Connect with us

Hi, what are you looking for?

News

စလင်းမြို့စစ်ဆေးရေးဂိတ် ဗုံးပေါက်ကွဲပြီး စစ်​ကောင်စီ ၏ရဲ ၁ဦးသေ၊ ၂ဦး ဒဏ်ရာပြင်းထန်

စလင်း- မင်းဘူး ကားလမ်းတွင် ဩဂုတ် ၁၇ရက် နံနက် ၁၀နာရီခန့်၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မကွေးတိုင်းဒေသကြီး စလင်းမြို့အဝင်၌ ယနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲ၍ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၁ဦးသေဆုံးခဲ့ကြောင်း ဒေသခံက ပြော သည်။

စလင်း- မင်းဘူး ကားလမ်းတွင် ဩဂုတ် ၁၇ရက် နံနက် ၁၀နာရီခန့်၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“စလင်းမြို့တောင်ဘက် ဂိတ်အထွက်မှာ ဗုံးပေါက်ကွဲတော့ ဂိတ်စောင့်နေတဲ့ ရဲ ၇ယောက်ရှိတာ ၃ယောက်ထိတယ်။ တစ်ယောက်က သေသွားပြီး နှစ်ယောက်ကဆေးကုနေရပြီ” ဟု ဒေသခံက ပြောသည်။

ဒဏ်ရာရသည့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးလုံးလည်း အခြေအနေမကောင်းကြောင်း သိရသည်ဟု ၎င်း ကဆိုသည်။

Public Service Announcement

Public Service Announcement

“လတ်တလောက ဘယ်သူ့လက်ချက်မှန်းဆိုတာ သေချာပြောလို့မရသေးဘူး။”ဟု အဆိုပါဒေသခံက ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် စစ်ဆေးရေးဂိတ်အဆောက်အဦ များလည်း ပျက်စီးခဲ့သည်။

စလင်းအပါအဝင် မကွေးတိုင်းဒေသကြီးရှိ မြို့နယ်များ၌ အာဏာသိမ်းစစ်ကောင်စီတပ်ကို ခုခံတော်လှန်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များကို မြို့နယ်အလိုက် ဖွဲ့စည်းပြီးဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ခရီးသွားပြည်သူ​တွေကိုဓာတ်ပုံမှတ်တမ်းယူတာ​တွေလုပ်လာပြီး မြို့ထဲမှာစစ်တပ်လုံခြုံ​ရေးတင်းကြပ်