Connect with us

Hi, what are you looking for?

News

ဖမ်းဆီးခံထားရတဲ့ပဲခူးတိုင်း ဒီချုပ် လွှတ်တော်ကိုယ်စားလှယ် ကိုဗစ်နဲ့ ကွယ်လွန်

ကွယ်လွန်သွားသူဟာ ပဲခူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖြစ်သလို ပဲခူးမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်ရွှေဖြစ်ပါတယ်။

ဓာတ်ပုံ- Daw Cho Cho FB

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ပဲခူးတိုင်း က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အကျဉ်းထောင်မှာကိုဗစ်ကူးစက်ခံရပြီး ဒီနေ့မနက်အစောပိုင်းက ကွယ်လွန်သွားတယ်လို့ ဒီချုပ် လွှတ်တော်ကိုယ်စားလှယ်တွေဆီကသိရပါတယ်။

ကွယ်လွန်သွားသူဟာ ပဲခူးမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဖြစ်သလို ပဲခူးမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်ရွှေဖြစ်ပါတယ်။

ဦးညွှန့်ရွှေ ကွယ်လွန်သွားတာနဲ့ပတ်သက်ပြီး ပဲခူးတိုင်း ၊အုတ်တွင်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုက သူရဲ့ဖေ့ဘွတ်ခ်မှာ “ အခုတော့ထောင်ထဲမှာ Covid ဖြင့်ကြွေလွင့်ခဲ့ရပီ” လို့ ရေးသားထားတာတွေ့ရပါတယ်။

ဦးညွှန်ရွှေဟာ ကွယ်လွန်ချိန်မှာအသက် ၇၅ နှစ်ရှိပြီဖြစ်ကာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက ဖမ်းဆီးခံခဲ့ရတာပါ။

Public Service Announcement

Public Service Announcement

အဲဒီနောက်ပဲခူးကျိုက်ဇကော်အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတာဖြစ်ပြီး ကိုဗစ်ကူးစက်ခံရလို့ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၄ ရက် ကလိဆေးရုံကို ပို့ဆောင်ကုသခဲ့တာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာလည်း ဒီချုပ်ပါတီရဲ့ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဉာဏ်ဝင်းမှာ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အင်းစိန်အကျဉ်းထောင်မှာကိုဗစ်ကူးစက်ခံရပြီး ရန်ကုန်ဆေးရုံကြီးမှာကုသမှုခံယူနေစဉ် ကွယ်လွန်ခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​စစ်ကိုင်းတိုင်း၊ ကလေးအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုဝင်းမြင့်စိုးဟာ ထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာကြောင့်ကွယ်လွန်သွားခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးတိုင်း ၊ညောင်လေးပင်မြို့နယ်အတွင်းက ရေတွင်းကုန်း ၊ ခရုကုန်းနဲ့ကျောင်းကုန်း ကျေးရွာတွေဆီ မတ်လ ၅ ရက်က စစ်ကောင်စီ တပ် စစ်ကြောင်းဝင်ရောက်စီးနင်းရာမှာ အရပ်သား ၄၀ ကျော် သတ်ဖြတ်ခံရတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှားမှာ ပွက်ပွက်ဆူနေတဲ့ ရေနွေးကို သောက်ဖို့ အတင်းအကျပ် ဖိအားပေး ခံခဲ့ရတဲ့ ကလေးငယ် တစ်ဦးဟာ မသေဆုံးခင်မှာ သူ့ကို အဓမ္မ ခိုင်းစေခဲ့သူကို ဖော်ထုတ်သွားခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း အနောက်ခြမ်း၊ နတ်တလင်းမြို့နယ်ထဲက ကျေးရွာတွေကို စစ်တပ်က မီးရှို့တာတွေလုပ်ဆောင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။