Connect with us

Hi, what are you looking for?

LuduNwayOo

News

သမိုင်းမြို့သစ် ကျွန်းရွှေဝါလမ်းမှာ အပြန်အလှန်ပစ်ခတ်မှုဖြစ် စစ်ကောင်စီတပ်မှ နှစ်ဦးဒဏ်ရာရ၊ လူငယ်အချို့ဖမ်းဆီးခံရ

စစ်ကောင်စီတပ်တွေ ရပ်ကွက်ထဲဝင်ပြီး ရှာဖွေစစ်ဆေးမှုတွေလုပ်နေချိန် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မရမ်းကုန်မြို့နယ် သမိုင်းမြို့သစ် (၁)ရပ်ကွက်မှာရှိတဲ့ ကျွန်းရွှေဝါလမ်းထဲမှာ ဒီကနေ့နံနက် ၁၀ နာရီဝန်းကျင်က အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

စစ်ကောင်စီတပ်တွေ ရပ်ကွက်ထဲဝင်ပြီး ရှာဖွေစစ်ဆေးမှုတွေလုပ်နေချိန် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သူတို့(စစ်ကောင်စီတပ်)က မနက် ၉ နာရီလောက်က တည်းက ရပ်ကွက်ထဲဝင်မွှေနေတာ။ အင်အားလည်းများတယ်။ ကျွန်းရွှေဝါလမ်းရောက်တော့ အပြန်အလှန် ပစ်ကြတာလို့ သိရတယ်။ လောလောဆယ် ရပ်ကွက်အဝင်လမ်းတွေကို ပိတ်ထားတယ်”လို့ အခင်းဖြစ်ရပ်အနီးနေထိုင်တဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က စစ်ကားနဲ့ရဲကား အနည်းဆုံး ၇ စီးလောက်နဲ့ ရပ်ကွက်ထဲဝင်ရောက်လာတာဖြစ်ပြီး ပစ်ခတ်မှုဖြစ်စဉ်မှာ အရပ်သားလေးဦးဖမ်းဆီးခံရတယ်လို့ ကြားသိရတဲ့အကြောင်း မျက်မြင်တွေ့ရှိရသူကိုကိုးကားပြီး အထက်ပါပြည်သူတစ်ဦးက ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ သမိုင်း(၁)ရပ်ကွက် ကျွန်းရွှေဝါလမ်းဟာမြို့သစ်ဘူတာအနီးမှာတည်ရှိတာဖြစ်ပြီး ဖြစ်စဉ်အသေးစိပ်ကိုတော့ မသိရှိရသေးပါဘူး။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။