Connect with us

Hi, what are you looking for?

News

တောင်တွင်းကြီး အရှေ့ရဲစခန်းရဲဝန်ထမ်းအိမ်ယာကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကြေညာ၊ စုစုပေါင်းတိုက်ခိုက်မှု ၁၁ကြိမ်ပြုလုပ်ထား

တွင်း၌ ပြည်သူလူထု အတွက် အောက်ပါလုပ်ငန်းများကို လုပ်ဆောင်ပြီးစီးခဲ့ပြီဖြစ်ကြောင်း အောက်ပါအတိုင်းထုတ်ပြန်ထားသည်။

People's Spring
People's Spring

မကွေးတိုင်း တောင်တွင်းကြီးမြို့နယ် အရှေ့ရဲစခန်း ရဲဝန်ထမ်းအိမ်ယာအား ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ယနေ့ထုတ်ပြန်သည်။
‘ကျွန်ုပ်တို့ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များနှင့်ပူးပေါင်းကာ စစ်အာဏာရှင်စနစ်အမြစ်ပြုတ်သည်အထိ တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူလူထု အနေဖြင့်လည်း ပူးပေါင်းပါဝင်ကြပါရန် လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်’ဟု အဆိုပါအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ထန်ထွဋ်အမည်ဖြင့် ထုတ်ပြန်ခြင်းဖြစ်သည်။

အဆိုပါအဖွဲ့သည် ပြီးခဲ့သည့် သြဂုတ်၈ရက်တွင် ရှစ်လေးလုံးအရေးတော်ပုံနေ့တွင် သွေးမအေးကြောင်း ပြသသည့်အနေဖြင့်ဆိုကာ မကွေးမြို့လေတပ်စခန်းကို မဟာမိတ်တပ်ပေါင်းစုနှင့်ပူးပေါင်းကာ ဗုံးဖြင့် တိုက်ခိုက်ခဲ့သည်။

သြဂုတ်၅ရက်ကလည်း တောင်တွင်းကြီးမြို့နယ် မောင်းတိုင် ၂ ရပ်ကွက်ရှိ အကြမ်းဖက်စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးဋ္ဌေးငွေ၏နေအိမ်အား သတိပေးသည့်အနေဖြင့် ဗုံးဖောက်ခွဲခြင်း ပြုလုပ်ခဲ့ဟည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ တောင်တွင်းကြီးမြို့နယ်အတွင်း၌ ပြည်သူလူထု အတွက် အောက်ပါလုပ်ငန်းများကို လုပ်ဆောင်ပြီးစီးခဲ့ပြီဖြစ်ကြောင်း အောက်ပါအတိုင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

၂၀၂၁ မေ ၂၃ ရက်
– မြန်မာ့စီးပွါးရေးဘဏ်ရှေ့လုံခြုံရေးများအားဗုံးဖြင့်တိုက်ခိုက်
– ပညာရေးမှူးရုံးရှေ့အစောင့်များအား ဗုံးဖြင့်တိုက်ခိုက်
၂၀၂၁ မေ ၂၄ ရက်
– အရှေ့ရဲစခန်း ရဲဝန်ထမ်းအိမ်ယာအား ဗုံးဖြင့်တိုက်ခိုက်
၂၀၂၁ မေ ၃၁ ရက်
– တောင်တွင်းကြီးပညာရေးမှူးရုံးရှေ့ရှိ အစောင့်များအား ဗုံးဖြင့်တိုက်ခိုက်
၂၀၂၁ ဇွန် ၅ ရက်
– မြန်မာ့စီးပွားရေးဘဏ်အနီးရှိ အစောင့်ရဲများအား သေနတ်ဖြင့်ပစ်ခတ်
၂၀၂၁ ဇွန် ၁၆ ရက်
– စကစလက်ပါးစေ ဦးတင်ထွန်းသိန်း နေအိမ်အားဗုံးဖြင့်တိုက်ခိုက်
၂၀၂၁ ဇူလိုင်လ ၁၈ ရက်

  • ခမရ (၁၀၃) အဝင်ဂိတ်အား ဗုံးဖြင့်တိုက်ခိုက် ၂၀၂၁ ဇူလိုင် ၂၆ ရက်
    • မြို့နယ်အုပ်ချုပ်ရေးမှူးနေအိမ်အား ဗုံးဖြင့်တိုက်ခိုက်

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လိုက်ပါတဲ့ အိမ်စီးကား တိုက်ခိုက်မှုအတွင်း ဗိုလ်ကြီးအပါအ၀င် ၂ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ ရရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့ရဲစခန်းအနီး တိုက်ခိုက်မှုအတွင်း အမှတ်(၁၀၆)ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

သတင်း

မကွေးတိုင်းကမြို့တွေမှာ အပူချိန်မြင့်တက်နေမှုကြောင့် ၂၄နာရီအတွင်း သက်ကြီးပိုင်း ၂ဦး ဦးနှောက်သွေးကြောပြတ် သေဆုံးပြီး သက်ကြီးပိုင်းတစ်ဦးလည်း အရေးပေါ်ဆေးကုသမှု ခံယူနေရကြောင်း ဒေသတွင်း လူမှုကူညီရေးအသင်းတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နိုင်ငံရေးအကျဥ်းသားတွေအားလုံးလွတ်မြောက်ရေး လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။