Connect with us

Hi, what are you looking for?

LuduNwayOo

News

ပြည်သူနှင့်ပူးပေါင်းလာသည့် မကွေးလေတပ်မှ တပ်မတော်သား ၃၆ဦးလုံခြုံရာနေရာသို့ ရောက်ပြီ

ပြည်သူ့ဘက်ရပ်တည်ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်ခဲ့သည့် တပ်မတော်သားအရာရှိများဖြင့် စုဖွဲ့ထားသော ပြည်သူ့စစ်သားအဖွဲ့၏ ထုတ်ပြန်ချက်အရ အမျိုးသားညီညွတ်ရေးအစိုးရက လုံခြုံရေး ကူညီပေးနိုင်မည်ဆိုပါက တစ်လအတွင်း၌ စစ်သား ၅၀၀ ခန့်ထွက်လာရန်ရှိကြောင်း သိရသည်။

People's Spring
People's Spring

ပြည်သူနှင့်ပူးပေါင်းရန်ဆုံးဖြတ်ပြီး စစ်ကောင်စီတပ်မှ ထွက်လာသည့် မကွေးလေတပ်စခန်းမှ တပ်မတော်သား ၃၆ဦးလုံခြုံရာနေရာသို့ ရောက်ရှိပြီဖြစ်ကြောင်း မကွေး တိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များနှင့် နီးစပ်သူ တစ်ဦးက People’s Springသို့ ပြောသည်။

“ကြားသိရတာက ဒီနေ့မနက်ကနေ မနက်စောစောထွက်သွားတယ်လို့ ကြားရတယ်။ ကြားပေမယ့် သတင်းအတိအကျမဖြစ်သေးတာနဲ့ မပြောတာ။ အခုကျတော့ မြို့ပေါ်မှာလည်း လုံခြုံရေးတွေတင်းကြပ်ပြီး လမ်းတွေမှာ စစ်ဆေးတာတွေ သူတို့လုပ်နေတာတွေ ကြားနေရတယ်။ အမှန်တကယ်လည်း သူတို့ထွက်ပြေးသွားတယ်။ အခု လက်ရှိအနေအထားအရ လွတ်မြောက်နယ်မြေတစ်ခုကို ရောက်ရှိသွားပြီလို့ ကြားသိရပါတယ်” ဟု ၎င်းက ဆိုသည်။

လွတ်မြောက်နယ်မြေဆိုသည်မှာ ပြည်သူနှင့် ပူးပေါင်းသည့် တပ်မတော်သားများ လွတ်လပ်စွာ ခိုလှုံနိုင်မည့် နယ်မြေကိုဆိုလိုကြောင်း အဆိုပါ ပုဂ္ဂိုလ်က ပြောသည်။

အဆိုပါ မကွေးလေတပ်အတွင်း ဩဂုတ် ၈ရက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၎င်းတို့ လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ယင်းမတိုင်မီကလည်း ရှော့တိုက်ဒုံးဖြင့်အပစ်ခတ်ထားရသည့် တပ်ဖြစ်ပြီး လုံခြုံရေးတင်းကြပ်စွာချထားသည့်ကြားမှ ယခုကဲ့သို့ ဖြစ်စဉ်များပေါ်ပေါက်နေခြင်းဖြစ် သည်။

ပြီးခဲ့သည့် ရက်ပိုင်းကပင် ထားဝယ်မြို့ရှိ ခလရ (၂၅)တပ်ရင်းမှ စစ်သားများ လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးသွားကြောင်း သတင်းထွက်ပေါ်ခဲ့ပြီးနောက် မြို့ပေါ်၌ စစ်ဆေးမှုများ ပိုမိုတင်းကြပ်စွာ ဆောင်ရွက်ခဲ့သည်ကို တွေ့ရကြောင်း ထားဝယ်ဒေသခံက ပြောသည်။ ထို့ပြင် ဩဂုတ် ၁၉ရက်ကလည်း ကောလင်းမြို့နယ် ကျောက်ပုထိုးဒေသရှိ သတ္တုတွင်း ကုမ္ပဏီ တစ်ခု၌ စခန်းချနေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ဦးသည်လည်း လက်နက်အပြည့်အစုံဖြင့် ထွက်ပြေးသွားကြောင်း ကချင်ဒေသအခြေစိုက် The 74 Media က ယနေ့ ဖော်ပြထားသည်။

ထို့ပြင် လုံခြုံရေးအရ လတ်တလော ထုတ်ပြန်ရန်မသင့်သေး၍ အမည်မဖော်ပြသေးသော်လည်း မြို့ကြီးအချို့ရှိ စစ်ကောင်စီတပ်မှ ထွက်ပြေးသွားသည့် အရာရှိ စစ်သည်များရှိနေကြောင်း သတင်းရရှိသည်။

ပြည်သူ့ဘက်ရပ်တည်ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင်ပါဝင်ခဲ့သည့် တပ်မတော်သားအရာရှိများဖြင့် စုဖွဲ့ထားသော ပြည်သူ့စစ်သားအဖွဲ့၏ ထုတ်ပြန်ချက်အရ အမျိုးသားညီညွတ်ရေးအစိုးရက လုံခြုံရေး ကူညီပေးနိုင်မည်ဆိုပါက တစ်လအတွင်း၌ စစ်သား ၅၀၀ ခန့်ထွက်လာရန်ရှိကြောင်း သိရသည်။

ပြည်သူ့စစ်သားများအဖွဲ့နှင့် ဆွေးနွေးခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့ကလည်း ပြည်သူနှင့်ပူးပေါင်းမည့် တပ်မတော်သားများကို လုံခြုံရေးအာမခံပေးမည့်အပြင် ဆုငွေပေးမည်ဟုပင် ထုတ်ပြန်ခဲ့သည်။

ကရင်နီ(ကယား)ဒေသ အခြေပြုလှုပ်ရှားပြီး စစ်ကောင် စီကိုခုခံတိုက်ခိုက်နေသည့် ကရင်နီအမျိုးသားကာကွယ် ရေးတပ်ဖွဲ့(KNDF)က စစ်ဗိုလ်ချုပ်များ နှင့် စစ်အုပ်စုများသည် ၎င်းတို့ အကျိုးစီးပွား ကာကွယ်ရန်အောက်ခြေတပ်မတော်သားများ၏ အသက်၊သွေး၊ချွေး တို့ကို ဖြုန်းတီးနေ၍ ပြည်သူ့ဘက်တော်သား တပ်မတော်သားများအနေဖြင့် စစ်ကောင်စီတပ်တွင် တာဝန်ဆက်လက်မထမ်းဆောင်ကြဘဲ ပြည်သူလူထုနှင့် လာရောက်ပူးပေါင်းရန် ဖိတ်ခေါ်ထားသည်။

အလားတူ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)ကလည်း ပြည်သူနှင့်အတူရပ်တည်ပြီး လက်နက်အပြည့် အစုံဖြင့် လာရောက်သည့် တပ်မတော်သားများကို ဆုငွေ ကျပ် သိန်း ၅၀ ပေးမည်ဖြစ်ကြောင်း၊ ပြည်ပသို့မဟုတ် သွားလိုရာ အရပ်သို့ သွားနိုင်ရေး စီမံပေးနိုင်ကြောင်း ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

နိုင်ငံတကာ

အမေရိကန် လေတပ်ဟာ CCAလို့ နာမည်ပေးထားတဲ့ ပရောဂျက်ကို အကောင်အထည်ဖော် စမ်းသပ်နေတာ နှစ်နဲ့ချီ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး ရှိရင်းစွဲ တိုက်လေယာဉ်တွေကို လေယာဉ်မှူးတွေအစား AIက ဆုံးဖြတ် ပျံသန်းတာမျိုး ခိုင်းစေနေတာ ဖြစ်ပါတယ်။

သတင်း

​တော်လှန်​ရေးအဖွဲ့များက ယခင်​နေပြည်​တော်ရှိ ​လေတပ်နှင့် စစ်​ရေးပစ်မှတ်များကို​ရှော့တိုက်ဒုံးများဖြင့်တိုက်ခိုက်ခဲ့ဖူးသည်။ ဒရုန်းဖြင့် တိုက်ခိုက်မှုမှာ ပထမဆုံးဖြစ်သည်။

သတင်း

အောက်တိုဘာ ၂၇ရက် နှင့် ၂၉ရက်များက ထီးချိုင့်နှင့် ကောလင်း မြို့နယ်များ၌ တိုက်ပွဲများဖြစ်ခဲ့ရာ စစ်ကောင်စီတပ် မှ သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု ဆိုသည်။