ရှိသောကြောင့် ၎င်း၏တူဖြစ်သူ ကိုမြတ်နိုးလွင်အား ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ပျံကျကျေးရွာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးမှူး ကိုဟန်ထွန်းကို အကြမ်းဖက်စစ်အုပ်စုမှ သြဂုတ် ၈ ရက် နေ့လယ်ပိုင်းက လာရောက်ရှာဖွေဖမ်းဆီးရာ မတွေ့ရှိ သောကြောင့် ၎င်း၏ မိဘနှစ်ပါးနှင့် သားဖြစ်သူကို ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်ဟု ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

၈၈ မျိုးဆက်​ကျောင်းသား​ခေါင်း​ဆောင်လည်းဖြစ် ၊ ​နွေဦး​တော်လှန်​ရေးမှာ ဦး​ဆောင်ပေး​နေသူတဦးလည်းဖြစ်တဲ့ ဦးမင်းကိုနိုင်နဲ့ လူထု​နွေဦး တို့ရဲ့ သီးသန့်​​မေးမြန်းခန်းကို တင်ဆက်​ပေးလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံတွင် ပြည်သူလူထုအသိအမှတ်ပြု ရွေးကောက်တင်မြှောက်ခဲ့သည့် ၂၀၂၀ ခုနှစ်၊ ရွေး ကောက်ပွဲရလဒ်သည် ယနေ့ကာလအထိ တရားဝင် ဖြစ်ကြောင်း NUG နှင့် NUCC က ထုတ်ပြန်သည်။

သတင်း

စစ်ကြောင်းကြောင့် ဘုတလင်မြို့နယ် အတွင်း မုံရွာ-ဘုတလင် လမ်းတ​လျှောက်ရှိ ကျေးရွာ ၁၀ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

သတင်း

ထီးလင်းမြို့ပေါ်နေ ပြည်သူများသိရှိစေရန် အထူး သတိပေး ထုတ်ပြန်ကြေညာခြင်းဟုဆိုကာ ပအဖက ဒီဇင်ဘာ ၅ရက်တွင် ထုတ်ပြန်ခြင်းဖြစ်သည်။