Connect with us

Hi, what are you looking for?

News

သမိုင်းမြို့သစ် ကျွန်းရွှေဝါလမ်းမှာ အပြန်အလှန်ပစ်ခတ်မှုဖြစ် စစ်ကောင်စီတပ်မှ နှစ်ဦးဒဏ်ရာရ၊ လူငယ်အချို့ဖမ်းဆီးခံရ

စစ်ကောင်စီတပ်တွေ ရပ်ကွက်ထဲဝင်ပြီး ရှာဖွေစစ်ဆေးမှုတွေလုပ်နေချိန် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မရမ်းကုန်မြို့နယ် သမိုင်းမြို့သစ် (၁)ရပ်ကွက်မှာရှိတဲ့ ကျွန်းရွှေဝါလမ်းထဲမှာ ဒီကနေ့နံနက် ၁၀ နာရီဝန်းကျင်က အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

စစ်ကောင်စီတပ်တွေ ရပ်ကွက်ထဲဝင်ပြီး ရှာဖွေစစ်ဆေးမှုတွေလုပ်နေချိန် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“သူတို့(စစ်ကောင်စီတပ်)က မနက် ၉ နာရီလောက်က တည်းက ရပ်ကွက်ထဲဝင်မွှေနေတာ။ အင်အားလည်းများတယ်။ ကျွန်းရွှေဝါလမ်းရောက်တော့ အပြန်အလှန် ပစ်ကြတာလို့ သိရတယ်။ လောလောဆယ် ရပ်ကွက်အဝင်လမ်းတွေကို ပိတ်ထားတယ်”လို့ အခင်းဖြစ်ရပ်အနီးနေထိုင်တဲ့ ပြည်သူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က စစ်ကားနဲ့ရဲကား အနည်းဆုံး ၇ စီးလောက်နဲ့ ရပ်ကွက်ထဲဝင်ရောက်လာတာဖြစ်ပြီး ပစ်ခတ်မှုဖြစ်စဉ်မှာ အရပ်သားလေးဦးဖမ်းဆီးခံရတယ်လို့ ကြားသိရတဲ့အကြောင်း မျက်မြင်တွေ့ရှိရသူကိုကိုးကားပြီး အထက်ပါပြည်သူတစ်ဦးက ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ သမိုင်း(၁)ရပ်ကွက် ကျွန်းရွှေဝါလမ်းဟာမြို့သစ်ဘူတာအနီးမှာတည်ရှိတာဖြစ်ပြီး ဖြစ်စဉ်အသေးစိပ်ကိုတော့ မသိရှိရသေးပါဘူး။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းက မူကြိုကျောင်းတစ်ခုမှာ ပစ်ခတ်မှု ဖြစ်ပွားပြီး အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း သိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်