Connect with us

Hi, what are you looking for?

News

နယ်မြေရဲစခန်းအပါအဝင် နေရာသုံးခုအား ဗုံးခွဲတိုက် ခိုက်ခဲ့ဟု ရေစကြို PDF ထုတ်ပြန်

ရေစကြိုမြို့နယ်ထွေအုပ်ရုံးအနီးရှိ မြို့နယ်လျှပ်စစ်ရုံး၊ ပခန်းကြီးနယ်မြေရဲစခန်းနှင့် အခြားနေရာ တစ်ခုအပါ အဝင် နေရာ ၃နေရာကို ဗုံးခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေများကို ဖော်ပြမထားပေ။

ရေစကြိုမြို့နယ်ရှိ နယ်မြေရဲစခန်းတစ်ခုအပါအဝင် နေရာ ၃ခုကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ယနေ့ ထုတ်ပြန်သည်။

ရေစကြိုမြို့နယ်ထွေအုပ်ရုံးအနီးရှိ မြို့နယ်လျှပ်စစ်ရုံး၊ ပခန်းကြီးနယ်မြေရဲစခန်းနှင့် အခြားနေရာ တစ်ခုအပါ အဝင် နေရာ ၃နေရာကို ဗုံးခွဲတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေများကို ဖော်ပြမထားပေ။

ရေစကြို PDF သည် ပြီးခဲ့သည့် ရက်ပိုင်းကပင် စစ်ကောင်စီတပ်၏ ဝင်ရောက်စီးနင်းတိုက်ခိုက်မှုကြောင့် တပ်စခန်း တစ်ခု မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ ဩဂုတ် ၁၉ရက်တွင် စစ်ကောင်စီတပ်က PDF စခန်းကို ဝင်ရောက်စီးနင်းပြီးလက်နက်အချို့ရရှိသွားသည်။

သို့ရာတွင် PDF တပ်ဖွဲ့ဝင်များ ကျဆုံးမှု၊ ဖမ်းဆီးခံရမှု မရှိကြောင်း ရေစကြို PDFက ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်ကို မခုခံခြင်းမှာ ရေစကြိုမြို့နယ်အတွင်း တိုက်ပွဲဖော်ရန်အချိန်မရောက်သေးခြင်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ တိုက်ပွဲခေါ်သံ စောင့်ဆိုင်းနေခြင်းတို့ကြောင့်ဟု ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုသို့ တပ်စခန်းတစ်ခု ဖျက်ဆီးခံရပြီးနောက် စစ်ကောင်စီလက်အောက်ခံ ရဲစခန်းအပါအဝင် နေရာ ၃ခုကို ရေစကြို PDFက ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။