Connect with us

Hi, what are you looking for?

LuduNwayOo

News

CDMနှင့် GZတို့အား ကူညီကာကွယ်ပေးထားသည့် KNUတပ်မဟာ(၆)နယ်မြေသို့ စစ်ကောင်စီတပ်စစ်ရေး စတင်လှုပ်ရှား

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားမှုမရှိသလောက်နည်းပါးသည့် KNU တပ်မဟာ (၆)နယ်မြေ ကော့ကရိတ်ဒေသ၌ စစ်ကောင်စီတပ်က ယနေ့တွင် လက်နက်ကြီးဖြင့်အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) နယ်မြေ သို့ အာဏာသိမ်းစစ်ကောင်စီတပ် ဝင်ရောက်လှုပ်ရှားခြင်းကြောင့် နေရာအချို့တွင်တိုက်ပွဲနှင့် ပစ်ခတ်မှုများ စတင်ဖြစ်ပွားနေသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားမှုမရှိသလောက်နည်းပါးသည့် KNU တပ်မဟာ (၆)နယ်မြေ ကော့ကရိတ်ဒေသ၌ စစ်ကောင်စီတပ်က ယနေ့တွင် လက်နက်ကြီးဖြင့်အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ကေအဲန်ယူ ကော့ကရိတ်မြို့နယ်ကို အကြမ်းဖက်စစ်အုပ်စုက နှစ်ဘက်ပိတ်ပြီး စစ်ကြောင်းထိုးနေပါပြီ။ အာရှလမ်းမကြီးဘေးနားက ကမိုင်ကုန်းရွာဘက်နဲ့ ကျိုက်ဒုံဘက်အခြမ်းက ကြိတ်/ကွင်းကလေးဘက်။ ကော့ကရိတ်-ကျိုက်ဒုံလမ်းမကြီးရဲ့ နှစ်ဘက်အဝင်လို့ ပြောလို့ရတဲ့ နေရာတွေဖြစ်ပါတယ်။ နေ့လည်ကဖြစ်တဲ့ ကမိုင်ကုန်းနားက တိုက်ပွဲမှာ အကြမ်းဖက်အဖွဲ့ကလက်နက်ကြီးနဲ့ ၅၀ကျော် ပစ်ခဲ့ပါတယ်။ တပြိုင်တည်း ကြိတ်/ကွင်းကလေးဘက်မှာလည်း တိုက်ပွဲ ဖြစ်ပါတယ်”ဟု ၎င်း ကဆိုသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုနှင့် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကို KNU တပ်မဟာ(၆) တာဝန်ရှိသူတစ်ဦးကအတည်ပြုသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားနှင့် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုတို့ကြောင့် ထိခိုက်ဒဏ်ရာရမှု ရှိမရှိကို သတင်းမရသေးကြောင်း တပ်မဟာ(၆)တာဝန်ရှိသူက ပြော သည်။

တိုက်ပွဲဖြစ်ပွားရခြင်းအကြောင်းအရင်းမှာ တပ်မဟာ (၆)နယ်မြေတွင် CDM ဝန်ထမ်းများနှင့် GZ လူငယ်များ ရှိနေသည့်အပေါ် စစ်ကောင်စီက ယခုကဲ့သို့ တိုက်ခိုက်ခြင်းဖြစ်နိုင်သည်ဟု တပ်မဟာ(၆) တာဝန်ရှိသူက သုံး သပ်သည်။

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်သည့် ဝန်ထမ်းများနှင့် လူငယ်မျိုးဆက်များသည် အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်ဖိနှိပ်မှုများကြောင့် လုံခြုံရာဒေသသို့ သွားရောက်ခိုလှုံလျက်ရှိရာ တပ်မဟာ(၆)အပါအဝင် KNU တပ်မဟာများက အကူအညီအ ကာအကွယ်ပေးထားကြသည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။