Connect with us

Hi, what are you looking for?

News

ထိုင်းနယ်စပ်မှာ မြန်မာ​ရွှေ့​ပြောင်းလုပ်သား ၁၃ ဦး ဖမ်းခံရ

သြဂုတ် ၁၃ ရက်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင်ထဲမှာ ထိုင်းအမျိုးသားကယ်ရီ ၂ ဦးလိုက်ပါပို့ဆောင်နေတဲ့ ကားနှစ်စီးနဲ့အတူ အထောက်အထားမဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁၃ ဦးကို ထိုင်းစစ်တပ်က ဖမ်းဆီးရမိခဲ့တာပါ။

မြန်မာ-ထိုင်းနယ်စပ် ကန်ချနာဘူရီခရိုင်ထဲမှာ တရားမ၀င်၀င်ရောက်လာတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁၃ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ နယ်မြေခံထိုင်းစစ်တပ်ရဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

သြဂုတ် ၁၃ ရက်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင်ထဲမှာ ထိုင်းအမျိုးသားကယ်ရီ ၂ ဦးလိုက်ပါပို့ဆောင်နေတဲ့ ကားနှစ်စီးနဲ့အတူ အထောက်အထားမဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၁၃ ဦးကို ထိုင်းစစ်တပ်က ဖမ်းဆီးရမိခဲ့တာပါ။

အမျိုးသမီးအများစုပါ၀င်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ကိုဗစ်ရောဂါရှိမရှိ စစ်ဆေးရာမှာ ပိုးမတွေ့ရှိဘူးလို့သိရပြီး သူတို့ကိုတော့ ထိုင်းဥပဒေအရ အရေးယူဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ထိုင်းစစ်တပ်က ထုတ်ပြန်ပါတယ်။

ထိုင်း မြန်မာနယ်စပ် ကန်ချနာဘူရီခရိုင်ထဲကနေတစ်ဆင့် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေ ၀င်ရောက်မှုဟာ များစွာရှိနေပြီး ထိုင်းစစ်တပ်ရဲ့ ဖမ်းဆီးရမိတာတွေလည်း မကြာခဏရှိနေတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ထိုင်းမှာ မြန်မာတွေပါတဲ့ ငါးဖမ်းလှေတစ်စီး နစ်မြုပ်မှုကြောင့် ၃ ဦးသေဆုံးပြီး ၄ ဦး ပျောက်ဆုံးနေကြောင်း သိရပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

သတင်း

အမေရိကန် စီးပွားရေး လုပ်ငန်းရှင် တစ်ဦးကို ပြည်နှင်ဒဏ်​ပေးလိုက်ကြောင်း အာဏာသိမ်း စစ်တပ်က ထုတ်ပြန်ပါတယ်။

သတင်း

အမေရိကန် သမ္မတရဲ့ ညွှန်ကြားချက်အရ မြန်မာ အပါအဝင်နိုင်ငံ​ပေါင်း ၂၃ ခုကို ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရာ၊ ဖြတ်သန်းသယ်ယူ ပို့ဆောင်ရာနိုင်ငံတွေအဖြစ်သတ်မှတ်ကြောင်းအမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကစက်တင်ဘာ ၁၅ ရက်မှာထုတ်ပြန်ခဲ့ပါတယ်။

Facebook