Connect with us

Hi, what are you looking for?

LuduNwayOo

News

ဘရူနိုင်းအစိုးရပိုင်ရေနံကုမ္ပဏီနဲ့ အကြမ်းဖက်စစ်ကောင်စီတို့ စီးပွားရေးဆက်နွှယ်မှုကြောင့် အထူးကိုယ်စားလှယ်ခန့်အပ်မှု လှောင်ပြောင်စရာဖြစ်နေ

လူသားချင်းစာနာထောက်ထားမှုနဲ့ လူ့အခွင့်အရေး အကျပ်အတည်းတွေကို အရေးပေါ်ကြားဝင်ဖြေရှင်းပေးဖို့ ကုလသမဂ္ဂကို ကျွန်မတို့ တောင်းဆိုလိုက်ပါတယ်” လို့လည်း သူမက ဆက် ပြောပါတယ်။

ဘရူနိုင်းအစိုးရပိုင်ရေနံကုမ္ပဏီနဲ့ အကြမ်းဖက်စစ်ကောင် စီတို့ စီးပွားရေးဆက်နွှယ်ပူးပေါင်းမှုရှိတာကြောင့် အာဆီယံရဲ့အထူးကိုယ်စားလှယ်ခန့်အပ်မှုက မဖွယ်မရာလုပ် ရပ်တစ်ကို ထပ်မံကျူးလွန်တာဖြစ်တယ်လို့ Justice for Myanmar က ဩဂုတ် ၁၁ ရက်က ထုတ်ပြန်ပါတယ်။

အာဆီယံဟာ မြန်မာ့အရေးဖြေရှင်းဖို့ ဘရူနိုင်း နိုင်ငံခြား ရေးဒုတိယဝန်ကြီး Erywan Yusof ကို ခန့်အပ်ခဲ့တာဖြစ်ပြီး အဲဒီခန့်အပ်မှုဟာ လှောင်ပြောင်စရာဖြစ်ကြောင်းနဲ့ အာဆီယံအပေါ်သာ မှီ ခုနေမယ်ဆိုရင် မြန်မာပြည်သူတွေအတွက် အဖြစ်ဆိုးတွေပဲ ပိုမိုဖြစ်ပေါ်စေမှာဖြစ်ကြောင်း Justice for Myanmar က ထောက်ပြပါတယ်။

“တရားမဝင်စစ်ကောင်စီနဲ့ ၎င်းတို့ရဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ခရိုနီတွေနဲ့ စီးပွားရေးလုပ်ငန်းပူးပေါင်းလုပ်ကိုင်နေတဲ့ ဘရူနိုင်းက သူတို့ဒုတိယ နိုင်ငံခြားရေးဝန်ကြီးကို အာဆီယံ အထူးကိုယ်စားလှယ်ခန့်အပ်လိုက်တာဟာ လှောင်ပြောင်စရာ တစ်ရပ် ဖြစ်နေပါတယ်။ စစ်ကောင်စီနဲ့ ၎င်းတို့ရဲ့ ခရိုနီတွေနဲ့ စီးပွားရေး အကျိုးစီးပွါးအတွက် ကိုယ်စားပြုနေတဲ့ Dato Erywan Pehin Yusof ကို ကြားနေစေ့စပ်ညှိနှိုင်းသူအဖြစ် စဉ်းစားဖို့မဖြစ်နိုင်ပါဘူး” လို့ Justice for Myanmar ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။

အထူးကိုယ်စားလှယ်အဖြစ် Erywan Yusof ကို ခန့်အပ်တာနဲ့ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်းတွေ ထောက်ပြဝေဖန်ခဲ့သလို ပွင့်လင်းမြင်သာမှုကင်းမဲ့ခြင်း၊ မြန်မာ နိုင်ငံအတွက် အရေးပါတဲ့သူတွေဖြစ်ကြတဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနဲ့ တိုင်ပင်ဆွေနွေးဖို့ ပျက်ကွက်ခြင်းတွေ အပါအဝင် အရေးကြီးတဲ့ ပြဿနာများကို ထပ်ပေါင်းပေးလိုက်တာဖြစ်တယ်လို့ မရတနာမောင်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“စစ်တပ်ရဲ့ အာဏာသိမ်း ကြိုးပမ်းမှုနဲ့ အကြမ်းဖက်စစ်ဆင်ရေးတွေကြောင့်ဖြစ်ပွားနေတဲ့ လူသားချင်းစာနာထောက်ထားမှုနဲ့ လူ့အခွင့်အရေး အကျပ်အတည်းတွေကို အရေးပေါ်ကြားဝင်ဖြေရှင်းပေးဖို့ ကုလသမဂ္ဂကို ကျွန်မတို့ တောင်းဆိုလိုက်ပါတယ်” လို့လည်း သူမက ဆက် ပြောပါတယ်။

ဘရူနိုင်း အစိုးရပိုင်ရေနံကုမ္ပဏီဟာ မြန်မာစစ်ကောင်စီက ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) နဲ့ ခရိုနီစီးပွားရေးလုပ်ငန်းစု IGE Group တို့နဲ့ စီးပွားရေးလုပ်ကိုင်နေတယ်လို့ Justice for Myanmar က ထုတ်ပြန်ပါတယ်။

ဘရူနိုင်းအစိုးရ ရာခိုင်နှုန်းပြည့်ပိုင်တဲ့ BRUNEI Energy Myanmar ဟာ ၂၀၁၄ တုန်းက စစ်တပ်ကျောထောက် နောက်ခံ ပြည်ခိုင်ဖြိုး အစိုးရလက်ထက်မှာ လုပ်ပိုင်ခွင့်ချထားပေးခဲ့တဲ့ ရေနံနှင့်သဘာဝဓါတ်ငွေ့တူးဖော်ရေးလုပ်ကွက် ၃ ခု မှာ ရှယ်ယာများ ပိုင်ဆိုင်ထားတယ်လို့ ဆိုပါတယ်။

BRUNEI Energy ရဲ့ မြန်မာပြည်တွင်း စီးပွားမိတ်ဖက်ဟာ ပြည်ခိုင်ဖြိုး အတွင်းရေးမှူး ၁ ဟောင်း နဲ့ ဝန်ကြီးဟောင်းဖြစ်သူ အောင်သောင်းရဲ့ သားဖြစ်သူ ပိုင်ဆိုင်တဲ့ IGE Group ဖြစ်တယ်လို့ Justice for Myanmar ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီရေနံနှင့်သဘာဝဓါတ်ငွေ့လုပ်ကွက် ၃ ခုမှာ ထန်းတပင်ရှိ I0R-5 လုပ်ကွက်၊ ရွှေပြည်သာရှိ IOR-7 လုပ်ကွက်နဲ့ မကွေးတိုင်းတိုင်း ကျောက်ကြီး-မင်းတုန်းရှိ EP-1 လုပ်ကွက်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။