Connect with us

Hi, what are you looking for?

LuduNwayOo

News

နွေဦးတော်လှန်ရေးကာလအတွင်းကျဆုံးသူ တစ်ထောင်ကျော်လာ

ဖေဖော်ဝါရီလ ၁ ရက်ကစပြီး ဒီနေ့ သြဂုတ် ၁၈ ရက်နေ့အထိ ခြောက်လကျော်အတွင်း ကျဆုံးသူဟာ ၁၀၀၁ ဦး ရှိလာတာပါ။

ဓါတ်ပုံ - AFP

စစ်အာဏာသိမ်းတဲ့နေ့ကစတင်ပြီး ဒီနေ့အထိ ကျဆုံးသူပြည်သူဦးရေ တစ်ထောင်ကျော်လာပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ( AAPP ) က ကောက်ခံထားတဲ့အချက်အလက်တွေအရသိရပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်ကစပြီး ဒီနေ့ သြဂုတ် ၁၈ ရက်နေ့အထိ ခြောက်လကျော်အတွင်း ကျဆုံးသူဟာ ၁၀၀၁ ဦး ရှိလာတာပါ။

“စစ်အာဏာသိမ်းပြီး ကတည်းက သူတို့သတ်လာတာ ဒီနေ့နဲ့ဆို ၁၀၀၁ ယောက်ဖြစ်ပြီ ၊ ဒီထက်ပိုနိုင်ပါသေးတယ်” လို့ AAPP ရဲ့တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က သူရဲ့ဖေ့ဘွတ်ခ်မှာ ရေးသားထားပါတယ်။

မနေ့က သြဂုတ်လ ၁၇ ရက်အထိ AAPP ရဲ့ စာရင်းအရတော့ ကျဆုံးခဲ့သူဟာ ၉၉၉ ဦးထိ ရှိခဲ့တာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

နွေဦးတော်လှန်ရေးကာလအတွင်းကျဆုံးခဲ့တဲ့ ဒီအရေအတွက်အတွက်ဟာ AAPP က ကောက်ယူထားတဲ့ အရေအတွက်သာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူဦးရေဟာ အဲဒီအရေအတွက်ထက် ပိုများနေနိုင်တယ်လို့ AAPP က ဆိုထားပါတယ်။

စစ်ကောင်စီဘက်ကတော့ AAPP အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့စာရင်းဟာ ချဲ့ကားထားတာလို့ ငြင်းဆိုထားဖူးပါတယ်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့အား မြို့တော်ခန်းမအတွင်းရှိ စစ်သားများက ရိုက်နှက် နှိပ်စက်ခဲ့ရာ ကိုအောင်ကျော်ဇင်မှာ မတ်လ (၂၉) ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောကြားသည်။

သတင်း

ဖေဖော်ဝါရီ ၂၅ရက်က မုံရွာမြို့နယ်ရှိ ဗန်စီစီ၊ နိဗ္ဗာန်ဝ၊ မုံရွေးကြေးမုံကျေးရွာများသို့ ထိုးစစ်ဆင်လာခဲ့သော စစ်ကြောင်းနှင့် မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း၊ တပ်ခွဲ(၃)၊ တပ်စု(၂)Youth Vigor Revolution Force ရဲဘော်များနှင့် ထိပ်တိုက်တွေ့ ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

သတင်း

KNLA တပ်မဟာ(၅)နှင့် စစ်ကောင်စီအကြား နိုဝင်ဘာလအတွင်း တိုက်ပွဲဖြစ်ပွားမှု အနှစ်ချုပ်ကို ယနေ့ (ဒီဇင်ဘာ ၃ရက်) ညပိုင်း၌ အသိပေးထုတ်ပြန်လာခြင်းဖြစ်သည်။