Connect with us

Hi, what are you looking for?

News

နွေဦးတော်လှန်ရေးကာလအတွင်းကျဆုံးသူ တစ်ထောင်ကျော်လာ

ဖေဖော်ဝါရီလ ၁ ရက်ကစပြီး ဒီနေ့ သြဂုတ် ၁၈ ရက်နေ့အထိ ခြောက်လကျော်အတွင်း ကျဆုံးသူဟာ ၁၀၀၁ ဦး ရှိလာတာပါ။

ဓါတ်ပုံ - AFP

စစ်အာဏာသိမ်းတဲ့နေ့ကစတင်ပြီး ဒီနေ့အထိ ကျဆုံးသူပြည်သူဦးရေ တစ်ထောင်ကျော်လာပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ( AAPP ) က ကောက်ခံထားတဲ့အချက်အလက်တွေအရသိရပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်ကစပြီး ဒီနေ့ သြဂုတ် ၁၈ ရက်နေ့အထိ ခြောက်လကျော်အတွင်း ကျဆုံးသူဟာ ၁၀၀၁ ဦး ရှိလာတာပါ။

“စစ်အာဏာသိမ်းပြီး ကတည်းက သူတို့သတ်လာတာ ဒီနေ့နဲ့ဆို ၁၀၀၁ ယောက်ဖြစ်ပြီ ၊ ဒီထက်ပိုနိုင်ပါသေးတယ်” လို့ AAPP ရဲ့တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က သူရဲ့ဖေ့ဘွတ်ခ်မှာ ရေးသားထားပါတယ်။

မနေ့က သြဂုတ်လ ၁၇ ရက်အထိ AAPP ရဲ့ စာရင်းအရတော့ ကျဆုံးခဲ့သူဟာ ၉၉၉ ဦးထိ ရှိခဲ့တာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

နွေဦးတော်လှန်ရေးကာလအတွင်းကျဆုံးခဲ့တဲ့ ဒီအရေအတွက်အတွက်ဟာ AAPP က ကောက်ယူထားတဲ့ အရေအတွက်သာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူဦးရေဟာ အဲဒီအရေအတွက်ထက် ပိုများနေနိုင်တယ်လို့ AAPP က ဆိုထားပါတယ်။

စစ်ကောင်စီဘက်ကတော့ AAPP အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့စာရင်းဟာ ချဲ့ကားထားတာလို့ ငြင်းဆိုထားဖူးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC)နဲ့သာ​​ရွေးချယ်​တွေ့ဆုံခွင့်​ပေးခြင်းဟာ အကျဉ်းသားအဖြစ်သာ သဘောထားနေကြောင်း သိသာထင်ရှားစေ​တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေအသင်း(AAPP)ကထုတ်ပြန်ပါတယ် ။

အတွေးအမြင်

(စစ်အုပ်စု၏ လတ်တလောအောင်မြင်မှုများသည် အပြီးသတ်အောင်ပွဲမဟုတ်သေး)

သတင်း

လက်ရှိနွေဦးတော်လှန်ရေးရဲ့ ဖြစ်ပေါ်တိုးတက်မှုအခြေအနေတွေအပါအဝင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ချင်းရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(AA)ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်က ဒီကနေ့ ဧပြီ ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။