Connect with us

Hi, what are you looking for?

LuduNwayOo

News

စလင်းမြို့စစ်ဆေးရေးဂိတ် ဗုံးပေါက်ကွဲပြီး စစ်​ကောင်စီ ၏ရဲ ၁ဦးသေ၊ ၂ဦး ဒဏ်ရာပြင်းထန်

စလင်း- မင်းဘူး ကားလမ်းတွင် ဩဂုတ် ၁၇ရက် နံနက် ၁၀နာရီခန့်၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မကွေးတိုင်းဒေသကြီး စလင်းမြို့အဝင်၌ ယနေ့မနက်ပိုင်းက ဗုံးပေါက်ကွဲ၍ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၁ဦးသေဆုံးခဲ့ကြောင်း ဒေသခံက ပြော သည်။

စလင်း- မင်းဘူး ကားလမ်းတွင် ဩဂုတ် ၁၇ရက် နံနက် ၁၀နာရီခန့်၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“စလင်းမြို့တောင်ဘက် ဂိတ်အထွက်မှာ ဗုံးပေါက်ကွဲတော့ ဂိတ်စောင့်နေတဲ့ ရဲ ၇ယောက်ရှိတာ ၃ယောက်ထိတယ်။ တစ်ယောက်က သေသွားပြီး နှစ်ယောက်ကဆေးကုနေရပြီ” ဟု ဒေသခံက ပြောသည်။

ဒဏ်ရာရသည့် ရဲတပ်ဖွဲ့ဝင် နှစ်ဦးလုံးလည်း အခြေအနေမကောင်းကြောင်း သိရသည်ဟု ၎င်း ကဆိုသည်။

Public Service Announcement

Public Service Announcement

“လတ်တလောက ဘယ်သူ့လက်ချက်မှန်းဆိုတာ သေချာပြောလို့မရသေးဘူး။”ဟု အဆိုပါဒေသခံက ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် စစ်ဆေးရေးဂိတ်အဆောက်အဦ များလည်း ပျက်စီးခဲ့သည်။

စလင်းအပါအဝင် မကွေးတိုင်းဒေသကြီးရှိ မြို့နယ်များ၌ အာဏာသိမ်းစစ်ကောင်စီတပ်ကို ခုခံတော်လှန်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များကို မြို့နယ်အလိုက် ဖွဲ့စည်းပြီးဖြစ်သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။