Connect with us

Hi, what are you looking for?

LuduNwayOo

News

အပြစ်မဲ့ပြည်သူတစ်ဦးထပ်မံကျဆုံး၍ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့သည့်ပြည်သူစုစုပေါင်း ၉၉၉ဦးရှိပြီဟု အေအေပီပီထုတ်ပြန်

ဖေဖော်ဝါရီ၁ ရက်မှ ယနေ့(သြဂုတ် ၁၇ ရက်)အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူစုစုပေါင်း (၅၇၁၂) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၅၅) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။

မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်မှ အပြစ်မဲ့ပြည်သူတစ်ဦး၏ ကျဆုံးခဲ့ကြောင်းထပ်မံသိရှိ၍ စစ်အာဏာရှင် တော်လှန်ရေး(နွေဦးတော်လှန်ရေး)ကာလအတွင်း ကျဆုံးခဲ့သည့် ပြည်သူစုစုပေါင်းမှာ ယမန်နေ့အထိ၉၉၉ ဦး ရှိခဲ့ပြီဖြစ်ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ယနေ့ထုတ်ပြန်သည်။

အဆိုပါအရေအတွက်သည် အေအေပီပီမှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး ထိုအရေအတွက်ထက် ပိုများနေနိုင်သည်ဟု အေအေပီပီက ဆိုသည်။

ဖေဖော်ဝါရီ၁ ရက်မှ ယနေ့(သြဂုတ် ၁၇ ရက်)အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူစုစုပေါင်း (၅၇၁၂) ဦးရှိပြီး ၎င်းတို့အနက်မှ (၂၅၅) ဦး မှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်။

ထိုပြစ်ဒဏ်ကျခံရသူထဲမှ အသက် ၁၈ နှစ်အောက် ကလေး (၂) ဦး အပါအဝင် (၂၆) ဦးမှာ သေဒဏ်ချမှတ်ခံထားရသည်။ ထို့အပြင် ဖမ်းဝရမ်း ထုတ်ခြင်း ခံထားရသောကြောင့် တိမ်းရှောင်နေသူ (၁၉၈၄) ဦး၏ အမည်စာရင်းကိုလည်း သီးခြား ဖော်ပြထားပြီး ၎င်းတို့ အနက်မှ မျက်ကွယ် သေဒဏ်ချမှတ်ခြင်းခံထားရသူ (၃၉) ဦး အပါအဝင် (၁၁၈) ဦးမှာ မျက်ကွယ် ပြစ်ဒဏ်ချမှတ် ခြင်းခံထားရသည်။ ထိုကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၆၅) ဦးရှိပြီဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

Public Service Announcement

Public Service Announcement

သြဂုတ် ၁၅ ရက်နံနက် ၁၀ နာရီဝန်းကျင်က အကြမ်းဖက်စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များဖမ်းဆီးခေါ်ဆောင်သွားသည့် မန္တလေးတိုင်း ကျောက်ဆည်မြို့နယ် ကျောက်ဆောက်ကလေးကျေးရွာမှ ဒေသခံရွာသားဦးသန်းစိန်သည် ပြင်းထန်စွာ ရိုက်နှက်ခြင်းခံခဲ့ရသောကြောင့် သြဂုတ်၁၆ ရက်နံနက်ပိုင်းတွင် ကျဆုံးသွားခဲ့ကြောင်း သိရှိရသည်။ ၎င်း၏ဖုန်း lock ကို မဖွင့်ပေး၍ဟုဆိုကာ ထိုးကြိတ်ခြင်း၊ ဝါယာကြိုးများ၊ ဝါးများဖြင့် ရိုက်နှက်ခြင်းတို့ကြောင့် ဦးသန်းစိန်မှာသွားသုံးချောင်း ကျွတ်ထွက်သွားခဲ့သည်။ ယင်းကဲ့သို့ ညနေထိတိုင် ရိုက်နှက်ခံရမှု‌ကြောင့် ဦးသန်းစိန် အသက်သေဆုံးရခြင်း ဖြစ်သည်ဟု ဒေသခံများမှ ပြောကြားခဲ့သည်။ ဦးသန်းစိန်သည် ရပ်ရွာအတွင်း တက်ကြွစွာ ပါဝင်လှုပ်ရှားသူတစ်ဦးဖြစ်ပြီး အကြမ်းဖက်စစ်အုပ်စုမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ထောက်ခံသူများအား ဖမ်းဆီးနေသောကြောင့် တိမ်းရှောင်နေရာမှ အိမ်ကိုပြန်ရောက်ချိန်တွင် အကြမ်းဖက်စစ်အုပ်စုခန့် ကျေးရွာ အုပ်ချုပ်ရေးမှုးမှ သတင်းပေးသောကြောင့် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရှိရသည်ဟု ဖော်ပြထားသည်။

ယမန်နေ့ (သြဂုတ် ၁၆) ညနေ၅ နာရီခန့်က မန္တလေးတပ်ပေါင်းစုသပိတ်စစ်ကြောင်း၏ ဦးဆောင်သူတစ်ဦး ဖြစ်သည့် ကိုကျော်သီဟသည် ဆိုင်ကယ်မောင်းလာစဉ် အရပ်ဝတ်များ ဝတ်ဆင်ထားသည့် အကြမ်းဖက် စစ်အုပ်စု၏ တပ်ဖွဲ့ဝင်များက အိမ်စီးကားနှင့်တိုက်ကာ ဝိုင်းဝန်းထိုးကြိတ်ပြီး သေနတ်များဖြင့် ချိန်ရွယ်၍ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရှိရသည်။ ထို့ပြင် အကြမ်းဖက်စစ်အုပ်စုမှ သပိတ်စစ်ကြောင်းတွင် ပါဝင်သူများ တိမ်းရှောင်နေထိုင်ရာ နေအိမ်တချို့ကိုလည်း ဝင်ရောက်စီးနင်းခဲ့ပြီး သပိတ်စစ်ကြောင်းတွင်ပါဝင်သည့် မပီတိကို ဖမ်းဆီးသွားခဲ့ကြောင်း သိရှိရသည်ဟု ထပ်မံဖော်ပြထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့အား မြို့တော်ခန်းမအတွင်းရှိ စစ်သားများက ရိုက်နှက် နှိပ်စက်ခဲ့ရာ ကိုအောင်ကျော်ဇင်မှာ မတ်လ (၂၉) ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောကြားသည်။

သတင်း

ဖေဖော်ဝါရီ ၂၅ရက်က မုံရွာမြို့နယ်ရှိ ဗန်စီစီ၊ နိဗ္ဗာန်ဝ၊ မုံရွေးကြေးမုံကျေးရွာများသို့ ထိုးစစ်ဆင်လာခဲ့သော စစ်ကြောင်းနှင့် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Force ရဲဘော်များနှင့် ထိပ်တိုက်တွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

သတင်း

KNLA တပ်မဟာ(၅)နှင့် စစ်ကောင်စီအကြား နိုဝင်ဘာလအတွင်း တိုက်ပွဲဖြစ်ပွားမှု အနှစ်ချုပ်ကို ယနေ့ (ဒီဇင်ဘာ ၃ရက်) ညပိုင်း၌ အသိပေးထုတ်ပြန်လာခြင်းဖြစ်သည်။