Connect with us

Hi, what are you looking for?

News

KNU တပ်မဟာ(၆)နယ်မြေကို လမ်းကြောင်းသုံးခုဖြင့် ထိုးစစ်ဆင်ရန် စစ်ကောင်စီနှင့် BGFတပ်များ ပြင်ဆင်နေ

ပစ်ကြတယ်ဆိုရင် ရွာထဲပဲကျမှာ အဲဒီတော့ ရွာသားပဲခံရမှာ။ အဲဒီတော့ရွားသားကို ခုတုံးလုပ်တာပေါ့။ မနက်က ဆိုလို့ရှိရင်လည်း ဘုန်းကြီးကျောင်းထဲမှာ တပ်စခန်းတွေချထားတယ် အမြှောက်ကြီးတွေနဲ့ လက်နက်ကြီးတွေနဲ့ အဲဒီကနေ ပစ်ဖို့လုပ်နေတယ်” ဟု ဒေသခံက ပြောသည်။

(BGFတပ်ဖွဲ့ဝင်များကို ​တွေ့ရစဥ်၊ ဓါတ်ပုံ - CJ)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆) နယ်မြေ ကော့ကရိတ်မြို့နယ်ကို အာဏာသိမ်းစစ်ကောင်စီနှင့် ၎င်း၏ လက်အောက်ခံနယ်ခြားစောင့်တပ်ဖွဲ့(BGF)တို့က လမ်းကြောင်း ၃ခုဖြင့် ထိုးစစ်ဆင်ရန် ပြင်ဆင်နေကြောင်း တပ်မဟာ(၆)၏ ဒူးပလာယာခရိုင်က ထုတ်ပြန်သည်။

စစ်ကောင်စီအနေဖြင့် KNU တပ်မဟာ(၆)နယ်မြေသို့ ထိုးစစ်ဆင်ရန် ပြင်ဆင်နေရာ ယမန်နေ့(ဩဂုတ်၂၃ရက်) က တိုက်ပွဲနှင့် ပစ်ခတ်မှု ၂ကြိမ်ဖြစ်ခဲ့သည်။ ယမန်နေ့က လက်နက်ကြီးများ ပစ်ခတ်မှု ပြုလုပ်ခဲ့သည့် စစ်ကောင်စီတပ် တည်ရှိရာ ကော့ကရိတ်မြို့နယ် ကမိုင်ကုန်းရွာ ဘုန်းကြီးကျောင်းသို့ BGF အင်အား ၃၀ ခန့် အင်အားဖြည့်တင်းထားသည်ဟုဆိုသည်။

(BGFတပ်ဖွဲ့ဝင်များကို ​တွေ့ရစဥ်၊ ဓါတ်ပုံ – CJ)

BGF (၁၀၁၇) ဗိုလ်ဒီးဒီ ဦးဆောင်သည့် အဖွဲ့က ကော့ကရိတ်-ကမိုင်ကုန်းဘက်မှလည်းကောင်း၊BGF(၁၀၂၁) ဗိုလ်ဘီလူး ဦးဆောင်သည့် အဖွဲ့က ကျုံဒိုး-ထီးဟူသံဘက်မှလည်းကောင်း BGF(၁၀၂၃) ဗိုလ်ဒေါဒေါ ဦးဆောင်သည့် အဖွဲ့က ကျိုက်ဒုံ-ကွင်းကလေးဘက်မှ လည်းကောင်း စစ်ကောင်စီတပ်နှင့်အတူပေါင်းပြီး ကော့ကရိတ်မြို့နယ်အတွင်း ကို ထိုးစစ်ဆင်ရန် ဝင်လာကြောင်း ဒူးပလာယာရိုင်၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ကြားဖြတ်သတင်းများအရ အကြမ်းဘက်စစ်အုပ်စုနှင့် BGF ပူးပေါင်း တပ်ဖွဲ့ဝင်များသည် KNU ထိန်းချုပ်နယ်မြေအတွင်းရှိ CDM များ၊Gzများကို ဝင်ရောက်ရှင်းလင်းမည်ဟု သိရကြောင်း၊ ထိန်းချုပ်နယ်မြေအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) စစ်စခန်း များသာရှိသည့်အတွက် စစ်အုပ်စုဘက်မှ ထိုးစစ်ဆင်လာပါက ခိုလှုံသူများနှင့် ဒေသခံများ စစ်ဘေးရှောင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

“လက်ရှိအခြေအနေက ကျွန်တော်တို့ဆီမှာ မိုးတွေလည်းရွာနေတယ်။ သူတို့က ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတာဖြစ်တဲ့အတွက်အဲဒီနားမှာရှိတဲ့ ရွာသားတွေကလည်း မနေရဲတော့ သူများအိမ်တွေ သွားပြီးနေကြရတယ်။ ကျွန်တော်တို့ဘက်မှာက တိုက်ပွဲမဖြစ်ခင်အချိန်က ကိုဗစ်ကြောင့် အသွားအလာ တွေ ကန့်သတ်ထားပြီးနေကြတာ။ သူသူကိုယ်ကိုယ် ကိုဗစ် ကူးစက်မှာ စိုးရိမ်ရတဲ့ကြားထဲ အခု စစ်ဘေးရှောင်ရမယ်ဆိုတော့ စိုးရိမ်စိတ်တွေ ကြောက်လန့်စိတ်တွေရှိကြတာပေါ့” ဟု ဒေသခံက ပြောသည်။

အဆိုပါဒေသ၌ တိုက်ပွဲ လာရောက်ဖော်ဆောင်ပါက ထိခိုက်ခံစားရမည်မှာ ပြည်သူများသာ ဖြစ်ကြောင်း ၎င်း ကဆိုသည်။

“ကျွန်တော်တို့ဆီက ရွာတွေက ရွာတန်းရှည်လို အဆက်တွေဖြစ်နေတာ။ လက်နက်ကြီးတွေနဲ့ ပစ်ကြတယ်ဆိုရင် ရွာထဲပဲကျမှာ အဲဒီတော့ ရွာသားပဲခံရမှာ။ အဲဒီတော့ရွားသားကို ခုတုံးလုပ်တာပေါ့။ မနက်က ဆိုလို့ရှိရင်လည်း ဘုန်းကြီးကျောင်းထဲမှာ တပ်စခန်းတွေချထားတယ် အမြှောက်ကြီးတွေနဲ့ လက်နက်ကြီးတွေနဲ့ အဲဒီကနေ ပစ်ဖို့လုပ်နေတယ်” ဟု ဒေသခံက ပြောသည်။

KNU တပ်မဟာ ၇ခုရှိရာ တပ်မဟာ(၁)၊ (၂)၊ (၃)(၅) နယ်မြေများတွင် ယခင်ကတည်းက တိုက်ပွဲများဖြစ်ပွားနေပြီး လက်ရှိတွင် တပ်မဟာ(၆)နှင့် တပ်မဟာ(၄)ဒေသများသို့ စစ်ကောင်စီတပ်က စစ်ရေးလှုပ်ရှားမှု စတင်လုပ်ဆောင်လာနေသည်။

ဆက်စပ်သတင်းများ

သတင်း

ကော်သူးလေအဆင့်မြင့်ပညာရေးကောင်စီကို အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများ၊ အဆင့်မြင့်ပညာရေးဗျူရို ခေါင်းဆောင်များနဲ့ လွတ်လပ်သော ပညာရှင်များ ကိုယ်စားပြုတဲ့ အဖွဲ့ဝင် ၂၁ဦးနဲ့ ဖွဲ့စည်းလိုက်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)က စက်တင်ဘာ ၂၁ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

Facebook