Connect with us

Hi, what are you looking for?

LuduNwayOo

News

ထိုင်းနယ်စပ်မှာ မြန်မာ​ရွှေ့​ပြောင်းလုပ်သား ၁၃ ဦး ဖမ်းခံရ

သြဂုတ် ၁၃ ရက်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင်ထဲမှာ ထိုင်းအမျိုးသားကယ်ရီ ၂ ဦးလိုက်ပါပို့ဆောင်နေတဲ့ ကားနှစ်စီးနဲ့အတူ အထောက်အထားမဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁၃ ဦးကို ထိုင်းစစ်တပ်က ဖမ်းဆီးရမိခဲ့တာပါ။

မြန်မာ-ထိုင်းနယ်စပ် ကန်ချနာဘူရီခရိုင်ထဲမှာ တရားမ၀င်၀င်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁၃ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ နယ်မြေခံထိုင်းစစ်တပ်ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

သြဂုတ် ၁၃ ရက်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင်ထဲမှာ ထိုင်းအမျိုးသားကယ်ရီ ၂ ဦးလိုက်ပါပို့ဆောင်နေတဲ့ ကားနှစ်စီးနဲ့အတူ အထောက်အထားမဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁၃ ဦးကို ထိုင်းစစ်တပ်က ဖမ်းဆီးရမိခဲ့တာပါ။

အမျိုးသမီးအများစုပါ၀င်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ကိုဗစ်ရောဂါရှိမရှိ စစ်ဆေးရာမှာ ပိုးမတွေ့ရှိဘူးလို့သိရပြီး သူတို့ကိုတော့ ထိုင်းဥပဒေအရ အရေးယူဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ထိုင်းစစ်တပ်က ထုတ်ပြန်ပါတယ်။

ထိုင်း မြန်မာနယ်စပ် ကန်ချနာဘူရီခရိုင်ထဲကနေတစ်ဆင့် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ ၀င်ရောက်မှုဟာ များစွာရှိနေပြီး ထိုင်းစစ်တပ်ရဲ့ ဖမ်းဆီးရမိတာတွေလည်း မကြာခဏရှိနေတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တချို့နိုင်ငံခြားသားတွေကတော့ ကန့်သတ်ပိတ်ပင်ထားတဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်နေတာ မဟုတ်ပေမယ့် အလုပ်သမား စည်းမျဉ်းတွေကို မလိုက်နာလို့ အရေးယူ ခံရတာလို့လည်း ခါရွမ်က ပြောပါတယ်။

မေးမြန်းခန်း

ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို ဗဟိုပြုနေတဲ့ ပထဝီဝင် နိုင်ငံရေး ရိုက်ခတ်မှုတွေ အကြောင်းကို ပြည့်ပြည့်စုံစုံ ပြောကြားခဲ့ပါတယ်။

သတင်း

▪︎ နယ်စပ်ဖြတ်​ကျော်အကူအညီ​ပေးတာမှာထိုင်းက KNU နဲ့ နယ်စပ်​ဒေသမှာအကူအညီ​ပေး​နေတဲ့အဖွဲ့​တွေကိုမတိုင်ပင်ပဲ စစ်​ကောင်စီသြဇာခံ ကြက်​ခြေနီအသင်းနဲ့​ပူး​ပေါင်းလုပ်မယ့်အစီအစဥ်ဟာလုပ်နည်းလုပ်ဟန်မှား​နေတယ်လို့ KNU​ပြော

သတင်း

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် ချင်းတိုင်းရင်းသား အနွယ်ဝင် ၃၀၀၀၀ လောက်ဟာ မီဇိုရမ် ပြည်နယ်ထဲကို စစ်ရှောင်တွေအဖြစ် ဝင်ရောက် ခိုလှုံနေခဲ့ကြရပြီး ဖြစ်ပါတယ်။