Connect with us

Hi, what are you looking for?

LuduNwayOo

News

တရုတ်နယ်စပ် ပန်ဆိုင်း၌ ကိုးကန့်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ပြင်းထန်

စစ်ကောင်စီတပ်များက အင်အားအလုံးအရင်းစုစည်း လှုပ်ရှားနေ၍ ပန်ဆိုင်းဒေသ၌ သုံးရက်ဆက်၍ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

မြန်မာ-တရုတ်နယ်စပ် ပန်ဆိုင်းဒေသ၌ တိုက်ပွဲအဆက် မပြတ်ဖြစ်ပွားလျက်ရှိကြောင်း ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA)က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်များက အင်အားအလုံးအရင်းစုစည်း လှုပ်ရှားနေ၍ ပန်ဆိုင်းဒေသ၌ သုံးရက်ဆက်၍ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ဩဂုတ် ၂၀ရက်က MNDAA တပ်မဟာ၅လက်အောက် ခံတပ်နှင့် စစ်ကောင်စီတို့ မီတန်တောင်ကြော၌ တိုက်ပွဲ ၂ကြိမ်ဖြစ်ခဲ့ကြောင်း၊ တိုက်ပွဲတွင် စစ်ကောင်စီတပ်က MNDAA တပ်ဖွဲ့တို့၏ ခံစစ်နေရာအား လက်နက်ကြီးအလုံး၃၀ခန့်ပစ်ခတ်ခဲ့ကြောင်း၊ မွန်းလွဲပိုင်း၌လည်း ပန်ဆိုင်း ရဲစခန်းတွင် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ပန်ဆိုင်းရဲစခန်း ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သားအနည်းဆုံး၂ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်ဟုဆိုသည်။

ဩဂုတ် ၂၁ရက်တွင်လည်း မီတန်တောင်ကြော၌ တိုက်ပွဲဖြစ်ပွားမှု အပါအဝင် တိုက်ပွဲ ၃ကြိမ်ဖြစ်ခဲသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် စစ်ကောင်စီ လက်အောက်ခံ တပ်မ ၉၉ လက်အောက်ရှိ တပ်ရင်းများမှ အင်အား ၁၃ခန့်သည် မီတန်တောင်တန်းမျ စီကြူရွာရှေ့တန်း၌ အခြေချလှုပ်ရှားလျက်ရှိကြောင်း၊ ထို့ပြင် အင်အား ၁၆၀ ခန့်ရှိသည့် စစ်ကောင်စီတပ်သည် နမ့်ပါတီ ၊နမ့်ဟူး၊ခါလင်ဒေသတဝိုက်တွင်အခြေစိုက်လှုပ်ရှားလျက်ရှိကြောင်း MNDAAက ထုတ်ပြန်ခဲ့သည်။

ကိုးကန့်လက်နက်ကိုင်အဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် ဇူလိုင်လမှစ၍ မုံးကိုးဒေသ၌ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ယခုလတွင် ပန်ဆိုင်းဒေသ၌ မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

ဘာသာပြန် ဆောင်းပါး

▪︎စောချစ်သူဟာ နယ်စပ်ဒေသမှာ တရုတ် ကျားဖြန့် ဒုစရိုက် ဂိုဏ်းခေါင်းဆောင်တွေကို ဧည့်ဝတ်ကျေကျေ လက်ခံထားတဲ့ ကရင်BGF ခေါင်းဆောင် သုံးဦးထဲမှာ အပါအဝင် ဖြစ်ပါတယ်။ People’s Spring တရုတ်နိုင်ငံက ဒုစရိုက်ဂိုဏ်းတွေ အရှေ့တောင်အာရှကို ခြေဆန့်လာတဲ့အခါ မြန်မာနိုင်ငံဟာ ဦးစားပေး ရွေးချယ်ခံရတဲ့ အခြေစိုက် နယ်မြေတစ်ခုလိုမျိုး...

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။