Connect with us

Hi, what are you looking for?

News

အပြစ်မဲ့ပြည်သူ သုံးဦးထပ်မံကျဆုံး၍ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သူစုစုပေါင်း၉၇၁ဦး အထိရှိလာ

ဂုတ် ၁၂ ရက်တွင်လည်း ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ပါမွန်းချောင်းရွာသား ကိုJoshua အား အကြမ်းဖက်စစ်အုပ်စု၏ တပ်မှ ဖမ်းဆီးခဲ့ပြီး သေနတ်ဖြင့် ၎င်း၏ ဦးခေါင်းနောက်စေ့မှနေ၍ ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။

ချင်းပြည်နယ် ဖလမ်းမြို့နယ်၊ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နှင့် စစ်ကိုင်းတိုင်း မြောင်မြို့နယ်တို့မှ ကျဆုံး သွားသည့် အပြစ်မဲ့ပြည်သူသုံးဦး၏ အချက်အလက်များကို ထပ်မံရရှိ၍ စစ်အာဏာရှင်တော်လှန်ရေး (နွေဦးတော်လှန်ရေး) ကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ယမန်နေ့အထိ (၉၇၁) ဦး ရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ယနေ့ထုတ်ပြန်သည်။

အဆိုပါအရေအတွက်သည် အေအေပီပီမှ ကောက်ယူ ရရှိထားသည့် အရေအတွက် ဖြစ်ပြီး ထိုအရေအတွက်ထက် ပိုများနေနိုင်သည်ဟု ဖော်ပြထားသည်။

ဖေဖော်ဝါရီ၁ ရက်မှ ယနေ့ (သြဂုတ်၁၃ ရက်)အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း (၅၆၀၄) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၅၅) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေးနှစ်ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်းထုတ်ခြင်းခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၈၄) ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဟု ထုတ်ပြန်ထားသည်။

ယမန်နေ့ (သြဂုတ် ၁၃) ညနေပိုင်းတွင် ကချင်ပြည်နယ် ဝူယန်ကျေးရွာမှ ဒေါ်လန်းပြုံး (Lang Pyung) နှင့် ၎င်း၏ ခင်ပွန်းဖြစ်သူတို့သည် ဝိုင်းမော်မြို့မှ ဈေးဝယ်ပြီးအပြန် ခလရ ၅၈ တပ်ရင်းရှေ့ ကားလမ်းကို ဆိုင်ကယ်ဖြင့် ဖြတ်သန်း သွားစဉ် ခလရ ၅၈ မှ ပစ်ခတ်ခဲ့သည့်အတွက် ဒေါ်လန်းပြုံးသည် ဘယ်ဘက်နံရိုးကြားမှ ညာဘက် နံရိုးကြားကို ထုတ်ချင်းပေါက် ဒဏ်ရာရရှိခဲ့ပြီး ဝိုင်းမော်မြို့ဆေးရုံ၌ ကျဆုံးသွားခဲ့ပြီး ၎င်း၏ခင်ပွန်းဖြစ်သူ မှာမူ လွတ်မြောက်သွားကြောင်း သိရှိရသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

Public Service Announcement

Public Service Announcement

သြဂုတ် ၁၂ ရက်တွင်လည်း ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ပါမွန်းချောင်းရွာသား ကိုJoshua အား အကြမ်းဖက်စစ်အုပ်စု၏ တပ်မှ ဖမ်းဆီးခဲ့ပြီး သေနတ်ဖြင့် ၎င်း၏ ဦးခေါင်းနောက်စေ့မှနေ၍ ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်း မြောင်မြို့နယ်၊ ကျီကုန်းကျေးရွာကို သြဂုတ်လ ၁ဝ ရက်နေ့ ညအချိန်က အကြမ်းဖက်စစ်အုပ်စု၏ တပ်မှ ဝင်ရောက်စီးနင်းခဲ့ပြီး ရွာသားတစ်ဦးဖြစ်သူ ဦးညီညီလတ်ကို အကြောင်းမဲ့ ဖမ်းဆီးကာ ဝိုင်းဝန်းရိုက်နှက်ခဲ့သည်။ ထိုကဲ့သို့ ဝိုင်းရိုက်သည့်အတွက် ဦးညီညီလတ်မှ ထွက်ပြေးစဉ် ပစ်သတ်ခဲ့ကြောင်း သိရှိရသည်။ ဦးညီညီလတ်၏ ရုပ်အလောင်းကို ရွာရှိ လှေဆိပ်တွင် ပြန်လည်တွေ့ရှိခဲ့ပြီး ခန္ဓာကိုယ်တွင် ဒဏ်ရာများ နှင့် လည်ပင်းနှင့် ဦးခေါင်းတွင် သေနတ်ဒဏ်ရာများကို တွေ့ရှိရသည်ဟု ဒေသခံပြည်သူများ၏ ပြောကြားချက်အရ သိရှိရသည်ဟု ပါရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့အခြေစိုက် Ramon Magsaysay Award Foundation က ဂုဏ်ပြုချီးမြှင့်တဲ့ ၂၀၂၆ ခုနှစ် ရာမွန်မက်ဆေဆေဆုကို နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ပူးတွဲတည်ထောင်သူ ဦးဘိုကြည် ရရှိခဲ့ပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)နဲ့သာ​​ရွေးချယ်​တွေ့ဆုံခွင့်​ပေးခြင်းဟာ အကျဉ်းသားအဖြစ်သာ သဘောထားနေကြောင်း သိသာထင်ရှားစေ​တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေအသင်း(AAPP)ကထုတ်ပြန်ပါတယ် ။

အတွေးအမြင်

(စစ်အုပ်စု၏ လတ်တလောအောင်မြင်မှုများသည် အပြီးသတ်အောင်ပွဲမဟုတ်သေး)