Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီက မန္တ​လေးမြို့တွင် သံဃာ​တော်​တွေကို ဂိတ်​စောင့်ခိုင်း

ပြည်သူကာကွယ်​ရေးတပ်ဖွဲ့​ (PDF)တွေက စစ်​ကောင်စီတပ်ကိုလာတိုက်ရင် သံဃာ​တော်​တွေရှိတဲ့အတွက် တိုက်တဲ့အဖွဲ့ကို အကြမ်းဖပ်အဖွဲ့လို့စွပ်စွဲနိုင်ဖို့ ဖြစ်တယ်လို့ မြို့ခံတစ်ဦးက​ ပြောပါတယ်။

မန္တ​လေးမြို့မှာ အာဏာသိမ်းစစ်​​ကောင်စီက တိုင်းသံဃာနယက အဖွဲ့နဲ့​ဆွေး​နွေးပြီး မြို့တွင်းငါးမြို့နယ် စစ်​ဆေး​ရေးဂိတ်​တွေမှာ သံဃာ​တော်​တွေကို ဂိတ်​စောင်ဖို့ တာဝန်​ပေးလိုက်ပါတယ်။

​အောင်​မြေသာစံမြို့နယ် ၊ချမ်း​အေသာစံမြိုနယ် ၊မဟာ​အောင်​မြေ မြို့နယ် ၊ချမ်းမြသာစည်မြို့နယ် နဲ့ ပြည်ကြီးတံခွန်မြို့နယ်တွေမှာရှိတဲ့ မြို့နယ်သံဃာနယကအဖွဲ့​တွေက စစ်​ကောင်စီမြို့နယ်အဆင့်ပုဂ္ဂလိ​တွေနဲ့ ညှိနှိုင်းပြီး​တော့ COVID-19 စစ်​ဆေး​ရေးဂိတ်​တွေမှာ သံဃာသုံးပါးကြီးကြပ်​ဆောင်ရွက်ရမယ်လို့ မန္တ​လေးတိုင်းသံဃနာယကအဖွဲ့က ထုတ်ပြန်တဲ့စာမှာ​တွေ့ရပါတယ်။

ဗုဒ္ဓသာသနာတစ်​လျှောက်လုံးမှာ သံဃာ​တော်​တွေက လူ​တွေကခိုင်းလို့ ဂိတ်စာင့်လုပ်ရတာမျိုး မရှိဘူးဖူးလို့ သံဃာ​တော်အချို့က မိန့်ကြားပါတယ်။ ရဟန်​တော်​တွေက လူပုဂ္ဂိုလ်​တွေကို​တောင် မ​ကောင်းတဲ့သူ​တွေနဲ့မ​ပေါင်းသင်းကြဖို့ ဆုံးမပေးရ​တာဖြစ်တယ်၊နိုင်ငံ​တော်အာဏာကိုမတရားလုယူပြီး ​နေ့စဥ် ပြည်သူ​တွေကို သတ်ဖြတ်၊ညှင်းပန်းနှိပ်စက်၊ဖမ်းဆီး ၊လုယက် ၊ဆိုးသွမ်း​နေတဲ့ စစ်​ကောင်စီကဂိတ်​စောင့်ခိုင်းတာကို လုပ်ဖို့​ဝေစွ စဥ်း​​တောင်မစဥ်းစားသင့်ဘူးလို့ ဆရာ​​တော်တစ်ပါးကလည်းမိန့်ပါတယ်။

မန္တ​လေးမြို့မှာ ပြည်သူ​တွေက မိမိအစီအစဥ်နဲ့မိမိ ကိုဗစ်ကူးစက်မှု​လျော့ပါး​အောင် ​နေထိုင်စား​သောက်ကြတာ​ကြောင့်အခုဆိုရင် ကိုဗစ်ကူးစက်မှုက​လျော့ပါး​နေပါပြီ။ပိုးကူးစက်မှု​လျော့ချိန်မှ ကိုဗစ်အကြာင်းပြပြီး ဘုန်းကြီး​တွေကိုညဂိတ်​စောင့်ခိုင်းတာက မရိုးသားဘူးလို့ လူမှုကူညီ​ရေး လုပ်ကိုင်​နေသူတစ်ဦးက​ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပြည်သူကာကွယ်​ရေးတပ်ဖွဲ့​ (PDF)တွေက စစ်​ကောင်စီတပ်ကိုလာတိုက်ရင် သံဃာ​တော်​တွေရှိတဲ့အတွက် တိုက်တဲ့အဖွဲ့ကို အကြမ်းဖပ်အဖွဲ့လို့စွပ်စွဲနိုင်ဖို့ ဖြစ်တယ်လို့ မြို့ခံတစ်ဦးက​ ပြောပါတယ်။

“နယ်​ပေါင်းစုံကို တပ်​တွေလွှတ်ထားရလို့ စစ်​ကောင်စီတပ်​တွေမှာ တပ်သားအင်အားနည်း​လာတာရယ် ၊လာတိုက်တဲ့ PDF ​တွေက ဘုန်းကြီး​စောင့်​နေတာ​တုန်းလာပစ်ရင် ဘုန်းကြီးကိုပစ်တယ်ဆိုပြီးအကြမ်းဖက်အဖွဲ့ လို့ ဝါဒဖြန့်ဖို့​ထောင်​ချောက်ဆင်တယ်လို့သုံးသပ်တယ်။

ဗုဒ္ဓသာသနာတစ်လျှာက်လုံးမရှိခဲ့ဖူးတဲ့ လူမိုက်က ခိုင်းလို့ သံဃာ​တွေကဂိတ်​စောင့်​ပေးရတယ်ဆိုရင် သာသနာလည်သွားပြီ ။သာသနာ​တော်ကို ထွန်းကား​အောင်လုပ်တယ်ဆိုတ ဘုန်းကြီး​တွေကိုဂိတ်​စောင့်ခိုင်းတဲ့နည်းလမ်းနဲ့လား ။ထမင်းစားသူဆိုစဥ်းစားကြည့်ကြပါဦး ။ဝိနည်းနဲ့ညီတဲ့ရဟန်း​တော်​တွေကလည်း သတ္တိရှိရှိ မိန့်ကြားပြီးတားဆီးသင့်တယ်” လို့ ပြည်သူတစ်ဦးကလည်းပြောပါတယ်။

သံဃာ​တော်​တွေကို ဂိတ်​စောင့်ခိုင်းမယ့်အစီအစဥ်ကို သြဂုတ် ၁၂ ရက်က မစိုးရိမ်​ကျောင်းတိုက် ၊သာသန နယူပ​ဒေသာ​ကျောင်းတိုက်မှာ စစ်​ကောင်စီနဲ့ တိုင်း၊မြို့နယ် သံဃာနယကအဖွဲ့​တွေ​ဆွေး​နွေးခဲ့တာဖြစ်ပါတယ်။ စစ်​ကောင်စီက ဂိတ်​စောင့်ဖို့ တစ်မြို့နယ် သံဃာအပါး ၃၀ ​တောင်းပြီး ​ဆွေး​နွေးပြီးတဲ့​နောက် တစ်ဂိတ်ကိုသုံးပါးစီထားဖို့သ​ဘောတူခဲ့တာလို့သိရပါတယ်။

အခုအစီအစဥ်​ကြောင့် စစ်​​ကောင်စီရဲ့ တပ်ဖွဲ့ဝင်​တွေ၊ဒလန်​တွေ ကလည်း ရဟန်း​ယောင်​ဆောင်ပြီး ဂိတ်​စောင့်သလိုလုပ်ပြီး ပြည်သူ့ကာကွယ်​ရေးတပ်​တွေကို အန္တရာယ်​ပေးလာနိုင်တယ်လို့ ရဟန်း​တော်တစ်ပါးကမိန့်ကြားပါတယ်။ စစ်​ကောင်စီကို ပြည်သူအများစုက မလိုလားဘဲဆန့်ကျင်​နေကြတာ​ကြောင့် ဒီအစီအစဥ်က ပြည်သူနဲ့ ရဟန်း​တွေကို ရန်တိုက်​ပေးတဲ့ အလွန်​ကောက် ကျစ်တဲ့နည်းလမ်းလို့ သံဃာတစ်ပါးက မိန့်ကြားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။