Connect with us

Hi, what are you looking for?

News

စစ်ကောင်စီကိုစွန့်ခွာမယ့် ပြည်သူ့တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်တွေအတွက် NUG ရဲ့ မူဝါဒငါးချက်

ပြည်သူ့ရင်ခွင်ခိုလှုံမယ့် တပ်ရင်းတပ်ဖွဲ့တွေ၊ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့တွေဟာ အသစ်ပြန်လည်ဖွဲ့စည်းမယ့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတာ်နဲ့ ရဲတပ်ဖွဲ့ တွေမှာ အရေးကြီးသောကဏ္ဍ ကနေ ဆက်လက်ပါဝင်ပူးပေါင်းနိုင်ဖို့ အစီအစဉ်တွေချမှတ်မယ်လို့ NUG ရဲ့မူဝါဒ ငါးချက်မှာတွေ့ရပါတယ်။

စစ်ကောင်စီ ကို စွန့်ခွာပြီး ပြည်သူ့နဲ့ပူးပေါင်းမယ့် တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင် တွေအတွက် အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) က မူဝါဒ ငါးချက် ချ မှတ်လိုက်တယ်လို့ ဒီနေ့မှာသတင်းထုတ်ပြန်ထားပါတယ်။

အဲဒီမူဝါဒတွေမှာ ပြည်သူ့ရင်ခွင်ကို ခိုလှုံလာတဲ့သူတွေရဲ့ လုပ်သက် ၊ရာထူးနဲ့ပင်စင်တို့ကို NUG အစိုးရကဆက်လက်တာဝန်ယူမယ် ၊လတ်တလောလိုအပ်နေတဲ့ အသက်လုံခြုံမှု ၊မိသားစုဘဝလုံခြုံမှုနဲ့ ဘဝရပ်တည်မှုတွေကို အာမခံနိုင်တဲ့ ကူညီစောင့်ရှောက်မယ့်အစီအမံတွေ ချမှတ်မယ် ၊တရားမဝင်အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီနဲ့ လမ်းခွဲပြီး ပြည်သူ့ရင်ခွင် ခိုလှုံဖို့ ဝန်ခံကတိပြုလာတဲ့ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြည်သူ့သားကောင်းအဖြစ် အသိအမှတ်ပြုမယ်လို့ တွေ့ရပါတယ်။

ဒါအပြင် ပြည်သူ့ရင်ခွင်ခိုလှုံမယ့် တပ်ရင်းတပ်ဖွဲ့ တွေ၊တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်တာ ၊ဒဏ်ခတ်အရေးယူတာ တွေမလုပ်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကိုလည်းကောင်း ၊ မဟာမိတ်တွေကိုလည်းကောင်း၊ ပြည်သူတွေကိုလည်းကောင်း အသိပေးညှိနှိုင်းအကြောင်းကြားပေးမယ်လို့ လည်းပါရှိပါတယ်။

အဲဒီလို ပြည်သူ့ရင်ခွင်ခိုလှုံမယ့် တပ်ရင်းတပ်ဖွဲ့တွေ၊ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့တွေဟာ အသစ်ပြန်လည်ဖွဲ့စည်းမယ့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတာ်နဲ့ ရဲတပ်ဖွဲ့ တွေမှာ အရေးကြီးသောကဏ္ဍ ကနေ ဆက်လက်ပါဝင်ပူးပေါင်းနိုင်ဖို့ အစီအစဉ်တွေချမှတ်မယ်လို့ NUG ရဲ့မူဝါဒ ငါးချက်မှာတွေ့ရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook