Connect with us

Hi, what are you looking for?

LuduNwayOo

News

ရန်ကုန်က မြို့နယ်တချို့မှာ စစ်ကောင်စီတပ်တွေဝင်စီး၍ လူငယ် ၁၁ဦးထက်မနည်းဖမ်းဆီးခံရ

ညအချိန် မတရာဖမ်းဆီးခံရမှုတွေထဲက ကမာရွတ်မြို့နယ် ဘုရားလမ်းဖမ်းဆီးမှုဖြစ်စဉ်နဲ့ စမ်းချောင်းမြို့နယ် ကံ့ကော်လမ်းမှာ စစ်ကောင်စီတပ်က လူငယ်တွေကို ရိုက်နှက်ဖမ်းဆီးနေတဲ့ ဓာတ်ပုံနဲ့ ရုပ်သံဖိုင်တချို့လည်း လူမှုကွန်ရက်မှာ ပြန့်နှံ့ခဲ့ပါတယ်။

(ယမန်နေ့ညက ကမာရွတ်မြို့နယ် ဘုရားလမ်းနှင့် စမ်းချောင်းမြို့နယ် ကံ့ကော်လမ်းမှာ လူငယ်အချို့ကို မတရားဖမ်းဆီးနေစဥ်၊ ဓာတ်ပုံ - CJ)

ယမန်နေ့ညပိုင်းနဲ့ ဒီကနေ့မနက်အစောပိုင်းတွေမှာ ရန်ကုန်မြို့က မြို့နယ်တချို့ကို အကြမ်းဖက်စစ်ကောင်စီတပ်တွေဝင်စီးခဲ့ရာ လူငယ် ၁၁ဦးထက်မနည်းဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။

စစ်ကောင်စီတပ်တွေ ဝင်စီးခဲ့တဲ့မြို့နယ်တွေထဲမှာ မင်္ဂလာတောင်ညွန့် ကမာရွက်နဲ့ စမ်းချောင်းမြို့နယ်တွေ ဖြစ်ပါတယ်။

မင်္ဂလာတောင်ညွန်မြို့နယ် ပုသိမ်ညွန့် (၄)လမ်းထဲကို စစ်ကား ငါးစီးခန့်နဲ့ဝင်ရောက်လာပြီး ဧည့်စာရင်းစစ်သည့်ပုံစံဖြင့် အသွင်ယူစစ်ဆေးမှုတချို့ရှိခဲ့တယ် လို့ ဒေသအခြေစိုက်သတင်းရင်းမြစ် MTN-Info ကဖော်ပြပါတယ်။

အလားတူ ကမာရွတ်မြို့နယ် (၁)ရပ်ကွက်က အောင်မြေသာစည်အိမ်ရာဝင်း ဆရာစံလမ်းနဲ့ ဘုရားလမ်းထောင့်နဲ့ ပြည်ရိပ်မွန်အိမ်ရာ စတဲ့နေရာတွေက လူငယ်အနည်းဆုံးလေးဦးကို လက်ထိပ်ခတ်ဖမ်းဆီးသွားတယ်လို့ ဒေသခံတစ်ဦးက မျက်မြင်တွေ့ရှိသူတွေကိုကိုးကားပြီး ပြောပါတယ်။

Public Service Announcement

Public Service Announcement

(ယမန်နေ့ညက ကမာရွတ်မြို့နယ် ဘုရားလမ်းနှင့် စမ်းချောင်းမြို့နယ် ကံ့ကော်လမ်းမှာ လူငယ်အချို့ကို မတရားဖမ်းဆီးနေစဥ်၊ ဓာတ်ပုံ – CJ)

ဒါ့အပြင် စမ်းချောင်းမြို့နယ် ကံ့ကော်လမ်းရှမ်းကုန်း လမ်းနဲ့ ရန်ကင်းရန်ရှင်းလမ်းတွေမှာလည်း စစ်ကောင်စီတပ်က မတရားဖမ်းဆီးတာတွေရှိခဲ့ပြီး အနည်းဆုံး လူငယ်ခုနစ်ဦးဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ညအချိန် မတရာဖမ်းဆီးခံရမှုတွေထဲက ကမာရွတ်မြို့နယ် ဘုရားလမ်းဖမ်းဆီးမှုဖြစ်စဉ်နဲ့ စမ်းချောင်းမြို့နယ် ကံ့ကော်လမ်းမှာ စစ်ကောင်စီတပ်က လူငယ်တွေကို ရိုက်နှက်ဖမ်းဆီးနေတဲ့ ဓာတ်ပုံနဲ့ ရုပ်သံဖိုင်တချို့လည်း လူမှုကွန်ရက်မှာ ပြန့်နှံ့ခဲ့ပါတယ်။

(ယမန်နေ့ညက ကမာရွတ်မြို့နယ် ဘုရားလမ်းနှင့် စမ်းချောင်းမြို့နယ် ကံ့ကော်လမ်းမှာ လူငယ်အချို့ကို မတရားဖမ်းဆီးနေစဥ်၊ ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။