Connect with us

Hi, what are you looking for?

News

တရုတ်နယ်စပ် ပန်ဆိုင်း၌ ကိုးကန့်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ပြင်းထန်

စစ်ကောင်စီတပ်များက အင်အားအလုံးအရင်းစုစည်း လှုပ်ရှားနေ၍ ပန်ဆိုင်းဒေသ၌ သုံးရက်ဆက်၍ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

မြန်မာ-တရုတ်နယ်စပ် ပန်ဆိုင်းဒေသ၌ တိုက်ပွဲအဆက် မပြတ်ဖြစ်ပွားလျက်ရှိကြောင်း ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA)က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီတပ်များက အင်အားအလုံးအရင်းစုစည်း လှုပ်ရှားနေ၍ ပန်ဆိုင်းဒေသ၌ သုံးရက်ဆက်၍ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ဩဂုတ် ၂၀ရက်က MNDAA တပ်မဟာ၅လက်အောက် ခံတပ်နှင့် စစ်ကောင်စီတို့ မီတန်တောင်ကြော၌ တိုက်ပွဲ ၂ကြိမ်ဖြစ်ခဲ့ကြောင်း၊ တိုက်ပွဲတွင် စစ်ကောင်စီတပ်က MNDAA တပ်ဖွဲ့တို့၏ ခံစစ်နေရာအား လက်နက်ကြီးအလုံး၃၀ခန့်ပစ်ခတ်ခဲ့ကြောင်း၊ မွန်းလွဲပိုင်း၌လည်း ပန်ဆိုင်း ရဲစခန်းတွင် အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ပန်ဆိုင်းရဲစခန်း ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်သားအနည်းဆုံး၂ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်ဟုဆိုသည်။

ဩဂုတ် ၂၁ရက်တွင်လည်း မီတန်တောင်ကြော၌ တိုက်ပွဲဖြစ်ပွားမှု အပါအဝင် တိုက်ပွဲ ၃ကြိမ်ဖြစ်ခဲသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် စစ်ကောင်စီ လက်အောက်ခံ တပ်မ ၉၉ လက်အောက်ရှိ တပ်ရင်းများမှ အင်အား ၁၃ခန့်သည် မီတန်တောင်တန်းမျ စီကြူရွာရှေ့တန်း၌ အခြေချလှုပ်ရှားလျက်ရှိကြောင်း၊ ထို့ပြင် အင်အား ၁၆၀ ခန့်ရှိသည့် စစ်ကောင်စီတပ်သည် နမ့်ပါတီ ၊နမ့်ဟူး၊ခါလင်ဒေသတဝိုက်တွင်အခြေစိုက်လှုပ်ရှားလျက်ရှိကြောင်း MNDAAက ထုတ်ပြန်ခဲ့သည်။

ကိုးကန့်လက်နက်ကိုင်အဖွဲ့နှင့် စစ်ကောင်စီတပ်တို့သည် ဇူလိုင်လမှစ၍ မုံးကိုးဒေသ၌ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ယခုလတွင် ပန်ဆိုင်းဒေသ၌ မကြာခဏ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။