Connect with us

Hi, what are you looking for?

News

ရန်ကုန်က မြို့နယ်တချို့မှာ စစ်ကောင်စီတပ်တွေဝင်စီး၍ လူငယ် ၁၁ဦးထက်မနည်းဖမ်းဆီးခံရ

ညအချိန် မတရာဖမ်းဆီးခံရမှုတွေထဲက ကမာရွတ်မြို့နယ် ဘုရားလမ်းဖမ်းဆီးမှုဖြစ်စဉ်နဲ့ စမ်းချောင်းမြို့နယ် ကံ့ကော်လမ်းမှာ စစ်ကောင်စီတပ်က လူငယ်တွေကို ရိုက်နှက်ဖမ်းဆီးနေတဲ့ ဓာတ်ပုံနဲ့ ရုပ်သံဖိုင်တချို့လည်း လူမှုကွန်ရက်မှာ ပြန့်နှံ့ခဲ့ပါတယ်။

(ယမန်နေ့ညက ကမာရွတ်မြို့နယ် ဘုရားလမ်းနှင့် စမ်းချောင်းမြို့နယ် ကံ့ကော်လမ်းမှာ လူငယ်အချို့ကို မတရားဖမ်းဆီးနေစဥ်၊ ဓာတ်ပုံ - CJ)

ယမန်နေ့ညပိုင်းနဲ့ ဒီကနေ့မနက်အစောပိုင်းတွေမှာ ရန်ကုန်မြို့က မြို့နယ်တချို့ကို အကြမ်းဖက်စစ်ကောင်စီတပ်တွေဝင်စီးခဲ့ရာ လူငယ် ၁၁ဦးထက်မနည်းဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ဖော်ပြပါတယ်။

စစ်ကောင်စီတပ်တွေ ဝင်စီးခဲ့တဲ့မြို့နယ်တွေထဲမှာ မင်္ဂလာတောင်ညွန့် ကမာရွက်နဲ့ စမ်းချောင်းမြို့နယ်တွေ ဖြစ်ပါတယ်။

မင်္ဂလာတောင်ညွန်မြို့နယ် ပုသိမ်ညွန့် (၄)လမ်းထဲကို စစ်ကား ငါးစီးခန့်နဲ့ဝင်ရောက်လာပြီး ဧည့်စာရင်းစစ်သည့်ပုံစံဖြင့် အသွင်ယူစစ်ဆေးမှုတချို့ရှိခဲ့တယ် လို့ ဒေသအခြေစိုက်သတင်းရင်းမြစ် MTN-Info ကဖော်ပြပါတယ်။

အလားတူ ကမာရွတ်မြို့နယ် (၁)ရပ်ကွက်က အောင်မြေသာစည်အိမ်ရာဝင်း ဆရာစံလမ်းနဲ့ ဘုရားလမ်းထောင့်နဲ့ ပြည်ရိပ်မွန်အိမ်ရာ စတဲ့နေရာတွေက လူငယ်အနည်းဆုံးလေးဦးကို လက်ထိပ်ခတ်ဖမ်းဆီးသွားတယ်လို့ ဒေသခံတစ်ဦးက မျက်မြင်တွေ့ရှိသူတွေကိုကိုးကားပြီး ပြောပါတယ်။

Public Service Announcement

Public Service Announcement

(ယမန်နေ့ညက ကမာရွတ်မြို့နယ် ဘုရားလမ်းနှင့် စမ်းချောင်းမြို့နယ် ကံ့ကော်လမ်းမှာ လူငယ်အချို့ကို မတရားဖမ်းဆီးနေစဥ်၊ ဓာတ်ပုံ – CJ)

ဒါ့အပြင် စမ်းချောင်းမြို့နယ် ကံ့ကော်လမ်းရှမ်းကုန်း လမ်းနဲ့ ရန်ကင်းရန်ရှင်းလမ်းတွေမှာလည်း စစ်ကောင်စီတပ်က မတရားဖမ်းဆီးတာတွေရှိခဲ့ပြီး အနည်းဆုံး လူငယ်ခုနစ်ဦးဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ညအချိန် မတရာဖမ်းဆီးခံရမှုတွေထဲက ကမာရွတ်မြို့နယ် ဘုရားလမ်းဖမ်းဆီးမှုဖြစ်စဉ်နဲ့ စမ်းချောင်းမြို့နယ် ကံ့ကော်လမ်းမှာ စစ်ကောင်စီတပ်က လူငယ်တွေကို ရိုက်နှက်ဖမ်းဆီးနေတဲ့ ဓာတ်ပုံနဲ့ ရုပ်သံဖိုင်တချို့လည်း လူမှုကွန်ရက်မှာ ပြန့်နှံ့ခဲ့ပါတယ်။

(ယမန်နေ့ညက ကမာရွတ်မြို့နယ် ဘုရားလမ်းနှင့် စမ်းချောင်းမြို့နယ် ကံ့ကော်လမ်းမှာ လူငယ်အချို့ကို မတရားဖမ်းဆီးနေစဥ်၊ ဓာတ်ပုံ – CJ)

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့၈၁ နှစ်ပြည့်မွေးနေ့ မှာနှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers- ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က အသိပေးထားပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့အနေနဲ့ စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။