Connect with us

Hi, what are you looking for?

News

ပဲခူးမြို့ရှိ Mytel ရုံးဗုံးပေါက်၊ သေနတ်သံများလည်း ဆက်တိုက်ထွက်ပေါ်

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လမ်းများပိတ်ဆို့ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

People's Spring
People's Spring

ပဲခူးမြို့ လိပ်ပြာကန်အနီးရှိ Mytel ရုံးဗုံးပေါက်ကွဲမှု ယနေ့ည ၇နာရီခန့်ဖြစ်ပြီးနောက် သေနတ်ပစ်ခေတ်သံများလည်းကြားရကြောင်း အဆိုပါမြို့ဒေသခံများက ပြောသည်။

“ ၇ နာရီလောက်က အုန်းခနဲ အသံအကျယ်ကြီး ကြားရပြီး လိပ်ပြာကန်နားက Mytel ရုံး ဗုံးပေါက်တာပါ။ ဗုံးပေါက်ပြီးတာနဲ့ နောက်ဆက်တွဲ သေနတ်နဲ့ပစ်ခတ်သံ တွေပါကြားရပါတယ်။ စက်သေနတ်သံ ပုံစံမျိုး အတွဲလိုက်လိုက်ပစ်နေတဲ့အသံဆက်တိုက်ကြားတာပါ။ ထိခိုက်မှု ရှိ မရှိတော့ မသိရသေးပါဘူး”ဟု ပဲခူးမြို့ခံတစ်ဦးက ပြောသည်။

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လမ်းများပိတ်ဆို့ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ညသန်းခေါင်အချိန် ပေါ်တာဆွဲခံရမှာစိုးရိမ်လို့ စိတ်ဝင်စားမှုနည်း

သတင်း

ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို ထုတ်လွှင့်ခွင့်ရရှိထားတဲ့ စစ်တပ်ပိုင် စီးပွါးရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Mytel က အွန်လိုင်းကနေ ကမ္ဘာ့ဖလားပွဲစဉ်တွေ ထုတ်လွှင့်ပြသတာမျိုးတွေရှိရင် တည်ဆဲဥပဒေတွေအပါအဝင် နိုင်ငံတကာဥပ‌ဒေတွေနဲ့ အရေးယူမယ်လို့ ခြိမ်းခြောက်လိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ ကမ္ဘာ့ဖလားထုတ်လွှင့်ခွင့်ရရှိထားတဲ့ အာဏာသိမ်းစစ်တပ် နဲ့ ဗီယက်နမ်စစ်တပ် ပူး​ပေါင်းပိုင်တဲ့ Mytel ရဲ့ TV360 စာမျက်နှာကို ဖေ့စ်ဘွတ်ခ်က ဖယ်ရှားလိုက်တယ်လို့ Justice For Myanmar-JFM က အသိပေးထားပါတယ်။

သတင်း

စစ်ကိုင်းမြို့ တပ်မ (၃၃)ပြန်လာတဲ့ စစ်တပ်ယာဉ်တန်း မိုင်းဆွဲခံရပြီး ထိခိုက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။