Connect with us

Hi, what are you looking for?

News

CDMနှင့် GZတို့အား ကူညီကာကွယ်ပေးထားသည့် KNUတပ်မဟာ(၆)နယ်မြေသို့ စစ်ကောင်စီတပ်စစ်ရေး စတင်လှုပ်ရှား

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားမှုမရှိသလောက်နည်းပါးသည့် KNU တပ်မဟာ (၆)နယ်မြေ ကော့ကရိတ်ဒေသ၌ စစ်ကောင်စီတပ်က ယနေ့တွင် လက်နက်ကြီးဖြင့်အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) နယ်မြေ သို့ အာဏာသိမ်းစစ်ကောင်စီတပ် ဝင်ရောက်လှုပ်ရှားခြင်းကြောင့် နေရာအချို့တွင်တိုက်ပွဲနှင့် ပစ်ခတ်မှုများ စတင်ဖြစ်ပွားနေသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားမှုမရှိသလောက်နည်းပါးသည့် KNU တပ်မဟာ (၆)နယ်မြေ ကော့ကရိတ်ဒေသ၌ စစ်ကောင်စီတပ်က ယနေ့တွင် လက်နက်ကြီးဖြင့်အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“ကေအဲန်ယူ ကော့ကရိတ်မြို့နယ်ကို အကြမ်းဖက်စစ်အုပ်စုက နှစ်ဘက်ပိတ်ပြီး စစ်ကြောင်းထိုးနေပါပြီ။ အာရှလမ်းမကြီးဘေးနားက ကမိုင်ကုန်းရွာဘက်နဲ့ ကျိုက်ဒုံဘက်အခြမ်းက ကြိတ်/ကွင်းကလေးဘက်။ ကော့ကရိတ်-ကျိုက်ဒုံလမ်းမကြီးရဲ့ နှစ်ဘက်အဝင်လို့ ပြောလို့ရတဲ့ နေရာတွေဖြစ်ပါတယ်။ နေ့လည်ကဖြစ်တဲ့ ကမိုင်ကုန်းနားက တိုက်ပွဲမှာ အကြမ်းဖက်အဖွဲ့ကလက်နက်ကြီးနဲ့ ၅၀ကျော် ပစ်ခဲ့ပါတယ်။ တပြိုင်တည်း ကြိတ်/ကွင်းကလေးဘက်မှာလည်း တိုက်ပွဲ ဖြစ်ပါတယ်”ဟု ၎င်း ကဆိုသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုနှင့် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကို KNU တပ်မဟာ(၆) တာဝန်ရှိသူတစ်ဦးကအတည်ပြုသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲဖြစ်ပွားနှင့် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုတို့ကြောင့် ထိခိုက်ဒဏ်ရာရမှု ရှိမရှိကို သတင်းမရသေးကြောင်း တပ်မဟာ(၆)တာဝန်ရှိသူက ပြော သည်။

တိုက်ပွဲဖြစ်ပွားရခြင်းအကြောင်းအရင်းမှာ တပ်မဟာ (၆)နယ်မြေတွင် CDM ဝန်ထမ်းများနှင့် GZ လူငယ်များ ရှိနေသည့်အပေါ် စစ်ကောင်စီက ယခုကဲ့သို့ တိုက်ခိုက်ခြင်းဖြစ်နိုင်သည်ဟု တပ်မဟာ(၆) တာဝန်ရှိသူက သုံး သပ်သည်။

စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM)တွင် ပါဝင်သည့် ဝန်ထမ်းများနှင့် လူငယ်မျိုးဆက်များသည် အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်ဖိနှိပ်မှုများကြောင့် လုံခြုံရာဒေသသို့ သွားရောက်ခိုလှုံလျက်ရှိရာ တပ်မဟာ(၆)အပါအဝင် KNU တပ်မဟာများက အကူအညီအ ကာအကွယ်ပေးထားကြသည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook