Connect with us

Hi, what are you looking for?

News

မုံရွာတွင်နေ့ခင်းအပြင်ထွက်၍ဆိုကာ အလုပ်သွားသူ၊ ​အောက်စီဂျင်တန်းစီသူများကိုပါ ဖမ်းဆီးခံရ

မုံရွာမြို့နယ်တွင် ကိုဗစ်နိုင်တီး ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက်ဟုဆိုကာ အာဏာသိမ်းစစ်ကောင် စီက သြဂုတ် ၁၄ ရက်မှစတင်ကာ နံနက် ၁၁ နာရီမှ ညနေ ၄ နာရီအတွင်းအပြင်သွားလာသူများကို တားမြစ်ထားသည်။

မုံရွာမြို့တွင် ကိုဗစ်ကူးစက်မှု​လျော့နည်းလာချိန်တွင်မှ အာဏာသိမ်း စစ်ကောင်စီကကိုဗစ်အ​ကြောင်းပြချက်ဖြင့် နေ့မထွက်ရအမိန့်ထုတ်ပြန်ပြီး သြဂုတ် ၁၉ ရက်တွင် လူ ၃၀ကျော် ဖမ်းဆီးခဲ့ရာ ​အောက်စီဂျင်ရရန်တန်းစီသူများ ၊ အလုပ်မှ ပြန်သူများပါအဖမ်းခံရကြောင်း မုံရွာမြို့ခံများက ပြောသည်။

မုံရွာမြို့နယ်တွင် ကိုဗစ်နိုင်တီး ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက်ဟုဆိုကာ အာဏာသိမ်းစစ်ကောင် စီက သြဂုတ် ၁၄ ရက်မှစတင်ကာ နံနက် ၁၁ နာရီမှ ညနေ ၄ နာရီအတွင်းအပြင်သွားလာသူများကို တားမြစ်ထားသည်။

မုံရွာတွင် ကိုဗစ်နိုင်တီး ကူးစက်မှုမှာ အခြားမြို့များနည်းတူ ဇူလိုင်လတွင်အဆိုးဆုံးဖြစ်ပြီး ပြည်သူများက မိမိအသိ့စိတ်ဓါတ်ဖြင့် ကပ်​ရောဂါကာကွယ်​ရေးများပြုလုပ်သဖြင့် သြဂုတ်လတွင်ကူးစက်မှု ​လျော့နည်းလာချိန်တွင်မှ အာဏာသိမ်းစစ်​ကောင်စီက ကိုဗစ်
အ​ကြာင်းပြ ​နေ့မထွက်ရအမိန့်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

​နေ့ဘက်အပြင်သွားလာမှုတားမြသ်ထားသဖြင့်လက်လုပ် လက်စားများ ၊အ​ခြေခံပြည်သူများ ဒုက္ခ​ရောက်​နေ​ကြောင်း ​ဒေသခံအချို့ကပြောသည်။

Public Service Announcement

Public Service Announcement

အကြောင်းပြချက်ခိုင်လုံမှုမရှိဘဲ အပြင်ထွက်သွားလာသူ၃၁ ဦးအား သြဂုတ်၁၉ရက်တွင် ခံဝန်ဖြင့် အရေးယူထားကြောင်း စစ်ကောင်စီလက်အောက်ခံ မုံရွာမြို့နယ် ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ခဲ့သည်။

“အရင်နေ့တွေက အစစ်ဆေးသိပ်မရှိပေမဲ့ မနေ့ကတော့ Lock Down ချိန် အပြင်ထွက်လို့ဆိုပြီး စစ်ကားနဲ့လာပြီး အောက်စီဂျင်တန်းစီဖို့ လူ ၂ ယောက်ရယ် ကြက်သွန်စက်ရုံက အလုပ်လုပ်ပြီးပြန်လာတဲ့ လူ ၆ ယောက်ရယ် ဖမ်းဆီးသွားပါတယ်။ကျွန်တော်တို့ စုံစမ်းသိရသလောက် ဖမ်းဆီးခံရသူတွေကို ပြန်လွှတ်မပေးပါဘူးတဲ့။ ငွေတောင်းတယ်လို့လည်း ကြားနေရတယ်”ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် အာဏာရှင်ဆန့်ကျင်ရေးသပိတ်များအားကောင်းရာ မန္တလေး၊ မုံရွာနှင့် မြင်းခြံမြို့များတွင် နေ့မထွက်ရအမိန့်များထုတ်ပြန်ကာ အပြင်ထွက်သူများကို ဖမ်းဆီးခြင်း၊ရိုက်နှင်ခြင်း ၊​ငွေ​တောင်းခံခြင်း စ​သဖြင့်တရားလက်မဲ့ ပြုလုပ်လျက်ရှိသည်။ စစ်​ကောင်စီတပ်က ဖိနှိပ်​နေ​သော်လည်း မုံရွာမြို့တွင် ပြည်သူများက စစ်​အောဏာရှင်ဆန့်ကျင်​ရေး ​​နေ့စဥ်ဆန္ဒပြလျှက်ရှိပြီး ၊သြဂုတ် ၂၀ တွင်လည်း ပြသခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ ဒီကနေ့ ဩဂုတ် ၂ရက် ညနေပိုင်းက ကားဆီတန်းပြန်လာတဲ့ လူငယ် အပါအဝင် ၁၃ ဦးထက်မနည်းကို စစ်တပ်က ရိုက်နှက်ပေါ်တာဆွဲသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်က သစ်ညိုပင်ကျေးရွာဘုန်းကြီးကျောင်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ်တွေအပါအဝင် ပြည်သူ ၁၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းအပါအဝင် ပျက်စီးမှုတွေ ရှိခဲ့ကြောင်း မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။