Connect with us

Hi, what are you looking for?

News

စစ်ကောင်စီသုံး လျှပ်စစ်တာဝါတိုင်နှစ်ခုကို မိုင်းခွဲဖျက်ဆီးခဲ့ဟု ဖယ်ခုံ PDFထုတ်ပြန်၊ နှစ်ရက်ဆက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီနှင့် PNO တပ်ဖွဲ့ဝင်များသေဆုံးမှုများပြားဟုဆို

အဆိုပါတိုက်ပွဲများတွင် ဖယ်ခုံ PDFနှင့်အတူ ဒီးမော့ဆို PDF၊ မိုးဗြဲ PDF၊ ကရင်နီပြည်တပ်မတော်(KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီသီးသန့်အသုံးပြုသည့် လျှပ်စစ်တာဝါတိုင် နှစ်ခုကို မိုင်းခွဲဖျက်ဆီးခဲ့ကြောင်းနှင့် ထိုသို့ ဖျက်ဆီးပြီး တစ်ရက်ကျော်အကြာတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က သတင်းထုတ်ပြန်သည်။

ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ်ကြား လွယ်ဟဲကျေးရွာအနီးရှိ လောပိတ အမှတ်(၃) စက်ရုံမှ နေပြည်တော်သို့ သွယ်တန်းထားသော စစ်ကောင်စီသီးသန့်သုံး မဟာဓာတ်အားလိုင်း တာဝါတိုင် ၂ခုကို ဩဂုတ် ၁၂ရက်က မိုင်းခွဲဖျက်ဆီး ဖြိုချခဲ့သည်ဟု ဖယ်ခုံ PDFက ဆိုသည်။
ထိုမိုင်းခွဲဖြိုချခဲ့သည့် တာဝါတိုင်နှစ်ခုမှာလောပိတမှ နေပြည်တော်၊ လောပိတမှ မန္တလေးသို့ သွယ်တန်း ထားရှိသော မဟာဓာတ်အားလိုင်း ၂ခုအနက် ပြည်သူလူထုများ သုံးစွဲခြင်းမရှိသော နေပြည်တော် စစ် ကောင်စီသီးသန့်သုံးလိုင်းမှ တာဝါတိုင်ကိုသာ ဖျက်စီးခဲ့ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့နောက် ဩဂုတ် ၁၄ရက်နေ့တွင် ပင်လောင်းမြို့နယ် ပင်ပုံကျေးရွာဘက်မှ ချီတက်လာသော စစ်ကောင်စီ၊ ပအိုဝ်းပြည်သူ့စစ်အဖွဲ့(PNO) စစ်ကြောင်းနှင့် ဖယ်ခုံ PDF တို့ လွယ်ဟွဲ ကျေးရွာနှင့် ပင်ပုံကြေးရွာကြားတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်သည်။

စစ်ကောင်စီတပ်များသည် ပင်ပုံကျေးရွာ ဘုန်းကြီးကျောင်းတွင တပ်စွဲထားပြီး လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့ကြောင်း၊ ခြေလျင်ဖြင့် ချီတက်လာသော စစ်ကောင်စီတပ်သားများသည် ဖယ်ခုံ PDF များ ထောင်ထားသော မိုင်း ၅လုံးထက်မနည်း နင်းမိသဖြင့် စစ်ကောင်စီနှင့် PNO တပ်ဖွဲ့ဝင် အများအပြား သေဆုံး ဒဏ်ရာများ ရရှိခဲ့ကြောင်း ဖယ်ခုံ PDFကဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် ဖယ်ခုံ PDF တပ်ဖွဲ့ဝင် ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ဩဂုတ် ၁၅ရက်တွင် လွိုင်ကော်ဘက်မှ စစ်ကူလာသော စစ်ယာဉ်တန်း၃၈စီး အင်အား ၄၀၀ ကျော်အား ဖယ်ခုံ-လွိုင်ကော် ကားလမ်းမပေါ်တွင် ဖယ်ခုံ PDFနှင့် မိုးဗြဲ PDF တို့ ပူးပေါင်း ခြုံခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ကျဆုံးဒဏ်ရာရသူများ ရှိသကဲ့သို့ PDF ဘက်က ၁ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါတိုက်ပွဲများတွင် ဖယ်ခုံ PDFနှင့်အတူ ဒီးမော့ဆို PDF၊ မိုးဗြဲ PDF၊ ကရင်နီပြည်တပ်မတော်(KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီသည် မိုင်းခွဲဖျက်စီးခံရသည့် တာဝါတိုင်များအနီး တောင်ကုန်းများ၊ ဖယ်ခုံမြို့နယ် လွယ်ဟွဲ့ကျေးရွာနှင့် ပင်လောင်းမြို့နယ် ပင်ပင်ကျေးရွာတို့တွင် အင်အားအလုံးအရင်းဖြင့်တပ်စွဲထားလျက်ရှိ၍ စစ်ရေးအခြေအနေ တင်းမာလျက်ရှိကြောင်း ဖယ်ခုံ PDFက သတင်းထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲပြင်းထန်နေသည့် ဆီဆိုင်မြို့နယ်ကို စစ်ကောင်စီ သုံးရက်ဆက်လေကြောင်းတိုက်ခိုက်

သတင်း

ကျောက်မဲမြို့ဆေးရုံကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျန်းမာရေးဝန်ထမ်းတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး လူနာအများစုပါဝင်တဲ့ ၂၀ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ကျောက်မဲမြို့မဈေးကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့ကို စစ်ကောင်စီထိန်းချုပ်နိုင်ပြီမှာ သတင်းအမှားဖြစ်ပြီး တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။